ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ သစ်လွင်ဝန်ထမ်းဦးစီးအရာရှိများအတွက် Digital Literacy သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီးဦးအောင်ထွန်းခိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနမှတာဝန်ရှိပုဂ္ဂိုလ်များ၊ နည်းပြများ၊ သင်တန်းသား/သူများတက်ရောက်ခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်သက်ခိုင်ကသင်တန်းအဖွင့်အမှာစကားပြောကြားရာတွင် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် e-Government လုပ်ငန်းသည် အရေးတကြီးလိုအပ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် Help Line / Hot Line ဝန်ဆောင်မှုများ၊ လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့်လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှုစနစ် Case Management Information Management System (CMIMS)၊ Maternal and Child Cash Transfer (MCCT)၊ ပြည်သူများအနေဖြင့် သဘာဝဘေးအန္တရာယ်များကြုံတွေ့ရပါကဘေးအန္တရာယ်ကြိုတင်သတိပေးချက် Myanmar Disaster Alert (MDA) ERP Software နှင့် HR Software စသည်ဖြင့် e-Government ဖြစ်ပေါ်တိုးတက်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိပါကြောင်း၊ e-Government ဌာနခွဲတွင် သင်တန်းဖွင့်လှစ်မှုပုံစံ(၂)မျိုးရှိပါကြောင်း၊ ဝန်ကြီးဌာန e-Government ဌာနခွဲမှ ဦးဆောင်ဖွင့်လှစ်သည့် ဌာနတွင်းသင်တန်းများနှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဖွင့်လှစ်သည့် အဆင့်မြင့်သင်တန်းများရှိပါကြောင်း၊ ဝန်ကြီးရုံး e-Government ဌာနခွဲမှ ဦးဆောင်၍ သစ်လွင်အငယ်တန်းစာရေးဝန်ထမ်း (၁၉)ဦးနှင့် ဒုတိယဦးစီးမှူးများအတွက် ပထမအကြိမ် လူကိုယ်တိုင်တက်ရောက်သည့်ပုံစံဖြင့် (၂၃)ဦး၊ ဒုတိယအကြိမ်နှင့် တတိယအကြိမ်များတွင် (Virtual) ပုံစံဖြင့်(၇၁)ဦးတို့ကို Digital Literacy သင်တန်းများအားဖွင့်လှစ်ခဲ့ပြီးဖြစ်ပါကြောင်း၊ သစ်လွင်ဝန်ထမ်းများအတွက် ကွန်ပျူတာအခြေခံဖြစ်သည့် Word Excel PowerPoint Email နှင့်Zoom အသုံးပြုနည်းသင်ခန်းစာများကို သင်ကြားပို့ချပေးလျက်ရှိပါကြောင်း၊ ကို ဗစ်-၁၉ ရောဂါဖြစ်ပွားမှုကာလများတွင် New Normal ဖြစ်သည့်အလျောက် ဝန်ကြီးဌာနများတွင် Hybrid စနစ်ဖြင့် Zoom Application အားတွင်တွင်ကျယ်ကျယ်အသုံးပြုခဲ့ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များပါဝင်သည့် Myanmar National Portal ကိုတည်ဆောက်ထားပြီးဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့်လည်း Myanmar National Portal တွင် သတင်းအချက်အလက်များ၊ ဝန်ဆောင်မှုကဏ္ဍများတွင် ထုတ်ပြန်ပေးလျက်ရှိပါကြောင်း၊  ဝန်ကြီးဌာနအနေဖြင့် ဝန်ကြီးဌာန Web Portal တစ်ခုတည်ဆောက်လျက်ရှိပြီးသတင်းများ၊ ဝန်ဆောင်မှုများ၊ မူဝါဒများ၊ အသိပညာပေးကဏ္ဍများ၊မှတ်တမ်းများနှင့်ဝန်ကြီးဌာန၏ Public Service လုပ်ငန်းများကိုပြည်သူများထံသို့ အချိန်နှင့်တပြေးညီထုတ်ပြန်ပေးလျက်ရှိပါကြောင်း၊ နည်းပညာခေတ်ဖြစ်သည့်နှင့်အညီသင်တန်းသား/သူများအနေဖြင့် ရုံးသုံးအခြေခံသင်တန်းများသည် အရေးကြီးလိုအပ်လျက်ရှိပါကြောင်း၊ မိမိတို့ဝန်ထမ်းများအနေဖြင့် Digital Literacy နည်းပညာသင်တန်းများနှင့် ဗဟုသုတများသိရှိနားလည်တတ်ကျွမ်းရန်လိုအပ်ပါကြောင်း၊ e-Government စနစ်ကိုအသုံးပြုခြင်းဖြင့် အစိုးရ၏ယန္တရားကိုကျစ်ကျစ်လျစ်လျစ်ဆောင်ရွက်နိုင်ခြင်း၊ အစိုးရ၏လုပ်ငန်းများကိုကုန်ကျစရိတ်နှင့်အချိန်ပိုမိုသက်သာစွာဆောင်ရွက်နိုင်ခြင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်း၊ အဂတိလိုက်စားမှုကိုလျော့ချနိုင်ခြင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကိုအရှိန်အဟုန်မြင့်မားနိုင်ခြင်း၊ ပြည်သူလူထု၏ တုံ့ပြန်မှုကိုအလွယ်တကူစစ်တမ်းကောက်ယူနိုင်ခြင်း၊ အစိုးရနှင့်ပြည်သူများအကြားအလှမ်းကွာဝေးမှုကိုလျော့ချနိုင်ခြင်းစသည့်အကျိုး ကျေးဇူးများကိုရရှိနိုင်မည် ဖြစ်ပါကြောင်း၊မိမိတို့ဝန်ထမ်းများအနေဖြင့်လည်းဌာနများတွင်ရှိသောကွန်ပျူတာများအားစနစ်တကျ သေသေ ချာချာအလေးထားအသုံးပြုစေလိုပါကြောင်း၊ ICT ဘာသာရပ်များအားလေ့လာသင်ကြားကြရာတွင် မိမိတို့ဘာသာ Online Platform များမှ လေ့လာသိရှိမှုနှင့် သင်တန်းများအားစနစ်တကျလေ့လာသင်ကြားခြင်းဟူ၍ (၂)မျိုးရှိပါကြောင်း၊ ဝန်ကြီးဌာနရှိ Data အချက်အလက်များအားလုံခြုံစိတ်ချမှုရှိစေရန် Security နှင့် ပတ်သက်သည်များကိုဝန်ထမ်းများအနေဖြင့်အလေးထားဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ သင်တန်းသင်ကြားပေးကြမည့် နည်းပြများအနေဖြင့်လည်း ICT နှင့်ပတ်သက်သည့် ကျင့်ဝတ် (Ethic) များကိုလည်းအထူးအလေးထားသင်ကြားပို့ချပေးစေလိုပါကြောင်းတိုက်တွန်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးဦးအောင်ထွန်းခိုင်ကယခုဖွင့်လှစ်သောသင်တန်းသည် သစ်လွင်ဦးစီးအရာရှိများအတွက် ဖွင့်လှစ်သည့် သင်တန်းဖြစ်ပါကြောင်း၊ နိုင်ငံတကာတွင် ငယ်ရွယ်စဉ်ကာလမှစတင်ကာ ICT နည်းပညာနှင့်ပတ်သက်၍ သင်ကြားပေးလျက်ရှိပါကြောင်း၊ နည်းပညာခေတ်ဖြစ်သည့်အတွက် Digital Device များသုံးခြင်းဖြင့် လုပ်ငန်း၏ ခရီးအားတိုတောင်းခြင်းနှင့် ခရီးကျုံ့ခြင်းစသည့် အကျိုးများရရှိမည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် Computer Typing Skill လိုအပ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် ကျွမ်းကျင်မှု (Skill)၊ လုံခြုံမှု (Security) နှင့် ကျင့်ဝတ်(Ethic) ဟူ၍ အရေးကြီးဆုံး(၃)ချက်အားအလေးထားလိုက်နာဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်။

အဆိုပါသင်တန်းအား In person / Virtual ပုံစံ(၂)မျိုးဖြင့် (၄-၇-၂၀၂၂) ရက်နေ့မှ (၁၈-၇-၂၀၂၂) ရက်နေ့ထိဖွင့်လှစ်မည်ဖြစ်ပြီးဦးစီးဌာနများမှ သစ်လွင်အရာရှိစုစုပေါင်း(၁၉)ဦးတက်ရောက်လျက်ရှိပါသည်။ အဆိုပါသင်တန်းဖွင့်လှစ်ခြင်းဖြင့် လုပ်ငန်းခွင်တွင် လုပ်ငန်းစွမ်းဆောင် ရည်များတိုးတက်စေခြင်း၊ ရုံးဌာနအသုံးအနှုန်းများရင်းနှီးကျွမ်းကျင်မှုရှိစေခြင်း၊ e-Government လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ICT နည်းပညာဗဟုသုတများကိုသိရှိနားလည်စေခြင်းစသည့် အကျိုးကျေးဇူးများရရှိမည်ဖြစ်ပါကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း အာဆီယံမိသားစု ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်ဆိုင်ရာညီလာခံနှင့် အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် Keynote Address ပြောကြားခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနငှက်အော်စမ်းလူငယ်သင်တန်းကျောင်းသို့သွားရောက်ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့် သင်တန်း ကျောင်းများနှင့် ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ သင်တန်းကျောင်းများသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသက်ကြီးစောင့်ရှောက်ရေးဂေဟာ (ထောက်ကြန့်) သို့ ကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်း ရှမ်းပြည်နယ်၊ ‌ညောင်ရွှေမြို့နယ်ရှိ အသင့်တပ်ဆင်စာသင်ကျောင်းများ ဆောက်လုပ်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခြင်းနှင့် ဖယ်ခုံမြို့နယ်နှင့် မိုးဗြဲမြို့နယ်တို့မှ နေရပ်ပြန်ပြည်သူများအားထောက်ပံ့ပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန်းစိုးနေပြည်တော်ကောင်စီနယ်မြေပျဉ်းမနားမြို့နယ်၊ တောင်သာအုပ်စု၊သူဌေးကုန်းကျေးရွာမီးဘေးကြောင့်ထိခိုက်ပျက်စီးနေအိမ်များအားကွင်းဆင်းထောက်ပံ့
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဆရာဖြစ်သင်တန်း(တတိယအကြိမ်)အား ကြည့်ရှုအားပေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်းနှင့်ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းတို့ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက် မြို့နယ်၊ ဇီးကုန်းမြို့နယ်များအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးနေအိမ်များအား ကွင်းဆင်းကြည့်ရှုထောက်ပံ့ပေးအပ်
အိန္ဒိယသမ္မတနိုင်ငံအစိုးရနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပခြင်း

MOS

DSW

DDM

DOR