ရှမ်းပြည်နယ်လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး ဦးထွန်းဦးသည် COVID-19 တတိယလှိုင်းကို ထိန်းချုပ်ရင်ဆိုင်ရန် တောင်ကြီးမြို့နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းများအသုံးပြုရန်အတွက် KN-95 Mask ၁၀၀ ခု၊ PPE Level-2 ၅၀ စုံ(ခေါင်းစွပ်ပါ) PPE Level-3 ၅၀ စုံ(ခေါင်းစွပ်၊ ဖိနပ်စွပ်၊ မျက်မှန်ပါ) Face Shield ၁၀၀ ခု၊ Surgical Mask ၅၀၀ ခု၊ တို့ကို ရှမ်းပြည်နယ်လူမှုဝန်ထမ်းရုံး၊ တောင်ကြီးမြို့၌ ထောက်ပံ့ပေးအပ်ခဲ့သည်။ အလားတူပင် ဇူလိုင်လ()ရက်နှင့် ()ရက်နေ့များတွင်လည်း စစ်ဆေးရေး ဂိတ်များထားရှိသော တောင်ကြီးမြို့နယ်၊ ကလောမြို့နယ်၊ ရပ်စောက်မြို့နယ်၊ ရွာငံမြို့နယ်များ နှင့် ဟိုပုံးမြို့စစ်ဆေးရေးဂိတ်၊ ဟိုပုံးဆေးရုံမှ ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများအသုံးပြုရန်အတွက်  KN-95 Mask ၉၆၀ ခု၊ PPE Level-2 ၂၅၀ စုံ(ခေါင်းစွပ်ပါ) PPE Level-3 ၂၅၀ စုံ(ခေါင်းစွပ်၊ ဖိနပ်စွပ်၊ မျက်မှန်ပါ) Face Shield ၉၀၀ ခု၊ Surgical Mask ၃၅၀ ခု တို့ကိုလည်း ခွဲဝေထောက်ပံ့ပေးနိုင်ခဲ့ ပါသည်။

နောက်ဆုံးရသတင်းများ

“လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆိုင်ရာ စွမ်းရည်မြှင့်တင်ခြင်းနှင့် အမျိုးသားအဆင့်စံလုပ်ငန်းအစီအစဉ်အသုံးပြုနည်းသင်တန်း”ဖွင့်ပွဲအခမ်းအနားကျင်းပ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း လူမှုဝန်ထမ်းဦးစီးဌာန အသိအမှတ်ပြု ခဝဲခြံမျက်မမြင်ကျောင်းနှင့် မေရီချက်(ပ်)မင်းနားမကြားသောကလေးများကျောင်းများသို့ လှည့်လည်ကြည့်ရှု
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ပံ့ပိုးကူညီမှုဖြင့် တိုင်းဒေသကြီးကလေးအလုပ်သမားပပျောက် ရေးဆိုင်ရာအလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေးကော်မတီနှင့် တိုင်းဒေသကြီးလူမှုဝန်ထမ်း ဦးစီးဌာနတို့ပူးပေါင်း၍ အခြေခံစက်ချုပ်သင်တန်း (၃/၂၀၂၅) သင်တန်းဆင်ပွဲကျင်းပ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းနှင့်မသန်စွမ်းသက်ကြီးသင်တန်းကျောင်းများသို့ ကြည့်ရှုစစ်ဆေး

MOS

DSW

DDM

DOR