ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ


          မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာအမျိုးသားအဆင့်မဟာဗျူဟာ (၅) နှစ် စီမံကိန်း(၂၀၂၁-၂၀၂၅) မူကြမ်းရေးဆွဲခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ဝန်ကြီးရုံအစည်း

အဝေးခန်းမ၌ ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က တက်ရောက်အဖွင့် အမှာစကားပြောကြားခဲ့ပါသည်။

      ပြည်ထောင်စုဝန်ကြီးက မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ မဟာဗျူဟာ (၅)နှစ်စီမံကိန်းနှင့်စပ်လျဉ်းသည့် မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ် အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးသည် အဓိကလိုအပ်ပါကြောင်း၊ မသန်စွမ်းသူများကို ထိထိရောက်ရောက်ထောက်ပံ့ရန်အတွက် မဟာဗျူဟာ (၅) နှစ်စီမံကိန်း အချောသတ်ရေးဆွဲရမည်ဖြစ်ပါကြောင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီကိုလည်း (၄.၅.၂၀၂၁)ရက်နေ့တွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီက ပြင်ဆင်ဖွဲ့စည်းပေးပြီးဖြစ်ပါကြောင်း၊ မသန်စွမ်းသူများ၏ အခွင့် အရေးများဆိုင်ရာမဟာဗျူဟာ (၅)နှစ်စီမံကိန်း (တတိယမူကြမ်း)ထိ ရောက်ရှိအောင် သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးပေးကြခဲ့သည့် မသန်စွမ်းကိုယ်စားလှယ်များ၊ မသန်စွမ်း အဖွဲ့အစည်းများကို ကျေးဇူးတင်ရှိပါကြောင်း၊ မဟာဗျူဟာ (၅)နှစ်စီမံကိန်း အချောသတ် ရေးဆွဲနိုင်ရေးအတွက်လည်း ညိှနှိုင်းအစည်းအဝေးများ ကျင်းပပြုလုပ်၍ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်။





ဆက်လက်၍ ဒုတိယဝန်ကြီးက မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ မဟာဗျူဟာ (၅)နှစ် စီမံကိန်း(တတိယမူကြမ်း)သည် မသန်စွမ်းသူများအဖွဲ့အစည်းများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး မသန်စွမ်းကိုယ်စားလှယ်များ၊ INGO များ၊ NGO များ၊ အစိုးရဌာန များ၊ Technical Core Group (TCG) များနှင့် အစည်းအဝေးများကျင်းပပြုလုပ်ခဲ့ပြီးမှ ရရှိလာခြင်းဖြစ်ပါကြောင်း၊ မဟာဗျူဟာ(၅)နှစ်စီမံကိန်းသည် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာကုလသမဂ္ဂကွန်ဗင်းရှင်း၏ အခြေခံမူ(၈)ချက်ပေါ် မူတည်၍ ရေးဆွဲထားသည့်အတွက် နိုင်ငံတကာကလက်ခံထားသည့် အခြေခံမူရှိပြီးဖြစ်ပါကြောင်း၊ မဟာဗျူဟာ(၅)နှစ်စီမံကိန်း အတည်ပြုပြဋ္ဌာန်းပြီးပါက ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကိုလည်း ထည့်သွင်းရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါ သည်။



ထို့နောက် ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ထိခိုက်လွယ်အုပ်စုများဌာနခွဲမှ ညွှန်ကြားရေးမှူးက ရေးဆွဲထားသော မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသား အဆင့်မဟာဗျူဟာ (၅) နှစ်စီမံကိန်း (၂၀၂၁-၂၀၂၅) နှင့်စပ်လျဉ်း၍ အခန်း (၆) ခန်းဖြစ်သော ကျန်းမာရေး၊ ပညာရေး၊ လုပ်ငန်းနှင့်အလုပ်အကိုင်၊ လူမှုကာကွယ်စောင့်ရှောက်ရေး၊ သဘာဝဘေးနှင့်အခြားအရေးပေါ်အခြေအနေများ၊ အလွယ်တကူလက်လှမ်းမီ ရယူအသုံးပြု နိုင်မှုကဏ္ဍများအလိုက် ချိတ်ဆက်ထားသည့် ASEAN Enabling Master Plan (2025) ၊ Myanmar Sustainable Development Plan (MSDP)၊ အင်ချွန်းမဟာဗျူဟာနှင့် ဝန်ကြီးဌာနများမှ ရေးဆွဲပြဋ္ဌာန်းထားသည့် မူဝါဒ၊ မဟာဗျူဟာ၊ စီမံကိန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက်လာကြသူများက ဖြည့်စွက်အကြံပြု ဆွေးနွေးခဲ့ကြပါသည်။


မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာ (၅) နှစ် စီမံကိန်း (၂၀၂၁-၂၀၂၅) အတည်ပြုပြဋ္ဌာန်းပြီးပါက မသန်စွမ်းသူများ၏ အရည်အချင်းများ၊ စွမ်းဆောင်ရည်များ၊ အခွင့်အရေးများရှိခြင်းကို အသိအမှတ်ပြုပြီး ဖြစ်သည့်အပြင် နိုင်ငံတော် အစိုးရနှင့် မသန်စွမ်းသူများအား အထောက်အကူပြုစေမည်ဖြစ်ပြီး မသန်စွမ်းသူများ၏ အခွင့်အရေးဖွံဖြိုးမှုအသီးအပွင့်များကိုလည်း နိုင်ငံသားများတန်းတူ ခံစားကြရမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိပါသည်။          

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း အာဆီယံမိသားစု ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်ဆိုင်ရာညီလာခံနှင့် အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် Keynote Address ပြောကြားခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနငှက်အော်စမ်းလူငယ်သင်တန်းကျောင်းသို့သွားရောက်ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့် သင်တန်း ကျောင်းများနှင့် ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ သင်တန်းကျောင်းများသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသက်ကြီးစောင့်ရှောက်ရေးဂေဟာ (ထောက်ကြန့်) သို့ ကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်း ရှမ်းပြည်နယ်၊ ‌ညောင်ရွှေမြို့နယ်ရှိ အသင့်တပ်ဆင်စာသင်ကျောင်းများ ဆောက်လုပ်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခြင်းနှင့် ဖယ်ခုံမြို့နယ်နှင့် မိုးဗြဲမြို့နယ်တို့မှ နေရပ်ပြန်ပြည်သူများအားထောက်ပံ့ပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန်းစိုးနေပြည်တော်ကောင်စီနယ်မြေပျဉ်းမနားမြို့နယ်၊ တောင်သာအုပ်စု၊သူဌေးကုန်းကျေးရွာမီးဘေးကြောင့်ထိခိုက်ပျက်စီးနေအိမ်များအားကွင်းဆင်းထောက်ပံ့
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဆရာဖြစ်သင်တန်း(တတိယအကြိမ်)အား ကြည့်ရှုအားပေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်းနှင့်ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းတို့ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက် မြို့နယ်၊ ဇီးကုန်းမြို့နယ်များအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးနေအိမ်များအား ကွင်းဆင်းကြည့်ရှုထောက်ပံ့ပေးအပ်
အိန္ဒိယသမ္မတနိုင်ငံအစိုးရနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပခြင်း

MOS

DSW

DDM

DOR