လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ တနင်္သာရီ မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၁၂-၂၀၂၃)ရက်နေ့ (၂၂း၀၀)နာရီအချိန်ခန့် တနင်္သာရီမြို့နယ်၊ တမုတ်ချုံးကျေးရွာ အုပ်စု၊ ရှမ်းအင်းတော်ကျေးရွာတွင် ဖြစ်ပွားခဲ့သော လေပြင်း တိုက်ခတ်မှုကြောင့် လုံးဝပျက်စီး အလျား (၂၁)ပေ၊ အမြင့် (၁၅)ပေ၊ အနံ(၁၂)ပေ၊ ဓနိမိုး၊ ထရံကာ၊ ပျဉ်ခင်းနေအိမ် (၁)လုံးအတွက် အိမ်ဆောင်ပစ္စည်းဖိုး (၁၀၀၀၀ဝိ/-)ကျပ်၊ လေဘေးသင့် အိမ်ထောင်စု (၁)စုမှ လူဦးရေ (၈)ဦး ဆန်ဖိုး(၇)ရက်စာ ထောက်ပံ့ငွေ (၁၆၈၀ဝိ/-)ကျပ်၊ စုစုပေါင်း (၁၁၆၈၀ဝိ/-) ကျပ်နှင့်  ကယ်ဆယ်‌ရေးပစ္စည်း (၁၆)မျိုးပါ (၁)ပုံးတို့အား (၁၁-၁၂-၂၀၂၃)ရက်နေ့ နံနက် (၁၀း၀၀)နာရီ အချိန်တွင် လေဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။


Source: DDM

နောက်ဆုံးရသတင်းများ

အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်းကော်မတီက ကြီးမှူးဖွင့်လှစ်သော စွန့်ပစ်ပစ္စည်းများဖြင့် သင်ထောက်ကူပစ္စည်း ပြုလုပ်ခြင်းသင်တန်း ဖွင့်လှစ်

MOS

DSW

DDM

DOR