ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

၂၀၂၄ ခုနှစ်၊အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက်တာလှုပ်ရှားမှုအထိမ်းအမှတ်အခမ်းအနားကိုနေပြည်တော်၊ရုံးအမှတ် ၂၃ ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပရာ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့်ဇနီး၊ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီနှင့် ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာအမျိုးသားအဆင့်ကော်မတီဝင်ဒုတိယဝန်ကြီးများနှင့်ဇနီးများ၊ပြည်ထောင်စုနယ်မြေနေပြည်တော်အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊အမြဲတမ်းအတွင်းဝန်များ၊ညွှန်ကြားရေးမှူးချုပ်များ၊အစိုးရမဟုတ်သောအမျိုးသမီးအဖွဲ့အစည်းများမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင်ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းကအဖွင့်အမှာစကားပြောကြားရာတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက်တာလှုပ်ရှားမှုအထိမ်းအမှတ်အခမ်းအနားများကိုမြန်မာနိုင်ငံတွင်သာမကကမ္ဘာတစ်ဝန်းတွင်နှစ်စဉ်ကျင်းပလျက်ရှိပါကြောင်း၊ကိုဗစ် ၁၉ နောက်ပိုင်းစီးပွားရေးကျဆင်းခြင်း၊ လူကြောင့်ဖြစ်သောဘေးအန္တရာယ်များနှင့် ရာသီဥတုပြောင်းလဲမှုများအပါအဝင် ဆက်စပ်ဖြစ်ပေါ်နေသည့်ဘေးအမျိုးမျိုးသည်အမျိုးသမီးများအပေါ်သက်ရောက်မှုရှိသကဲ့သို့ အမျိုးသမီးနှင့်မိန်းကလေးငယ်များအပေါ်အကြမ်းဖက်မှုပိုမို၍ဖြစ်ပေါ်စေရန် တွန်းပို့လျက်ရှိပါကြောင်း၊ကမ္ဘာတစ်ဝန်းတွင် အမျိုးသမီးများရင်ဆိုင်နေရသည့်အခက်အခဲများ၊ စိန်ခေါ်မှုများကိုတုံ့ပြန်ဆောင်ရွက်နိုင်ရန်အစီအစဉ်များနှင့် အမျိုးသမီးများ၏စွမ်းဆောင်နိုင်မှုအရည်အသွေးများကိုမြှင့်တင်ဆောင်ရွက်ပေးလျက်ရှိသော်လည်းတစ်ဖက်တွင်လည်းနည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုများ၊ စိန်ခေါ်မှုများကိုကြုံတွေ့နေရသည့်မိန်းကလေးငယ်များလည်းရှိနေပါကြောင်း၊မြန်မာနိုင်ငံအနေဖြင့် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသမီးအခွင့်အရေးမြှင့်တင်ရေးနှင့်အမျိုးသမီးများအပေါ်နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုမှ ကင်းဝေးစေရေးအတွက်  ကုလသမဂ္ဂမှချမှတ်ထားသည့်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုရည်မှန်းချက်ပန်းတိုင်များ၊ကမ္ဘာ့အမျိုးသမီးညီလာခံနှင့်အမျိုးသမီးများအားနည်းမျိုးစုံဖြင့်ခွဲခြားမှုပပျောက်ရေးဆိုင်ရာကွန်ဗင်းရှင်းပါပြဋ္ဌာန်းချက်များ၊လုပ်ငန်းအစီအစဉ်များကိုနိုင်ငံတော်အဆင့်မူဝါဒများ ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ယခုနှစ် ဆောင်ပုဒ်မှာအမျိုးသမီးများအပေါ်အကြမ်းဖက်မှုရပ်တန့်ဖို့ အားလုံးပေါင်းစုကြိုးပမ်းလို့ဘေဂျင်းကြေညာစာတမ်းနှင့် လုပ်ငန်းစီမံချက်နှစ်(၃၀)ပြည့်ဆီအရောက်လှမ်းစို့ဖြစ်ပြီးဆောင်ပုဒ်၏အဓိကအလေးပေးလိုသည့်အချက်မှာအမျိုးသမီးများနှင့်မိန်းကလေးငယ်များအပေါ်အကြမ်းဖက်မှုရပ်တန့်ရန်အတွက်ကျူးလွန်သူကိုလုံးဝလွတ်မြောက်ခွင့်မပေးဘဲထိရောက်သည့်ပြစ်ဒဏ်ပေးခြင်း၊ ပြစ်ဒဏ်မှကင်းလွတ်ခွင့်မပေးခြင်းအပြင်အကြမ်းဖက်ခံရသူအမျိုးသမီးများအတွက် ဥပဒေဖြင့်အကာအကွယ်ရယူရန် တရားရေးဆိုင်ရာဝန်ဆောင်မှု၊ကျန်းမာရေးဆိုင်ရာစောင့်ရှောက်မှု၊ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာဝန်ဆောင်မှုများ ထောက်ပံ့ပေးခြင်းတို့ကို အစိုးရအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများအပါအဝင် ပြည်သူအားလုံးက ပူးပေါင်းဆောင်ရွက်ကြရန် လှုံ့ဆော်ပေးခြင်းဖြစ်ပါကြောင်း၊ အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်လိုပါကြောင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးဆိုင်ရာဆောင်ရွက်ချက်များVideo Clip ကိုပြသခဲ့ပြီးအခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း အာဆီယံမိသားစု ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်ဆိုင်ရာညီလာခံနှင့် အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် Keynote Address ပြောကြားခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနငှက်အော်စမ်းလူငယ်သင်တန်းကျောင်းသို့သွားရောက်ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့် သင်တန်း ကျောင်းများနှင့် ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ သင်တန်းကျောင်းများသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသက်ကြီးစောင့်ရှောက်ရေးဂေဟာ (ထောက်ကြန့်) သို့ ကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်း ရှမ်းပြည်နယ်၊ ‌ညောင်ရွှေမြို့နယ်ရှိ အသင့်တပ်ဆင်စာသင်ကျောင်းများ ဆောက်လုပ်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခြင်းနှင့် ဖယ်ခုံမြို့နယ်နှင့် မိုးဗြဲမြို့နယ်တို့မှ နေရပ်ပြန်ပြည်သူများအားထောက်ပံ့ပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန်းစိုးနေပြည်တော်ကောင်စီနယ်မြေပျဉ်းမနားမြို့နယ်၊ တောင်သာအုပ်စု၊သူဌေးကုန်းကျေးရွာမီးဘေးကြောင့်ထိခိုက်ပျက်စီးနေအိမ်များအားကွင်းဆင်းထောက်ပံ့
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဆရာဖြစ်သင်တန်း(တတိယအကြိမ်)အား ကြည့်ရှုအားပေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်းနှင့်ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းတို့ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက် မြို့နယ်၊ ဇီးကုန်းမြို့နယ်များအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးနေအိမ်များအား ကွင်းဆင်းကြည့်ရှုထောက်ပံ့ပေးအပ်
အိန္ဒိယသမ္မတနိုင်ငံအစိုးရနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပခြင်း

MOS

DSW

DDM

DOR