၂၀၂၆ ခုနှစ်၊ ဧပြီလ(၁၇)ရက်၊ မြန်မာနှစ်ဆန်း (၁)ရက်နေ့၊ နံနက်(၀၈း၀၀)နာရီခန့်တွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးမှူး၍ သက်ကြီးဘိုးဘွား ပူဇော်ကန်တော့ပွဲအခမ်းအနား အား မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အလှူရှင်များ တက်ရောက်၍ အခမ်းအနားတွင် ဝန်ကြီးချုပ် ဦးမျိုးအောင်မှ ဂုဏ်ပြုအမှာစကားပြောကြားပြီး၊ အခမ်းအနားသို့ ကန်တော့ခံ တက်ရောက်လာသော မန်းတောင်ခြေဘိုးဘွားရိပ်သာမှ အဘိုး ( ၉ ) ဦး နှင့် အဘွား ( ၂၆ ) ဦး တို့အား ကန်တော့ချိုးဖြင့် ကန်တော့ပြီးနောက် ဘိုးဘွားများအား ဝန်ကြီးချုပ်နှင့်ဇနီးမှလည်းကောင်း၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဌမှလည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ဇနီးများမှလည်းကောင်း လှူဖွယ်ပစ္စည်းများဖြင့် ပူဇော်ကန်တော့ပြီး‌နောက် ကန်တော့ခံတက်ရောက်လာသော ဘိုးဘွားများ၏ကိုယ်စား အဘိုး ဦးမြင့်ဆွေမှ ကျေးဇူးတင်စကား ပြောကြားခြင်းနှင့် မေတ္တာပို့သခြင်းများပြုလုပ်ပြီးနောက် ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးလွှတ်တော် ဥက္ကဌတို့မှ ဘိုးဘွားများအား ရင်းနှီးခင်မင်စွာဖြင့် မိတ်ဆက်ခဲ့ပြီး အခမ်းအနားအား နံနက် ( ၀၈း၃၀ ) နာရီအထိ  အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း အာဆီယံမိသားစု ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်ဆိုင်ရာညီလာခံနှင့် အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် Keynote Address ပြောကြားခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနငှက်အော်စမ်းလူငယ်သင်တန်းကျောင်းသို့သွားရောက်ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့် သင်တန်း ကျောင်းများနှင့် ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းသို့ သွားရောက် ကြည့်ရှုစစ်ဆေး

MOS

DSW

DDM

DOR