လူမှုဝန်ထမ်းဦးစီးဌာနကဦးစီး၍ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း- NSPAW Phase II (၂၀၂၃-၂၀၃၂)ကို ရေးဆွဲအကောင်အထည်ဖော်ရာတွင် အထောက်အကူပြုနိုင်ရေးအတွက် Gender Focal Personများနှင့် ညှိနှိုင်းအစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ(၁၆)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီတွင်လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌  ကျင်းပခဲ့ရာလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းကအဖွင့်အမှာစကားပြောကြားခဲ့ပြီးသက်ဆိုင်ရာဦးစီးဌာန(၄၆)ခုမှ Gender Focal Person (၄၆)ဦးတက်ရောက်ခဲ့ကြပါသည်။

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးကအဖွင့်အမှာစကားပြောကြားရာတွင် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း NSPAW Phase II (၂၀၂၃-၂၀၃၂)ရေးဆွဲနိုင်ရေးအတွက်ဦးဆောင်ကော်မတီ(၁)ခုနှင့် လုပ်ငန်းကော်မတီ(၁၂)ခုကိုနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ခွင့်ပြုချက်နှင့်အညီဖွဲ့စည်းခဲ့ပြီး လုပ်ငန်းကော်မတီများအလိုက်စီမံချက်လုပ်ငန်းစဉ်များ ရေးဆွဲခဲ့ပါကြောင်း၊ ယခုအစည်းအဝေးတွင်လက်ရှိရေးဆွဲလျက်ရှိသည့် NSPAW Phase II(၂၀၂၃-၂၀၃၂)၏စီမံချက်လုပ်ငန်းစဉ်(မူကြမ်း)များရေးဆွဲဆောင်ရွက်နေမှုအခြေအနေများနှင့်ရှေ့လုပ်ငန်းစဉ်များကို အသိပေးရန်ဖြစ်ပါကြောင်း၊ အာဆီယံအသိုက်အဝန်းမဏ္ဍိုင်(၃)ခုအောက်ရှိကဏ္ဍပေါင်းစုံမှ အဖွဲ့အစည်းများက အကောင်အထည်ဖော်ဆောင်ရွက်သည့်အာဆီယံဒေသတွင်းကဏ္ဍပေါင်းစုံတွင်ကျား၊မရေးရာထည့်သွင်းစဉ်းစားမှု မဟာဗျူဟာမူဘောင်အား သိရှိနားလည်ရန်လိုအပ်ပါကြောင်း၊ ယခုအစည်းအဝေးသို့ တက်ရောက်လာကြသည့် Gender Focal Personများအနေနဲ့မိမိတို့သက်ဆိုင်ရာဌာနများမှာကျား၊မတန်းတူညီမျှရေး၊အမျိုးသမီးစွမ်းပကားမြှင့်တင်ရေးဆောင်ရွက်မှုများနှင့်  NSPAW Phase II ၏လုပ်ငန်စဉ်အကောင်အထည်ဖော်မှုများကိုအရှိန်အဟုန်ဖြင့်ဆောင်ရွက်နိုင်ရန်အတွက်ကျား၊မရေးရာတာဝန်ခံများ၏(ToR)များကိုသတ်မှတ်နိုင်ရေးဆွေးနွေးပေးလိုကြောင်း လမ်းညွှန်မှာကြားသွားပါသည်။

ဆက်လက်၍ အစည်းအဝေးကိုကျင်းပခဲ့ရာလူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူးကအာဆီယံဒေသတွင်းကဏ္ဍပေါင်းစုံတွင်ကျား၊မရေးရာထည့်သွင်းစဉ်းစားမှု မဟာဗျူဟာမူဘောင်နှင့် NSPAW ရေးသားရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်းနှင့်  Gender Focal Person များအတွက် ToRများ ဆွေးနွေးခြင်းများပြုလုပ်ခဲ့ရာ တက်ရောက်လာကြသည့်သက်ဆိုင်ရာများမှGender Focal Person များက NSPAW Phase IIလုပ်ငန်းစဉ်များအကောင်အထည်ဖော်မှုကိုအရှိန်အဟုန်ဖြင့်ဆောင်ရွက်နိုင်ရန်အတွက်ကျား၊မရေးရာတာဝန်ခံများ၏(ToR)နှင့် စပ်လျဉ်း၍  ဝိုင်းဝန်းဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် ညွှန်ကြားရေးမှူးချုပ်မှ နိဂုံးချုပ် အမှာစကားပြောကြား၍အစည်းအဝေးအားရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

မြောင်းမြမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ အမှတ် (၄) ရပ်ကွက်၊ အမှတ် (၅) ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်၊ အမှတ်(၇)ရပ်ကွက်၊ အမှတ်(၈)ရပ်ကွက်နှင့် အမှတ်(၁၀)ရပ်ကွက်များတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးသက်လှိုင်ထွန်းဦးဆောင်သော မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံးနှင့် ကလေးပြုစုရေးဌာနမှ အရာထမ်း၊ အမှုထမ်းများမှ နိုင်ငံတော်အလံ အလေးပြုခြင်း အခမ်းအနား

MOS

DSW

DDM

DOR