တိုင်းဒေသကြီး/ပြည်နယ်အလိုက်ဆောင်ရွက်ခြင်း

 

ကယ်ဆယ်ရှင်းလင်းရေးအနေဖြင့် ရဲတပ်ဖွဲ့ဝင်အင်အား (၂၁၈၇)ဦးနှင့် မီးသတ်တပ်ဖွဲ့ဝင်အင်အား (၃၄)ဦးဖြင့်ဆောင်ရွက်လျက်ရှိခြင်း၊

 

ရေပေးဝေမှုအနေဖြင့် ရခိုင်ပြည်နယ်တွင် ရေသန့်စင်ကား()စီး၊ Mobile Solar စနစ် (၂၀)စုံ တို့ဖြင့် တစ်နေ့တာ ရေပေးဝေသည့်ဂါလံ (၃၇၇၅၃) ဖြင့်ရေပေးဝေလျက်ရှိပြီး စုစုပေါင်းရေပေးဝေခဲ့သည့်ဂါလံမှာ (၉၈၄၁၆၈)ဂါလံဆောင်ရွက်လျက်ရှိခြင်း၊

 

ရေသန့်စင်ပုံး Life Straw ဖြန့်ဝေမှုအနေဖြင့် ရခိုင်ပြည်နယ်တွင် (၂၁၀)ပုံး ဖြန့်ဝေပေးလျက်ရှိခြင်း၊

 

ရခိုင်ပြည်နယ်တွင် မိုဘိုင်းဆက်သွယ်ရေးရရှိမှုအနေဖြင့် တယ်လီဖုန်းဆက်သွယ်ရေးလွှမ်းခြုံနိုင်မှု ၉၉.၂၇ % ရှိခြင်း၊

 

မုန်တိုင်းကြောင့် ထိခိုက်ခဲ့ရသော အဆောက်အဦပြင်ဆင်ပြီးစီးမှုအနေဖြင့် ရခိုင်ပြည်နယ်တွင် ကျန်းမာရေးအတွက် ၆၄ % နှင့် ပညာရေးအတွက် အခြေခံပညာအဆင့်ကျောင်းများ ပြင်ဆင်မှုအနေဖြင့် ၈၁ % ၊ အဆင့်မြင့်ပညာအဆင့်ကျောင်းများပြင်ဆင်မှုအနေဖြင့် ၆၃ % ဆောင်ရွက်ပြီးစီးလျက်ရှိခြင်း၊

ရခိုင်ပြည်နယ်တွင် ရေငန်ဝင်ရောက်ခဲ့သည့်မြေသားရေကန် ဆောင်ရွက်မှုအနေဖြင့် ဆောင်ရွက်ပြီး (၂၄)ကန်နှင့်ဆောင်ရွက်ဆဲ (၉)ကန် ပြုပြင်ပြီးစီးခြင်း၊

 

ရေငန်တားတာပြင်ဆင်ပြီးစီးမှုအနေဖြင့် မြောက်ဦးမြို့၊ ကုလားပုန်းကျွန်းတာ၊ မြေပုံမြို့၊ ငမန်းရဲကျွန်းတာ အပိုင်း()နှင့် အပိုင်း()၊ မောင်တောမြို့၊ ခြံပြင်တာနှင့် ပုဏ္ဏာကျွန်းမြို့၊ တန်းခိုးရေငန်တားတာ တို့တွင် (၁၀၀)% ပြင်ဆင်ပြီးစီးခြင်း၊

 

ရခိုင်ပြည်နယ်တွင် တပ်မတော်အထူးဆေးအဖွဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း ဆောင်ရွက်မှုအနေဖြင့် အထူးဆေးအဖွဲ့ ()ဖွဲ့၊ ကူညီကယ်ဆယ်ရေးဆေးအဖွဲ့ (၁၀)ဖွဲ့တို့အားကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်လျက်ရှိခြင်း၊

 

ရခိုင်ပြည်နယ်ရှိ မြို့နယ်ပြည်သူ့ဆေးရုံ/တိုက်နယ်ဆေးရုံးများတွင် ပြင်ပလူနာ (၂၂၇၀၂)ဦး၊ ဆေးရုံတက်လူနာ (၁၅၉၀၁)ဦး နှင့် နေ့စဉ်ပျမ်းမျှအတွင်းလူနာ (၁၂၀၀)ကျော် ရှိခြင်း၊

 

ရခိုင်ပြည်နယ်တွင်ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု (၁၁၀၇၃)ဦး၊ အခြားကျန်းမာရေးစောင့်ရှောက်မှု (၁၁၀၉၁၃)ဦး၊ ရေသန့်ဆေးဖြန့်ဝေမှု (၃၉၃၂၉၃) လုံး၊ ရေတွင်းရေကန်သန့်စင်ခြင်း (၅၆၇၂)ကြိမ်၊ ကျန်းမာရေးအသိပညာပေးခြင်း (၁၂၁၂၆)ကြိမ်နှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု (၂၂၄၈၁)ဦး ဆောင်ရွက်လျက်ရှိခြင်း၊

 

ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများအနေဖြင့် ရခိုင်ပြည်နယ်တွင် တာပေါ်လင်(၂၅၂၅)လိပ်/(၁၂၄၃)ထုပ်/(၂၃၇)စ၊ မိုးကာတဲ (၁၄၈၈)လုံး၊ သွပ် (၃၂၂၇၀၅)ချပ်၊ သွပ်သံ (၆၄.၀၁၅)တန်၊ အိမ်ရိုက်သံ (၇၀.၁၅)တန်၊ ခေါက်ဆွဲခြောက် (၃၄၈၀၀၄)ထုပ်/(၅၀၉)ကီလို/(၂၇၁၅)ဖာ၊ ဆန် (၆၂၄၁၉)အိတ်/(၅၉၆.၄၆၆)တန်၊ ချင်းပြည်နယ်တွင် ဆန် (၉၆၀)အိတ်နှင့် သစ်ခွဲသား (၂၂၂၀.၅၁၉)စစ်တွေမြို့သို့ရောက်ရှိပြီး ဆက်လက်တင်ပို့ဆဲ သစ်ခွဲသား(၂၃၀)တန်၊ ရန်ကုန်မြို့တွင် အသင့်ရှိ သစ်ခွဲသား (၃၃၉)တန် ပြင်ဆင်ထားရှိခြင်း၊

 

ကယ်ဆယ်ထောက်ပံ့ပစ္စည်းများ တင်ပို့မှုအနေဖြင့် ရန်ကုန်မြို့မှ စစ်တွေမြို့သို့  Mercury Force သင်္ဘော ဖြင့် (၁၄၆၄.၁၀၅)တန်  တင်ပို့လျက်ရှိခြင်း၊

 

ဘေးဒဏ်ခံစားရမှုအခြေအနေဖြင့်

 

သေဆုံး  -  ၁၄၈ ဦး

 

ဒဏ်ရာရ  -  ၁၃၂ ဦး

 

ထိခိုက်ပျက်စီမှုအခြေအနေဖြင့် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တွင် -

နေအိမ်ပျက်စီး  -  ၇၁၃၃၅ လုံး

 

စာသင်ကျောင်း  -  ၆၂၇ လုံး

 

ဘာသာရေး အဆောက်အဦ  -  ၅၄၀ လုံး

 

ဆေးရုံ/ဆေးခန်း  -  ၅၀၉ ခု

 

တာဝါတိုင်    -  ၂၈ တိုင်

 

ဓာတ်တိုင်   ၇၂၄၇ တိုင်

 

တိရစ္ဆာန်သေဆုံး  − ၁၇၇၉၂၃ ကောင်

နောက်ဆုံးရသတင်းများ

test

MOS

DSW

DDM

DOR