ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ(၁)ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့်ဒုတိယဥက္ကဋ္ဌ(၂) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းတို့သည်ယနေ့မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Mongkol Visitstump အားလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရှိ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာန (Disaster Management Centre) ဧည့်ခန်း၌ လက်ခံတွေ့ဆုံခဲ့ပါသည်။          ယင်းသို့တွေ့ဆုံရာ၌ မြန်မာနိုင်ငံ ငလျင်ဘေးပြန်လည်ထူထောင်ရေးအတွက် နိုင်ငံတော် အစိုးရမှ ကြိုးပမ်းဆောင်ရွက်နေမှုများနှင့် ပြည်တွင်းပြည်ပစေတနာရှင်များမှ လှူဒါန်း ထားရှိမှုများ၊ ငလျင်ဘေးပြန်လည်တည်ဆောက်ရေးလုပ်ငန်းများအတွက် နိုင်ငံတကာ၏ အကူအညီလိုအပ်မှုများ၊ အာဆီယံက ပူးပေါင်းဆောင်ရွက်ပေးနိုင်မည့် အစီအစဉ်များနှင့် အထောက်အပံ့ပေးနိုင်မှုများ၊ငလျင်ဘေးသင့်ဒေသများသို့ ထိုင်းနိုင်ငံမှ ရှာဖွေကယ်ဆယ်ရေး အသင်းနှင့် အ‌ရေးပေါ်ကျန်းမာရေးအဖွဲ့၏ လူသားချင်းစာနာမှုအကူအညီ ပေးအပ်ခဲ့မှုများ၊ နယ်စပ်ဖြတ်ကျော်မှုခင်းပပျောက်ရေးကိစ္စများအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။

ဆွေးနွေးပွဲသို့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပြန်လည်ထူထောင်‌ရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဘာသာရပ်ဆိုင်ရာတာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း အာဆီယံမိသားစု ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်ဆိုင်ရာညီလာခံနှင့် အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် Keynote Address ပြောကြားခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနငှက်အော်စမ်းလူငယ်သင်တန်းကျောင်းသို့သွားရောက်ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့် သင်တန်း ကျောင်းများနှင့် ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ သင်တန်းကျောင်းများသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသက်ကြီးစောင့်ရှောက်ရေးဂေဟာ (ထောက်ကြန့်) သို့ ကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်း ရှမ်းပြည်နယ်၊ ‌ညောင်ရွှေမြို့နယ်ရှိ အသင့်တပ်ဆင်စာသင်ကျောင်းများ ဆောက်လုပ်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခြင်းနှင့် ဖယ်ခုံမြို့နယ်နှင့် မိုးဗြဲမြို့နယ်တို့မှ နေရပ်ပြန်ပြည်သူများအားထောက်ပံ့ပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန်းစိုးနေပြည်တော်ကောင်စီနယ်မြေပျဉ်းမနားမြို့နယ်၊ တောင်သာအုပ်စု၊သူဌေးကုန်းကျေးရွာမီးဘေးကြောင့်ထိခိုက်ပျက်စီးနေအိမ်များအားကွင်းဆင်းထောက်ပံ့
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဆရာဖြစ်သင်တန်း(တတိယအကြိမ်)အား ကြည့်ရှုအားပေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်းနှင့်ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းတို့ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက် မြို့နယ်၊ ဇီးကုန်းမြို့နယ်များအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးနေအိမ်များအား ကွင်းဆင်းကြည့်ရှုထောက်ပံ့ပေးအပ်
အိန္ဒိယသမ္မတနိုင်ငံအစိုးရနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပခြင်း

MOS

DSW

DDM

DOR