ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာစိုးဝင်းသည် ဒီဇင်ဘာလ (၁၁)ရက်နေ့၊ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ထောက်ကြံ့အမျိုးသမီးလေးများသင်တန်းကျောင်းသို့ ရောက်ရှိပြီး သင်တန်းသူများအား ကျောင်း ပညာနှင့် အသက်မွေးဝမ်းကျောင်းပညာများသင်ကြားပေးနေမှုအခြေအနေနှင့် ယခင်စစ်ဆေးမှာကြားမှုများအပေါ် ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးကာ သင်တန်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ နိုင်ငံတော်က အားထားရသော သမီးကောင်းများ ဖြစ်စေရေး၊ မိမိတို့၏ဘဝလမ်းကြောင်းကို အသိပညာ၊ အတတ်ပညာ၊ စဉ်းစားတွေးခေါ်တတ်မှုတို့ဖြင့် ခိုင်ခိုင်မာမာလျှောက်လှမ်းနိုင်ရေး အတွက် ကြိုစားလေ့လာသင်ယူကြရန် မှာကြားပါသည်။

ယင်းနောက်ပြည်ထောင်စုဝန်ကြီးသည်ဧရာဝတီတိုင်းဒေသကြီး၊ညောင်တုန်းမြို့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးဆောက်လုပ်နေမှုအား သွားရောက် ကြည့်ရှုပြီးသတ်မှတ်စံချိန်စံညွှန်းများအတိုင်း အပြည့်အဝဆောက်လုပ်နိုင်ရေး တာဝန်ရှိသူအဆင့် ဆင့်က အလေးထားဆောင်ရွက်ကြရန်၊ အဆောက်အဦးဆောက်လုပ်ပြီးပါက မြို့နယ်ဦးစီးမှူးရုံးကို အမြန်ဆုံးပြောင်းရွှေ့ဖွင့်လှစ်ရန် တို့ကိုမှာကြားပါသည်။

ဆက်လက်၍ပြည်ထောင်စုဝန်ကြီးသည် ဟင်္သာတမြို့၊ဖောင်ဆိပ်ကျေးရွာတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရံပုံငွေဖြင့် ဆောက်လုပ်နေသော ဘေးဒဏ်ခံစာသင်ကျောင်း(Schoolcum Shelter) တည်ဆောက်မှုအား သွားရောက်ကြည့်ရှုစစ်ဆေးပါသည်။ ပြည်ထောင်စုဝန်ကြီးက သာမန်အချိန်တွင် စာသင်ကျောင်းအဖြစ်အသုံးပြုပြီး ဘေးအန္တရာယ်ကျရောက်ချိန်တွင် ခိုလှုံရာနေရာအဖြစ်အသုံးပြုခြင်းဖြင့် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှု လျော့နည်း သက်သာစေရေး အတွက် နိုင်ငံတော်အကြီးအကဲနှင့် အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဌတို့က ခွင့်ပြုချထားပေးခြင်းဖြစ်၍ တည်ဆောက်မှုပိုင်းတွင်လည်း သတ်မှတ်စံချိန်စံညွှန်းများအတိုင်းတိကျစွာ ဆောက်လုပ်ရန်အရေးကြီးပါကြောင်း၊ ဆောက်လုပ်ပြီးပါက တာဝန်ရှိသူများနှင့်ဒေသခံပြည်သူများအနေဖြင့် စနစ်တကျထိန်းသိမ်း အသုံးပြုကြရန် လိုအပ်ပါကြောင်းတို့ကို မှာကြားခဲ့ပါသည်။

ယင်းနောက်ပြည်ထောင်စုဝန်ကြီးသည် ဟင်္သာတခရိုင် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးနှင့် ကယ်ဆယ်ရေး ပစ္စည်းသိုလှောင်ရုံသို့သွားရောက်ပြီး ကယ်ဆယ်ထောက်ပံ့မှုလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေ၊ ကယ်ဆယ်ရေးပစ္စည်းများ သိုလှောင်ထားရှိမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပါသည်။ ပြည်ထောင်စုဝန်ကြီးက ခြောက်သွေ့ရာသီရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ်ကို သတိပြု၍ လိုအပ်သော မီးငြိမ်းသတ်ရေးပစ္စည်းများထပ်မံဖြည့်တင်းထားရန်၊ မီးဘေးလုံခြုံရေးစီမံချက်ကို အချိန်အခါနှင့်အမြဲကိုက်ညီမှုရှိစေရေး ပြင်ဆင်မှုများ ပြုလုပ်၍ ဇာတ်တိုက်လေ့ကျင့်မှုများ ပြုလုပ်ကြရန် တို့ကို မှာကြားပါသည်။

ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ဟင်္သာတမြို့၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုသင်တန်းကျောင်းသို့ ဆက်လက်သွားရောက်ပြီး လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်ရုံးများမှ ဝန်ထမ်းများအား တွေ့ဆုံ၍ နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်များ၊ လက်ရှိကြုံတွေ့နေရသော နိုင်ငံ၏နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေများကို ဝန်ထမ်းများ သိရှိနားလည်နိုင်ရေးအတွက် ထပ်ဆင့်ရှင်းလင်းပြောကြားပြီးပြည်ထောင်စုဝန်ကြီးကဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းပေးခြင်းတို့ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း အာဆီယံမိသားစု ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်ဆိုင်ရာညီလာခံနှင့် အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် Keynote Address ပြောကြားခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနငှက်အော်စမ်းလူငယ်သင်တန်းကျောင်းသို့သွားရောက်ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့် သင်တန်း ကျောင်းများနှင့် ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ သင်တန်းကျောင်းများသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသက်ကြီးစောင့်ရှောက်ရေးဂေဟာ (ထောက်ကြန့်) သို့ ကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်း ရှမ်းပြည်နယ်၊ ‌ညောင်ရွှေမြို့နယ်ရှိ အသင့်တပ်ဆင်စာသင်ကျောင်းများ ဆောက်လုပ်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခြင်းနှင့် ဖယ်ခုံမြို့နယ်နှင့် မိုးဗြဲမြို့နယ်တို့မှ နေရပ်ပြန်ပြည်သူများအားထောက်ပံ့ပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန်းစိုးနေပြည်တော်ကောင်စီနယ်မြေပျဉ်းမနားမြို့နယ်၊ တောင်သာအုပ်စု၊သူဌေးကုန်းကျေးရွာမီးဘေးကြောင့်ထိခိုက်ပျက်စီးနေအိမ်များအားကွင်းဆင်းထောက်ပံ့
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဆရာဖြစ်သင်တန်း(တတိယအကြိမ်)အား ကြည့်ရှုအားပေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်းနှင့်ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းတို့ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက် မြို့နယ်၊ ဇီးကုန်းမြို့နယ်များအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးနေအိမ်များအား ကွင်းဆင်းကြည့်ရှုထောက်ပံ့ပေးအပ်
အိန္ဒိယသမ္မတနိုင်ငံအစိုးရနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပခြင်း

MOS

DSW

DDM

DOR