လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်သက်ခိုင်အား ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးမှူးရုံး (UNOCHA)၏ယာယီအကြီးအကဲဖြစ်သူ Ms. Danielle Parry ဦးဆောင်သောအဖွဲ့သည်ယနေ့မွန်းလွဲပိုင်း (၁၄:၀၀) နာရီတွင်အဆိုပါဝန်ကြီးဌာန၊အစည်းအဝေးခန်းမ၌လာရောက်တွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံစဉ် ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးမှူးရုံး (UNOCHA)၏ယာယီအကြီးအကဲဖြစ်သူ Ms. Danielle Parry ကဝန်ကြီးဌာနနှင့် UNOCHA တို့ သဘောတူညီမှုစာလွှာအသစ် လက်မှတ်ရေးထိုးနိုင်ရေး ဆောင်ရွက်နေမှုအခြေအနေနှင့် UNOCHA Head of Office ဖြစ်သူမြန်မာနိုင်ငံသို့လာရောက်တာဝန်ထမ်းဆောင်မည့် အခြေအနေများအားတင်ပြဆွေးနွေးခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးကလည်း UNOCHA ၏ ညှိနှိုင်းပေါင်းစပ်မှုဖြင့်ကုလသမဂ္ဂအဖွဲ့အစည်း (၇)ဖွဲ့နှင့်အစိုးရမဟုတ်သောနိုင်ငံတကာအဖွဲ့အစည်း (၃) ဖွဲ့တို့ကနိုင်ငံတော်အစိုးရ၏ကြီးကြပ်မှုဖြင့် ရခိုင်ပြည်နယ်ရှိမုန်တိုင်းသင့်သူများအတွက်ကယ်ဆယ်ရေးပစ္စည်းများဖြန့်ဝေရေးအသေးစိတ်အစီအစဉ်နှင့် သယ်ယူပို့ဆောင်ရေးဆိုင်ရာကိစ္စများအားအမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။ တွေ့ဆုံပွဲသို့အမြဲတမ်းအတွင်းဝန်ဒေါက်တာကိုကိုနိုင်၊ဦးစီးဌာနများမှညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိသူများပါဝင်တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း အာဆီယံမိသားစု ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်ဆိုင်ရာညီလာခံနှင့် အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် Keynote Address ပြောကြားခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနငှက်အော်စမ်းလူငယ်သင်တန်းကျောင်းသို့သွားရောက်ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့် သင်တန်း ကျောင်းများနှင့် ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းသို့ သွားရောက် ကြည့်ရှုစစ်ဆေး

MOS

DSW

DDM

DOR