ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်မိုးသည် မသန်စွမ်းသူများ၏ အခွင့်အရေးများကို ပေါင်းစပ်ဖွဲ့စည်းဆောင်ရွက်သော အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း အမြန်ဆုံးပြဋ္ဌာန်းနိုင်ရေး ပူးပေါင်းကော်မတီ၊ အဖွဲ့ဝင်များကို (၉.၂.၂၀၂၂) ရက်နေ့ (၁၄:၀၀) နာရီအချိန် တွင် Virtual Meeting (Zoom) ဖြင့်တွေ့ဆုံဆွေးနွေးခဲ့ရာ မသန်စွမ်းသူများ၏ အခွင့်အရေးများကို ပေါင်းစပ်ဖွဲ့စည်းဆောင်ရွက်သော အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း အမြန်ဆုံးပြဋ္ဌာန်းနိုင်ရေး ပူးပေါင်းကော်မတီဝင် မသန်စွမ်းအဖွဲ့အစည်းများ မှ ကိုယ်စားလှယ်များ နှင့် ဘာသာရပ်ဆိုင်ရာတာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။

ညွှန်ကြားရေးမှူးချုပ်က အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံမှ သဘောတူ လက်မှတ်ရေးထိုးထားသည့် ASEAN Enabling Masterplan: 2025 အရ မြန်မာနိုင်ငံအတွက် မသန်စွမ်းသူများ၏ အခွင့်အရေးများကို လမ်းညွှန်ဖော်ဆောင်မည့် မဟာဗျူတစ်ရပ် ပေါ်ထွက် နိုင်ရေးအတွက် မသန်စွမ်းအဖွဲ့အစည်းများ၊ မသန်စွမ်းအရေးကို ဆောင်ရွက်နေကြသူများ၏ ပူးပေါင်းပါဝင်မှုဖြင့် ၂၀၁၉ ခုနှစ် မှစတင်ဆောင်ရွက်ခဲ့ရာ မသန်စွမ်းသူများ၏ အခွင့်အရေးများ ဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ (၅) နှစ်စီမံကိန်း ကို တတိယ(မူကြမ်း) အထိ ထွက်ရှိခဲ့ပြီးဖြစ်ပါကြောင်း၊ မဟာဗျူဟာစီမံကိန်းတွင် ထည့်သွင်းနိုင်ရန်အတွက် ကျန်းမာရေး၊ ပညာရေး၊ လုပ်ငန်းနှင့်အလုပ်အကိုင်၊ လူမှုကာကွယ်စောင့်ရှောက်ရေး၊ သဘာဝဘေးနှင့် အခြားအရေးပေါ်အခြေအနေ၊ အလွယ်တကူလက်လှမ်းမီ ရယူအသုံးပြုနိုင်ရေး စသည့် ဦးစားပေး ဧရိယာ (၆)ခုသတ်မှတ်ခဲ့ပါကြောင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ မဟာဗျူဟာ (၅) နှစ်စီမံကိန်းအောင်မြင်စွာရေးဆွဲနိုင်ရေးအတွက် နည်းပညာပံ့ပိုးသူများအဖွဲ့ Technical Core Group ကိုလည်း ပြန်လည်ပြင်ဆင်ဖွဲ့စည်းထားပြီးဖြစ်ပါကြောင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေး များဆိုင်ရာ မဟာဗျူဟာ (၅) နှစ်စီမံကိန်း(၂၀၂၂-၂၀၂၇) အတည်ပြုထွက်ရှိနိုင်ရေး ဆောင်ရွက်ရာ တွင် မသန်စွမ်းသူများ၏ အခွင့်အရေးများကို ပေါင်းစပ်ဖွဲ့စည်း ဆောင်ရွက်သော အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း အမြန်ဆုံးပြဋ္ဌာန်းနိုင်ရေး ပူးပေါင်းကော်မတီ မှ ပူးပေါင်းဆောင်ရွက်မှုကို ကြိုဆိုပါကြောင်း၊ အမျိုးသားအဆင့်မဟာဗျူဟာတစ်ခုတွင် ပါသင့်ပါထိုက်သည့် အချက်များ ပါဝင်စေရေးနှင့် စီမံကိန်းကာလ (၅)နှစ်အတွင်း အမှတ်တကယ်အကောင်အထည်ဖော်ဆောင်ရွက် နိုင်သည်များ ပါဝင်စေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် မသန်စွမ်းသူများ၏အခွင့်အရေးများကို ပေါင်းစပ်ဖွဲ့စည်းဆောင်ရွက် သော အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း အမြန်ဆုံးပြဋ္ဌာန်းနိုင်ရေး ပူးပေါင်းကော်မတီဝင် မသန်စွမ်းအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် မသန်စွမ်းသူများ အရေး ဆောင်ရွက်နေသူများ က မသန်စွမ်းသူများ၏ အခွင့်အရေးများကို ပေါင်းစပ်ဖွဲ့စည်းဆောင်ရွက်သော အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း တွင်ပါဝင်သင့်သည့်အချက်များကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြပါသည်။

ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ဥပဒေ (၂၀၁၅)၊ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာနည်းဥပဒေ (၂၀၁၇) တို့ကို ပြဋ္ဌာန်းထားပြီးဖြစ်သဖြင့် ဥပဒေ၊ နည်းဥပဒေ များကိုလက်တွေ့ အကောင်အထည်ဖော်နိုင်ရေးအတွက် မသန်စွမ်းသူများ၏ အခွင့်အရေးများ ဆိုင်ရာ မဟာဗျူဟာ (၅) နှစ်စီမံကိန်း (၂၀၂၂-၂၀၂၇) အတည်ပြုနိုင်ရေး သည် ပထမခြေလှမ်း ဖြစ်ပါကြောင်း၊ မဟာဗျူဟာစီမံကိန်း (Strategic Plan) အတည်ပြုပြီးနောက် သက်ဆိုင်ရာ ဆပ်ကော်မတီများအလိုက် လုပ်ငန်းစီမံချက် (Action Plan)များ ဆက်လက်ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ မိမိတို့ ယခုဆောင်ရွက်နေခြင်းသည် ဥပဒေ၊ နည်းဥပဒေအရ မသန်စွမ်းသူများအတွက် အားလုံးအကျုံးဝင်စေရေး (Mainstreaming and Inclusion) ဖြစ်သည့်အတွက် ရလဒ်ကောင်းများထွက်ပေါ်လာအောင် ဆက်လက် လျှောက်လှမ်းသွားမည်ဖြစ်ပါကြောင်း၊ မသန်စွမ်းသူများ၏ အရေးကို ဆောင်ရွက်ရာတွင် ရပ်တန့်နေပါက မသန်စွမ်းများအတွက် ထိခိုက်နစ်နာစေမည်ဖြစ်သဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက် ပေးကြပါရန် လက်ကမ်းကြိုဆိုပါကြောင်း ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းစီမံချက်နှင့် ကျား/မ အခြေပြု အကြမ်းဖက်မှုဆိုင်ရာ အကြောင်းအရာများနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်
(၁၂)ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် (၈)ကြိမ်မြောက် အာဆီယံ+၃လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးများကျင်းပခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့်နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦး၊နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိရေဘေးရှောင်ပြည်သူများအားတွေ့ဆုံအားပေးထောက်ပံ့မှု
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ပြည်ထောင်စုနယ်မြေ၊တပ်ကုန်းမြို့အတွင်းရှိ ရေကြီးရေလျှံဖြစ်ပွားသော နေရာများသို့ ကွင်းဆင်းထောက်ပံ့
(၃)ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာထူးချွန်ဆု (3rd ASEAN Outstanding Social Welfare and Development Award-AOSWADA) ဆုပေးပွဲအခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက်ခြင်း
(၁၂) ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ(12th ASEAN Ministerial Meeting on Social Welfare and Development(AMMSWD)and Related Meetings)ကျင်းပခြင်း

MOS

DSW

DDM

DOR