လူမှုဝန်ထမ်း၊ ကယ်‌ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဉီးစီးဌာနသည် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီအဖွဲ့ဝင် အမျိုးသမီးအဖွဲ့အစည်းများ အတွက် Gender, CEDAW, NSPAW,  UNSCR 1325 online အသိပညာပေးသင်တန်း ဖွင့်ပွဲအခမ်းအနား ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့သည်။ အဆိုပါဖွင့်ပွဲအခမ်းအနားကို  အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန် ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဝင် အမျိုးသမီးအဖွဲ့များမှ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများတက်ရောက်ခဲ့ကြပါသည်။

          ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် လူမှုဝန်ထမ်းဦးစီး ဌာနသည် ကလေးသူငယ်၊ အမျိုးသမီး၊ သက်ကြီးရွယ်အို၊ မသန်စွမ်းသူများ ဖွံ့ဖြိုးတိုးတက်ရေး၊ ကာကွယ် စောင့်ရှောက်ရေးနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးစသည့်လူမှုရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိပြီး အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအနေဖြင့် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဆိုင်ရာ ပူးတွဲကြေညာချက် (Joint Communique on Prevention and Response to Conflict Related Sexual Violence)ကို အကောင်အထည်ဖော်ရန် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီနှင့် လုပ်ငန်းကော်မတီတို့ကို ဖွဲ့စည်းထားပြီး လုပ်ငန်းစီမံချက်ကို  အကောင်အထည်ဖော်နေပြီ ဖြစ်ပါကြောင်း၊ ထို့ပြင် အမျိုးသမီးများနှင့် အမျိုးသမီးငယ်ရွယ်များအပေါ် ကျား၊မအခြေပြု အကြမ်းဖက်မှုများကို ထိရောက်စွာကာကွယ်စောင့်ရှောက်ပေးနိုင်ရန်အတွက် အမျိုးသမီးများ အပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဉပဒေ(မူကြမ်း) ရေးဆွဲခြင်း၊ တစ်နေရာတည်းမှာ ဖြေရှင်းဆောင်ရွက် နိုင်သည့်စင်တာ (OSWSC)များဖွင့်လှစ်ခြင်း၊  Help Line ဝန်ဆောင်မှုများကို အားလုံးအကျုံးဝင် လက်လှမ်းမီစေရေးအတွက် တယ်လီဖုန်းဖြင့် သာမက Viber Message ပို့ခြင်း၊ Helpline-DSW Facebook Page Messenger မှတဆင့် Message ပေးပို့တိုင်ကြား နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားကြောင်း၊ ကြိုတင်ကာကွယ်ရေးနှင့် ကာကွယ်စောင့်ရှောက် ရေးလုပ်ငန်းများ အနေဖြင့် အမျိုးသမီးများစွမ်းဆောင်ရည်မြင့်မားစေရန် အိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာ သင်ကျောင်း (၁၁)ကျောင်း၊ လူမှုရေးအရအကြောင်းအမျိုးမျိုးကြောင့် စောင့်ရှောက် မှုလိုအပ်သော အမျိုးသမီးများအတွက် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဌာန (၂)ခု၊ အမျိုးသမီး သက်မွေးအတတ် ပညာသင်ကျောင်း (၄)ခုနှင့် အမျိုးသမီးများ ပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာန (၁)ခုတို့ကို ဖွင့်လှစ်ပြီး ကာကွယ်စောင့်ရှောက်ပေးလျက်ရှိပါကြောင်းနှင့် ယခုသင်တန်း တက်ရောက်ကြသည့် ‌အမျိုးသမီး အဖွဲ့အစည်းများမှ သင်တန်းသား/သူများမှာ မြန်မာနိုင်ငံ၏ ဒေသအသီးသီးမှ အဖွဲ့ဝင်များဖြစ်သည့်အတွက် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးကို ယခုထက်ပိုပြီး ပူးပေါင်းဆောင်ရွက်ပေးနိုင်မည်ဟု မျှော်လင့်ပါကြောင်း၊ သင်တန်းသား/ သူများအနေဖြင့်လည်း လေ့လာရသမျှ ဗဟုသုတများကို မိမိတို့အဝန်းအဝိုင်း အတွင်း ထပ်ဆင့်မျှဝေပေးခြင်း၊ အခွင့်အရေး ချိုးဖောက်ခံနေရသည့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များအား ကူညီကာကွယ်ညွှန်းပို့ပေးခြင်း၊ မိမိတို့၏ လုပ်ငန်းများတွင်လည်း ကျား၊မရေးရာအား ထည့်သွင်းစဉ်းစား ဆောင်ရွက်ခြင်းတို့ဖြင့် အမျိုးသမီးအခွင့်အရေးရရှိမှု ပိုမိုမြင့်မားသည့် နိုင်ငံဖြစ်စေရန်အတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန် တိုက်တွန်း ပြောကြားခဲ့ပါသည်။

        သင်တန်းတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီအဖွဲ့ဝင် အမျိုးသမီးအဖွဲ့ အစည်းများမှ သင်တန်းသား/သူ (၃၆)ဦး ပါဝင်တက်ရောက်ကြပြီး သင်တန်းကာလမှာ (၁၂.၁.၂၀၂၂)နှင့် (၁၃.၁.၂၀၂၂)ရက်နေ့အထိ (၂)ရက်တာ ဖွင့်လှစ်မည်ဖြစ်ပါကြောင်း သတင်းရရှိ ပါသည်။



နောက်ဆုံးရသတင်းများ

ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းစီမံချက်နှင့် ကျား/မ အခြေပြု အကြမ်းဖက်မှုဆိုင်ရာ အကြောင်းအရာများနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်
(၁၂)ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် (၈)ကြိမ်မြောက် အာဆီယံ+၃လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးများကျင်းပခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့်နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦး၊နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိရေဘေးရှောင်ပြည်သူများအားတွေ့ဆုံအားပေးထောက်ပံ့မှု
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ပြည်ထောင်စုနယ်မြေ၊တပ်ကုန်းမြို့အတွင်းရှိ ရေကြီးရေလျှံဖြစ်ပွားသော နေရာများသို့ ကွင်းဆင်းထောက်ပံ့
(၃)ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာထူးချွန်ဆု (3rd ASEAN Outstanding Social Welfare and Development Award-AOSWADA) ဆုပေးပွဲအခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက်ခြင်း
(၁၂) ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ(12th ASEAN Ministerial Meeting on Social Welfare and Development(AMMSWD)and Related Meetings)ကျင်းပခြင်း

MOS

DSW

DDM

DOR