ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့်ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၈-၁၀-၂၀၂၅ ရက်နေ့၊ နံနက် (၁၀:၀၀)နာရီတွင်လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုး၊အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ဌာနဆိုင်ရာကော်မတီဝင်များနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်၊၊

ရှေးဦးစွာ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးက မြန်မာနိုင်ငံကလေးအလုပ် သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ လက်အောက်ရှိ လုပ်ငန်းကော်မတီ (၈)ရပ် အနက်အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့်ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီအနေဖြင့်အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်းစီမံချက်(၂၀၂၄-၂၀၂၈)အရ ကျူးလွန်သူကိုတရားစွဲဆိုခြင်း၊ ကလေးသူငယ်ကို အကာအကွယ်ပေးခြင်း၊လိုအပ်သောထောက်ပံ့မှုများပေးခြင်းတို့ကို အလေးပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ကလေးလုပ်သားစစ်တမ်း၂၀၂၄-၂၀၂၅အစီရင်ခံစာအရ တိုင်းဒေသကြီး၊ ပြည်နယ် ၁၀ ခုရှိ အန္တရာယ်ရှိသောလုပ်ငန်းခွင်များတွင် အလုပ်လုပ်ကိုင်လျက်ရှိသော ကလေးသူငယ် ၈၂ ဦးတို့အား လူမှုဖြစ်ရပ်စီမံခန့်ခွဲမှုနည်းလမ်းများနှင့်အညီကွင်းဆင်းဆောင်ရွက်ခဲ့ပြီး လိုအပ်သည်များဆောင်ရွက်ပေးခဲ့ပါကြောင်း၊မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာအမျိုးသားကော်မတီ၏အစည်းအဝေးဆုံးဖြတ်ချက်များအပေါ်အကောင် အထည်ဖော်မှုအခြေအနေ နှစ်ဝက်အစီရင်ခံစာများ၊လစဉ်အစီရင်ခံစာများကို အမျိုးသား ကော်မတီသို့ ပုံမှန်ပေးပို့တင်ပြလျက်ရှိပါကြောင်း၊အရည်အသွေးပြည့်ဝသောလုပ်သားကောင်းများရရှိစေရေးအတွက်လည်းလူမှုဝန်ထမ်းဦးစီးဌာနအောက်ရှိ လူငယ်သင်တန်းကျောင်းများမှ ကျောင်းသား/ကျောင်းသူများအတွက်သက်မွေးပညာသင်တန်းများကိုသင်ကြားလေ့ကျင့်ပေးလျက်ရှိပါကြောင်း၊မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ  ဒုတိယငါးနှစ်စီမံချက်မှာ၂၀၂၄ခုနှစ်မှ၂၀၂၈ခုနှစ်အထိဖြစ်ပြီး လုပ်ငန်းကော်မတီအနေဖြင့် ဒုတိယငါးနှစ်လုပ်ငန်းစီမံချက်တွင်ပါရှိသောလုပ်ငန်းစဉ်များကိုသက်ဆိုင်ရာဌာနအဖွဲ့အစည်းများနှင့်ဝိုင်းဝန်းပူးပေါင်းကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းဆွေးနွေးမှာကြားခဲ့ပါသည်။

ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန၊ဒုတိယညွှန်ကြားရေးမှူးချုပ်(လုပ်ငန်း)မှ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီ၏လုပ်ငန်းဆောင်ရွက်ချက်များအားတင်ပြဆွေးနွေးခဲ့ပြီး အစည်းအဝေးသို့တက်ရောက်လာသူများက လုပ်ငန်းဆောင်ရွက်ချက်များအပေါ် သုံးသပ်တင်ပြ၍ရှေ့လုပ်ငန်းစဉ်များအားညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။

ထို့နောက်ဒုတိယဝန်ကြီးက အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေသည့် အလုပ်ရှင်များအား ဥပဒေပိုင်းဆိုင်ရာ အသိပညာများပေးရန်၊အဆိုးရွားဆုံးပုံစံခိုင်းစေခံရသည့်ကလေးအလုပ်သမားများတွေ့ရှိပါက လူမှုဝန်ထမ်းဦးစီးဌာန၏ Help Line Phone No. 1566 သို့ သတင်းပို့ရန်၊ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေနှင့်အညီ ကလေးအားအကောင်းဆုံးအကျိုးစီးပွားရရှိရေးအတွက် ဆောင်ရွက်ပေးရန်တို့ကို မှာကြားပြီးအစည်းအဝေးအားနေ့လယ်၁၂:၀၀နာရီတွင်ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်၊၊

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း အာဆီယံမိသားစု ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်ဆိုင်ရာညီလာခံနှင့် အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် Keynote Address ပြောကြားခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနငှက်အော်စမ်းလူငယ်သင်တန်းကျောင်းသို့သွားရောက်ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့် သင်တန်း ကျောင်းများနှင့် ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ သင်တန်းကျောင်းများသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသက်ကြီးစောင့်ရှောက်ရေးဂေဟာ (ထောက်ကြန့်) သို့ ကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်း ရှမ်းပြည်နယ်၊ ‌ညောင်ရွှေမြို့နယ်ရှိ အသင့်တပ်ဆင်စာသင်ကျောင်းများ ဆောက်လုပ်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခြင်းနှင့် ဖယ်ခုံမြို့နယ်နှင့် မိုးဗြဲမြို့နယ်တို့မှ နေရပ်ပြန်ပြည်သူများအားထောက်ပံ့ပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန်းစိုးနေပြည်တော်ကောင်စီနယ်မြေပျဉ်းမနားမြို့နယ်၊ တောင်သာအုပ်စု၊သူဌေးကုန်းကျေးရွာမီးဘေးကြောင့်ထိခိုက်ပျက်စီးနေအိမ်များအားကွင်းဆင်းထောက်ပံ့
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဆရာဖြစ်သင်တန်း(တတိယအကြိမ်)အား ကြည့်ရှုအားပေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်းနှင့်ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းတို့ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက် မြို့နယ်၊ ဇီးကုန်းမြို့နယ်များအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးနေအိမ်များအား ကွင်းဆင်းကြည့်ရှုထောက်ပံ့ပေးအပ်
အိန္ဒိယသမ္မတနိုင်ငံအစိုးရနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပခြင်း

MOS

DSW

DDM

DOR