အသက် ()မှ () နှစ် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေး ဆိုင်ရာ (အခြေခံ) သင်တန်းကို (၅.၁၁.၂၀၂၅) ရက်မှ (၂၈.၁၁.၂၀၂၅) ရက်ထိ မော်လမြိုင်မြို့၊ ပြည်နယ်လူမှုဝန်ထမ်းရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အခမ်းအနားတွင် ပြည်နယ်လူမှုဝန်ထမ်းရုံး ညွှန်ကြားရေးမှူးက အဖွင့်အမှာ စကားပြောကြားပြီး၊ သင်တန်းသူများအား ညွှန်ကြားရေးမှူးနှင့် ဒုတိယညွှန်ကြားရေးမှူး တို့က သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြပါသည်၊၊

ထို့နောက် သင်တန်းသူလေးများက မျှော်လင့်နေတုန်း ပျိုဖုန်းလှမ်းခဲ့ပါ တေးသီချင်း၊ ကြာဆစ်ကြိုး ကဗျာ၊ လောကအားမာန် သီချင်းတို့ဖြင့် တေးသရုပ်ဖော် ကပြဖျော်ဖြေ တင်ဆက်ခဲ့ပါသည်။ အခမ်းအနားကို နံနက် (၁:၀၀)နာရီတွင် ရုပ်သိမ်းလိုက်ပါသည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော   ပြည်နယ်လူမှုဝန်ထမ်းရုံး ညွှန်ကြားရေးမှူးနှင့် သင်တန်းနည်းပြများမှ သင်တန်းသူများပြုလုပ်ထားသော လက်မှုများ၊ သင်ထောက်ကူပစ္စည်းများ၊ ပန်းချီများ ခင်းကျင်းထားသည်များအား ကြည့်ရှုအားပေးခဲ့ကြပြီး သင်တန်းသူများအား အားပေးစကားပြောကြားခဲ့ပါသည်။

အခမ်းအနားသို့ ပြည်နယ်လူမှုဝန်ထမ်းရုံး ညွှန်ကြားရေးမှူးနှင့် သင်တန်းနည်းပြများ၊ သင်တန်းသူများ စုစုပေါင်းအင်အား (၄၅) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။






နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း အာဆီယံမိသားစု ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်ဆိုင်ရာညီလာခံနှင့် အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် Keynote Address ပြောကြားခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနငှက်အော်စမ်းလူငယ်သင်တန်းကျောင်းသို့သွားရောက်ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့် သင်တန်း ကျောင်းများနှင့် ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းသို့ သွားရောက် ကြည့်ရှုစစ်ဆေး

MOS

DSW

DDM

DOR