လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မုဒုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂/၃-၈-၂၀၂၃)ရက်နေ့တို့တွင် မုဒုံမြို့နယ်အတွင်း မိုးသက်လေပြင်းကျရောက်ပြီး လေပြင်းတိုက်ခတ်မှုကြောင့် သွပ်အမိုးလန်ပျက်စီးမှုဖြစ်ပွားခဲ့ရာ မုဒုံမြို့နယ်၊ ကလေ့ာသော့ကျေးရွာရှိ အိမ်ထောင်စု(၁၃)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၆၅,၀၀၀/-)၊ လူဦးရေ(၅၄)ဦး အတွက် ဆန်ရိက္ခာဖိုးငွေ(၁၁၃,၄၀၀/-)အားလည်းကောင်း၊ တောင်ပကျေးရွာရှိ အိမ်ထောင်စု(၁၀)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၂၇၀,၀၀၀/-)၊ လူဦးရေ(၃၅)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ(၇၃,၅၀၀/-)တို့အား လည်းကောင်း၊ မြို့မ(၄)ရပ်ကွက်ရှိ အိမ်ထောင်စု(၅)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၃၅,၀၀၀)၊လူဦးရေ(၂၃)အတွက် ဆန်ရိက္ခာဖိုးငွေ(၄၈,၃၀၀)အားလည်းကောင်း၊ စုစုပေါင်းထောက်ပံ့ငွေ(၉၀၅,၂၀၀)အား (၃-၈-၂၀၂၃)ရက်နေ့ (၁၅း၃၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူလက်ဝယ်အရောက်ထောက်ပံ့ခဲ့ပါသည်။

Source: DDM


နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း အာဆီယံမိသားစု ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်ဆိုင်ရာညီလာခံနှင့် အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် Keynote Address ပြောကြားခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနငှက်အော်စမ်းလူငယ်သင်တန်းကျောင်းသို့သွားရောက်ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့် သင်တန်း ကျောင်းများနှင့် ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းသို့ သွားရောက် ကြည့်ရှုစစ်ဆေး

MOS

DSW

DDM

DOR