ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

          လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင် သည် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ အ.ထ.က(၁၄)တွင် ဖွင့်လှစ်လျက်ရှိ သည့် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဆရာဖြစ်သင်တန်း(တတိယအကြိမ်)သို့ သွားရောက်၍ သင်တန်းသားများအား တွေ့ဆုံအမှာစကားပြောကြားခဲ့ပါသည်။ 

          ရှေးဦးစွာ ဒုတိယဝန်ကြီးက ယခုဖွင့်လှစ်သည့် သင်တန်းသည် နိုင်ငံတော်သမ္မတက ကျောင်းမတက်မီ ရှေးဦးသူငယ်ဘဝကတည်းက မူလတန်းမတက်မီ မူကြိုတက်ခဲ့ကြတဲ့ကလေးတွေဟာ အခြေခံကောင်းကြတာကို တွေ့ရပါကြောင်း၊ မူကြိုကျောင်းသားတိုင်းဟာ မူလတန်းတက်ကြသော်လည်း မူလတန်းကျောင်းသားတိုင်းကတော့ မူကြိုမတက်ခဲ့ကြရပါကြောင်း၊ ဒီနှစ်ခု ကွာခြားချက်ကတော့ မူကြိုတက်ခဲ့တဲ့ကလေးတွေဟာ မူလတန်းကအစ ပညာရေးမှာ ပိုမိုပညာလိုလားကြတာ တွေ့ရပါကြောင်း၊ ဒါကြောင့် မူကြိုကျောင်းတွေမှာ ကလေးသူငယ်ပြုစု ပျိုးထောင်ရေးကို သက်ဆိုင်ရာဝန်ကြီးဌာနက အလေးထားဆောင်ရွက်သွားကြရမှာဖြစ်ပါကြောင်း၊ ထိရောက်တဲ့ မူကြိုကျောင်းတွေဖြစ်ဖို့နဲ့ Early Childhood Care and Development ဖြစ်တဲ့ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်ပေးကြဖို့ မှာကြားလိုကြောင်းဟု လမ်းညွှန်မှာကြားချက်အပေါ် အလေးထား၍ အကောင်အထည်ဖော်ဆောင်ရွက်သည့်သင်တန်းဖြစ် ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတို့ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ KG နှင့် Grade-1 တက်ရောက်သည့် ကလေး သူငယ်များအတွက် အကူးအပြောင်းကာလတွင် အဆင်ပြေချောမွေ့ရေးနှင့် ကျောင်းနေပျော်၍ ဘက်စုံဖွံ့ဖြိုးတိုးတက်သည့် ကလေးများ ဖြစ်လာစေရေးကို ဦးစားပေးဆောင်ရွက်ပေးနိုင်ရန် ယခုသင်တန်းကို ဘာသာရပ်များ ပြင်ဆင်ရေးဆွဲပြီး ပို့ချခဲ့ခြင်းဖြစ်ပါကြောင်း၊ မိမိတို့ဒေသအတွင်းရှိ ကလေးသူငယ်များအတွက် ကြိုးစားအားထုတ်ဆောင်ရွက်စေလိုကြောင်း၊ သင်တန်းတွင် ပို့ချပေးလိုက်သည့် ကလေးစောင့်ရှောက်ရေးနည်းပညာများကို လက်တွေ့လုပ်ငန်းခွင်တွင် ပြန်လည်အသုံးချခြင်းဖြင့် မိမိတို့နိုင်ငံ အတွက် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးကို တိုက်ရိုက်အကျိုးပြုမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

          ဆက်လက်၍ သင်တန်းသို့ တက်ရောက်လာသော ဆရာ၊ ဆရာမများက တစ်ဦးချင်း မိတ်ဆက် ခဲ့ကြပြီး ဒုတိယဝန်ကြီးက သင်တန်း၏ လိုအပ်ချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။ အဆိုပါသင်တန်းကို ၂၇-၄-၂၀၂၆ ရက်မှ ၂၃-၅-၂၀၂၆ ရက်အထိ တစ်လတာ ဖွင့်လှစ်မည်ဖြစ်ပြီး ပြည်ထောင်စုနယ်မြေနေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးက ပညာရေးဝန်ကြီးဌာနမှ သင်တန်းသား၊ သင်တန်းသူ ၆၁ ဦးနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ သင်တန်းသား၊ သင်တန်းသူ ၂၅ ဦး၊ စုစုပေါင်း ၈၆ ဦးဖြင့် ဖွင့်လှစ်လျက်ရှိပါကြောင်း သတင်းရရှိပါသည်။

 

 

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း အာဆီယံမိသားစု ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်ဆိုင်ရာညီလာခံနှင့် အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် Keynote Address ပြောကြားခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနငှက်အော်စမ်းလူငယ်သင်တန်းကျောင်းသို့သွားရောက်ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့် သင်တန်း ကျောင်းများနှင့် ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ သင်တန်းကျောင်းများသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသက်ကြီးစောင့်ရှောက်ရေးဂေဟာ (ထောက်ကြန့်) သို့ ကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်း ရှမ်းပြည်နယ်၊ ‌ညောင်ရွှေမြို့နယ်ရှိ အသင့်တပ်ဆင်စာသင်ကျောင်းများ ဆောက်လုပ်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခြင်းနှင့် ဖယ်ခုံမြို့နယ်နှင့် မိုးဗြဲမြို့နယ်တို့မှ နေရပ်ပြန်ပြည်သူများအားထောက်ပံ့ပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန်းစိုးနေပြည်တော်ကောင်စီနယ်မြေပျဉ်းမနားမြို့နယ်၊ တောင်သာအုပ်စု၊သူဌေးကုန်းကျေးရွာမီးဘေးကြောင့်ထိခိုက်ပျက်စီးနေအိမ်များအားကွင်းဆင်းထောက်ပံ့
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဆရာဖြစ်သင်တန်း(တတိယအကြိမ်)အား ကြည့်ရှုအားပေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်းနှင့်ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းတို့ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက် မြို့နယ်၊ ဇီးကုန်းမြို့နယ်များအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးနေအိမ်များအား ကွင်းဆင်းကြည့်ရှုထောက်ပံ့ပေးအပ်
အိန္ဒိယသမ္မတနိုင်ငံအစိုးရနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပခြင်း

MOS

DSW

DDM

DOR