ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

 

          “လူကုန်ကူးမှုများနှင့် ပတ်သက်သည့်တရား စီရင်ရေးလုပ်ငန်းစဉ်များနှင့် တရားစီရင်ရေး လုပ်ငန်းစဉ်အတွင်း လူကုန်ကူးခံရသူများအား အကာအကွယ်ပေးခြင်းဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းဖွင့်ပွဲအခမ်းအနားကို နေပြည်တော်၊ Hotel Max ၌ ယနေ့နံနက် (၁၀:၀၀) နာရီအချိန်တွင် ကျင်းပခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဒေါက်တာ သန်းစိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊  မြန်မာ နိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် International Justice Mission- IJM (Myanmar)မှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။

 

               ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် လူကုန်ကူးခံရသူများအား ပြန်လည် လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့်ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းကော်မတီကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဦးဆောင် ဆောင်ရွက်နေ ကြောင်း၊ လူကုန်ကူးခံရသူအဖြစ် စိစစ်သတ်မှတ်ခြင်းလုပ်ငန်းစဉ်မှစ၍ လွှဲပြောင်းလက်ခံခြင်း၊ လက်ခံ စောင့်ရှောက်ခြင်း၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းပေးခြင်းနှင့် ပြန်လည်ထူထောင်ပေးခြင်းတို့ကို အစိုးရ ဌာနများ၊ အစိုးရမဟုတ်သော လူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ လူကုန်ကူးခံရသူ ဗဟိုပြုချဉ်းကပ်မှုပုံစံဖြင့် တရားစွဲဆိုရေးနှင့် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်း များကို ထိရောက်စွာဆောင်ရွက်နိုင်ရန်၊ တရားစီရင်ရေးစနစ်တွင်  လူကုန်ကူးခံရသူများမှ ပူးပေါင်း ဆောင်ရွက်လာစေရန်၊  လူကုန်ကူးမှုများနှင့်စပ်လျဉ်းသည့် တရားစွဲဆိုရေးလုပ်ငန်းစဉ်များ၊ တရားစွဲ ဆိုရေးလုပ်ငန်းစဉ်အတွင်း ဆောင်ရွက်ပေးရမည့် ကာကွယ်စောင့်ရှောက်မှုအစီအမံများ၊ ဥပဒေနှင့် အညီရပိုင်ခွင့်ရှိသည့် အခွင့်အရေးများကို သိရှိစေရန်စသည့် လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်၍ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အပါအဝင်တာဝန်ရှိဌာနအသီးသီးက မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ (၅)နှစ်စီမံကိန်းပါ လုပ်ငန်းစီမံချက်လုပ်ငန်းများ အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိကြောင်း၊   လူကုန်ကူးခံရသူများအား  ကာကွယ်စောင့်ရှောက်ပေးခြင်းဆိုင်ရာ နိုင်ငံတကာ ကွန်ဗင်းရှင်းနှင့် သဘောတူစာချုပ်များပါ အခွင့်အရေးကာကွယ်စောင့်ရှောက်မှုဆိုင်ရာ ပြဋ္ဌာန်းချက် များ၊ မြန်မာနိုင်ငံ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေနှင့် တရားစီရင်ရေးလုပ်ငန်းစဉ်များအရ ဆောင်ရွက်ရန်နှင့် ရှောင်ကြဉ်ရန်များကို သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းမှရရှိသည့် အသိပညာဗဟုသုတများကို လက်တွေ့လုပ်ငန်းဆောင်ရွက်ရာတွင် ပြန်လည်အသုံးချသွားရန် လိုအပ် ပါကြောင်း မှာကြားခဲ့ပါသည်။

 

               သင်တန်းသို့ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ သင်တန်းသား၊ သင်တန်းသူစုစုပေါင်း (၃၀)ဦးဖြင့် (၁၈.၃.၂၀၂၆) ရက်နေ့မှ (၂၀.၃.၂၀၂၆)ရက်နေ့အထိ (၃)ရက်ကြာ ဖွင့်လှစ်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း အာဆီယံမိသားစု ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်ဆိုင်ရာညီလာခံနှင့် အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် Keynote Address ပြောကြားခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနငှက်အော်စမ်းလူငယ်သင်တန်းကျောင်းသို့သွားရောက်ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့် သင်တန်း ကျောင်းများနှင့် ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ သင်တန်းကျောင်းများသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသက်ကြီးစောင့်ရှောက်ရေးဂေဟာ (ထောက်ကြန့်) သို့ ကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်း ရှမ်းပြည်နယ်၊ ‌ညောင်ရွှေမြို့နယ်ရှိ အသင့်တပ်ဆင်စာသင်ကျောင်းများ ဆောက်လုပ်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခြင်းနှင့် ဖယ်ခုံမြို့နယ်နှင့် မိုးဗြဲမြို့နယ်တို့မှ နေရပ်ပြန်ပြည်သူများအားထောက်ပံ့ပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန်းစိုးနေပြည်တော်ကောင်စီနယ်မြေပျဉ်းမနားမြို့နယ်၊ တောင်သာအုပ်စု၊သူဌေးကုန်းကျေးရွာမီးဘေးကြောင့်ထိခိုက်ပျက်စီးနေအိမ်များအားကွင်းဆင်းထောက်ပံ့
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဆရာဖြစ်သင်တန်း(တတိယအကြိမ်)အား ကြည့်ရှုအားပေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်းနှင့်ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းတို့ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက် မြို့နယ်၊ ဇီးကုန်းမြို့နယ်များအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးနေအိမ်များအား ကွင်းဆင်းကြည့်ရှုထောက်ပံ့ပေးအပ်
အိန္ဒိယသမ္မတနိုင်ငံအစိုးရနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပခြင်း

MOS

DSW

DDM

DOR