ရှေးဦးအရွယ်ကလေးသူငယ် ဖွံ့ဖြိုးမှုအခြေအနေတိုင်းတာစစ်ဆေးခြင်းနှင့် ပြန်လည် ထူထောင်ရေးဆိုင်ရာ (Early Childhood Intervention – ECI) လုပ်ငန်းညှိနှိုင်း အစည်းအဝေး နှင့် ECI ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားကို ဒီကနေ့ နံနက်ပိုင်းက နေပြည်တော်၊ မင်္ဂလာ သီရိဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးစိုးကြည်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိပုဂ္ဂိုလ်များ၊ ECI စီမံချက်အလိုက် တိုင်းဒေသကြီး/ ပြည်နယ် များမှ အရာထမ်းများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြပါသည်။

         ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာ့ရှေးဦးအရွယ်ကလေး သူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မူဝါဒ(၂၀၁၄)ပါ မဟာဗျူဟာ(၃)အရ ဆောင်ရွက်ခဲ့သည့် ရှေးဦးအရွယ် ကလေးသူငယ်ဖွံ့ဖြိုးမှုအခြေအနေ တိုင်းတာစစ်ဆေးခြင်းနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ ECI ရှေ့ပြေးစီမံချက်နယ်မြေ(၄)ခုတွင် ၂၀၁၈ခုနှစ်မှ ၂၀၂၀ခုနှစ် အထိ လုပ်ငန်းစဉ်များအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးပြီး ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးရန် ဖြစ်ပါကြောင်း၊ ECI ဆိုင်ရာ အသိပညာပေးခြင်းများကို ၂၀၂၁-၂၀၂၂ ခု၊ ဘဏ္ဍာရေးနှစ်အတွင်း ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးမှုဆိုင်ရာ ပင်မအထောက်အကူပြုဗဟို ဌာနနှင့် ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ်အတွင်း နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်များတွင် ECI ဆိုင်ရာမိဘအသိပညာပေးသင်တန်းများအား Online သင်တန်းနှင့် In- person သင်တန်းတို့ ဖွင့်လှစ်နိုင်ခဲ့သည့်အပြင် နေပြည်တော်ကောင်စီ၊ ပုဗ္ဗသီရိမြို့နယ်၊ သဇင်လှ ကျေးရွာနှင့် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ပဒံရပ်ကွက်တို့တွင် အသက်(၆)လမှ (၅)နှစ်အရွယ် ကလေး(၂၆၆)ဦးတို့အား ဖွံ့ဖြိုးမှုအခြေအနေ တိုင်းတာစစ်ဆေးနိုင်ခဲ့ပြီး လက်ရှိ အချိန်အထိ ECI ဆန်းစစ်ပြီးသော ကလေးဦးရေမှာ (၇၇၀၂)ဦးအထိ ရှိပါကြောင်း၊ ECI ဆောင်ရွက် မှုများသည် ကုလသမဂ္ဂညီလာခံသဘောတူစာချုပ်ပါ ကလေးသူငယ်အခွင့်အရေး (၄)ရပ်အနက်မှ “ဖွံ့ဖြိုးတိုးတက်ခွင့် (Rights to Development)” ကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဟု ဆိုနိုင်ပါကြောင်း၊ ECI လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ မိမိတို့တတ်နိုင်သမျှ အကောင်အထည်ဖော် နိုင်မည့် နည်းလမ်းများကို ဝိုင်းဝန်းစဉ်းစားအကြံပြုပြီး ရှေ့လုပ်ငန်းစဉ်များကို ဆက်လက် ဆောင်ရွက်ရန်နှင့် ECI သင်တန်းများရရှိခဲ့ပြီး နည်းပြအဖြစ် ဆောင်ရွက်နိုင်ခြေရှိသူများဖြင့် နောင်လာမည့် ECCD သင်တန်းများတွင် ဘာသာရပ်တစ်ခုအနေဖြင့် ထည့်သွင်းဆောင်ရွက် သွားရန်ဖြစ်ပါကြောင်း၊ ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်များအပေါ် ပြန်လည်သုံးသပ်ပြီး သင်ခန်းစာများ ရေးဆွဲခြင်း၊ ToT သင်တန်းများပေးခြင်းတို့ကို ဆက်လက်ဆောင်ရွက်ပြီး မိမိတို့ မူလတန်းကြိုကျောင်းများ၊ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများ၊ မိခင်ဝိုင်းများနှင့် ပရဟိတဂေဟာများတွင် အသိပညာပေးခြင်းနှင့် ECI ဆန်းစစ်ခြင်းတို့ကို စီမံချက်ရေးဆွဲ၍ ဆက်လက်ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ဒီကနေ့လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲနှင့် သင်တန်းတို့မှာ ဘာသာရပ်များ စနစ်တကျ ရေးဆွဲပြီး ရှေ့လုပ်ငန်းစဉ်များကို ရလဒ်ကောင်းများရရှိအောင် အတတ်နိုင်ဆုံး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားစေလိုကြောင်း ပြောကြားခဲ့ပါသည်။

         ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ရှေးဦးအရွယ် ကလေးသူငယ် ဖွံ့ဖြိုးမှုအခြေအနေ တိုင်းတာစစ်ဆေးခြင်းနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ(ECI) လုပ်ငန်းစဉ် များနှင့်စပ်လျဉ်း၍ လက်ရှိအခြေအနေနှင့် ဆောင်ရွက်နိုင်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်း တင်ပြခဲ့ပြီး ရှေးဦးအရွယ်ကလေးသူငယ် ဖွံ့ဖြိုးမှုအခြေအနေ တိုင်းတာစစ်ဆေးခြင်းနှင့် ပြန်လည် ထူထောင်ရေးဆိုင်ရာ (ECI) လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ECI လုပ်ငန်းအတွက် ရှေ့လုပ်ငန်း စဉ်များချမှတ်ခြင်းတို့ကို (၂၂.၂.၂၀၂၃)ရက်နေ့မှ (၂၃.၂.၂၀၂၃)ရက်နေ့အထိ နေပြည်တော်၊ မင်္ဂလာသီရိဟိုတယ်တွင် ကျင်းပမှာဖြစ်ပြီး နေပြည်တော်ကောင်စီ၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များမှ ဘာသာရပ်ဆိုင်ရာ ဝန်ထမ်း(၂၅)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။



နောက်ဆုံးရသတင်းများ

အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းကော်မတီသို့ တင်သွင်းမည့် CEDAW အစီရင်ခံစာရေးသား ပြုစုနိုင်ရေးညှိနှိုင်းအစည်းအဝေးကျင်းပ
ရပ်ဝန်းနှင့် ပိုးလမ်းမနိုင်ငံများ၏ ဘေးအန္တရာယ်ကြောင့်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနှင့်အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဆိုင်ရာကောင်စီအစည်းအဝေးနှင့် ဝန်ကြီးများအဆင့်ညီလာခံ ၂၀၂၅ သို့လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဆက်လက်တက်ရောက်ဆွေးနွေးလျက်ရှိ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန်းစိုး ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး(UNHCR)၏မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Ms. Noriko Takagiအားလက်ခံတွေ့ဆုံ
ရပ်ဝန်းနှင့် ပိုးလမ်းမနိုင်ငံများ၏ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံး နိုင်ခြေလျှော့ချရေးနှင့် အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဆိုင်ရာ ကောင်စီအစည်းအဝေးနှင့် ဝန်ကြီးများအဆင့်ညီလာခံ ၂၀၂၅ သို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းတက်ရောက်ဆွေးနွေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန်းစိုး ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး(UNOCHA)၏အကြီးအကဲMr. Justin Brady အားလက်ခံတွေ့ဆုံ

MOS

DSW

DDM

DOR