လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းအား ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး(UNHCR) ၏မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ် Ms. Noriko Takagiဦးဆောင်သောအဖွဲ့သည်ယနေ့နံနက်ပိုင်းတွင်အဆိုပါဝန်ကြီးဌာန၊ဧည့်ခန်းမ၌လာရောက်တွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံစဉ်ဝန်ကြီးဌာနနှင့်  UNHCR တို့အကြားနားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးနိုင်ရေးဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များ၊ နိုင်ငံခြားသားဝန်ထမ်းများ၏ပြည်တွင်းခရီးသွားလာခွင့်နှင့် ပြည်ဝင်ဗီဇာကိစ္စရပ်များဆောင်ရွက်ပေးရေး၊ ကုလသမဂ္ဂအဖွဲ့အစည်းများမှ လူသားချင်းစာနာမှုအကူအညီလိုအပ်သူနှင့် နေရပ်စွန့်ခွာသူဆိုင်ရာကိန်းဂဏန်းထုတ်ပြန်ရာတွင် မြေပြင်အခြေအနေနှင့်ကိုက်ညီစေရေးအတွက် ဝန်ကြီးဌာနနှင့် ဆက်သွယ်ညှိနှိုင်းဆောင်ရွက်ရေး၊ သတင်းအချက်အလက်မျှဝေရေး၊ ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းများနှင့်ပတ်သက်၍ ရင်းနှီးပွင်းလင်းစွာအမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။ တွေ့ဆုံပွဲသို့ဒုတိယဝန်ကြီးဦးစိုးကြည်၊အမြဲတမ်းအတွင်းဝန်၊ဦးစီးဌာနများမှညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိသူများပါဝင်တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း အာဆီယံမိသားစု ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်ဆိုင်ရာညီလာခံနှင့် အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် Keynote Address ပြောကြားခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနငှက်အော်စမ်းလူငယ်သင်တန်းကျောင်းသို့သွားရောက်ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့် သင်တန်း ကျောင်းများနှင့် ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းသို့ သွားရောက် ကြည့်ရှုစစ်ဆေး

MOS

DSW

DDM

DOR