၁၃.၁၂.၂၀၂၁ မော်လမြိုင်မြို့

     မွန်ပြည်နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းခန်းမ၌ (၁၃-၁၂-၂၀၂၁) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

    အဆိုပါ အစည်းအဝေးတွင် မွန်ပြည်နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ၊ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်၊ လူမှုရေးဝန်ကြီးက အဖွင့်အမှာစကားပြောကြားပြီး အတွင်းရေးမှူး၊ မွန်ပြည်နယ်လူမှုဝန်ထမ်းရုံး၊ ညွှန်ကြားရေးမှူးက မွန်ပြည်နယ်အတွင်း ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်း တင်ပြခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသော ကော်မတီဝင်များမှ အထွေထွေဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပြီးနောက် ကော်မတီဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ညနေ (၁၆း၃၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

        အစည်းအဝေးသို့ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်၊ လူမှုရေးဝန်ကြီးနှင့် မွန်ပြည်နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များ၊ ခရိုင်/ မြို့နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များ၊ NGOs, INGOsများနှင့် အရပ်ဖက် လူမှုအဖွဲ့အစည်းများမှ ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း (၅၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

နောက်ဆုံးရသတင်းများ

မြောင်းမြမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ အမှတ် (၄) ရပ်ကွက်၊ အမှတ် (၅) ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်၊ အမှတ်(၇)ရပ်ကွက်၊ အမှတ်(၈)ရပ်ကွက်နှင့် အမှတ်(၁၀)ရပ်ကွက်များတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးသက်လှိုင်ထွန်းဦးဆောင်သော မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံးနှင့် ကလေးပြုစုရေးဌာနမှ အရာထမ်း၊ အမှုထမ်းများမှ နိုင်ငံတော်အလံ အလေးပြုခြင်း အခမ်းအနား

MOS

DSW

DDM

DOR