လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၄-၂၀၂၄)ရက်နေ့၊ (၁၀း၀၀)အချိန်မှ (၁၁း၃၀) အချိန်ထိ ဇေယျာသီရိမြို့နယ်၊ ရွာသစ်ကြီးပရိယတ္တိစာသင်တိုက်၌ သင်တန်းသား(ကိုရင်) (၇၀)ဦး၊ (၁၂း၀၀)အချိန်မှ (၁၃း၃၀)အချိန်ထိ၊ ဆန္ဒဆာရာဓမ္မစင်တာ(အထက်တန်း)ကျောင်းတွင် ကျောင်းသား/ သူ(၅၀)ဦးနှင့်  (၁၄း၀၀)အချိန်မှ (၁၅း၃၀)အချိန်ထိ၊ ဆန္ဒဆာရာဓမ္မစင်တာ(အလယ်တန်း)ကျောင်းတွင် ကျောင်းသား/ သူ(၁၀၀)ဦး စုစုပေါင်း ကျောင်းသား/သူ (၂၂၀)ဦးတို့အား သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပြီး သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်၊ နံရံကပ်ပိုစတာများ၊ ဗီနိုင်းပိုစတာများ၊ ခဲတံနှင့် ဗလာစာအုပ်များ ဖြန့်ဝေပေးအပ်ခဲ့ပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

အင်္ဂပူမြို့နယ်၊ ခြောက်ကျေးရွာအုပ်စု၊ မှတ်တိုင်ကျေးအုပ်စု၊ ကံဘက်ကျေးရွာအုပ်စု၊ ခွေးတောက်ချောင်းကျေးရွာအုပ်စုနှင့် အိုးကွဲကျေးရွာအုပ်စု တို့တွင်ဖြစ်ပွားခဲ့သော လေဘေးအတွက် ထောက်ပံ့မှုသတင်း
မြောင်းမြမြို့နယ်၊ မြစိမ်းရောင်ကျေးရွာနှင့် နန်းတော်ဦးကျေးရွာတို့၌ မိုးကြိုကာလအတွင်း ဖြစ်ပွားလေ့ရှိ သော လေပြင်းဘေးနှင့် မိုးကြိုးဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/‌ရှောင်ရန် အချက်များအား အသိပညာ ပေးမှုသတင်း

MOS

DSW

DDM

DOR