ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးသည်ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိရွှေဂုံတိုင်ကလေးပြုစုရေးဌာန၊ အမျိုးသမီးများပြုစုစောင့်ရှောက်ရေးစင်တာနှင့် မသန်စွမ်းသက်ကြီးစောင့်ရှောက်ရေးဂေဟာသို့ ၂၃.၁.၂၀၂၆ ရက်နေ့ နံနက်ပိုင်းတွင် တာဝန်ရှိသူများလိုက်ပါလျက် သွားရောက်ကြည့်ရှုခဲ့ပါသည်။

ဒုတိယဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်ရှိမွေးစမှ  အသက် ၁၀ နှစ်အရွယ် အထိ ကလေးသူငယ်များကို လက်ခံစောင့်ရှောက်ထားသော ရွှေဂုံတိုင်ကလေးပြုစုရေးဌာနသို့ ရောက်ရှိရာကျောင်းအုပ်မှကျောင်း၏လုပ်ငန်း ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြပြီး ကလေး အဆောင်များ၊ထမင်းစားဆောင်၊ ဆေးခန်းတို့ကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ဒုတိယဝန်ကြီးသည် မူလတန်းကြိုကျောင်းနှင့် မူလတန်းတက်ရောက်နေသော ကလေးငယ်များအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကာ တာဝန်ရှိသူများအား လသားကလေးငယ်များ နှင့် အထူးပြုစုစောင့်ရှောက်ရန်လိုအပ်သည့် ကလေးများအား နွေးထွေးစွာ ပြုစုစောင့်ရှောက်ရန်၊  ကလေးငယ်များကို ပြင်ပလေ့လာရေးများ ပို့ဆောင်ပေးရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ရွှေပြည်သာမြို့နယ်ရှိ အမျိုးသမီးများပြုစုစောင့်ရှောက်ရေးစင်တာသို့ သွားရောက်ရာကျောင်းသူအဆောင်များ၊ မီးဖိုဆောင် နှင့် စိုက်ခင်းများကို  လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ပြီးရာသီပေါ်ဟင်းသီးဟင်းရွက်များနှင့် အရိပ်ရအပင်များစိုက်ပျိုးရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

ဒုတိယဝန်ကြီးသည် ထောက်ကြန့်မြို့နယ်ရှိ မသန်စွမ်းသက်ကြီးစောင့်ရှောက်ရေးဂေဟာသို့ သွားရောက်ကာ မသန်စွမ်းကျောင်းသား၊ကျောင်းသူများကို လက်ခံစောင့်ရှောက်ပေးနေမှု၊ ချက်ပြုတ်ကျွေးမွေးမှုများနှင့် အိပ်ဆောင်များကို ကြည့်ရှုစစ်ဆေးခဲ့ပြီးမသန်စွမ်းသူများဖြစ်သဖြင့် အထူးဂရုပြုပြီးစောင့်ရှောက်မှုပေးရန်၊ အာဟာရပြည့်ဝစေရေးစနစ်တကျကျွေးမွေးစောင့်ရှောက်ရန် လမ်းညွှန်မှာကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိဦးစီးဌာနများ၏လုပ်ငန်းဆောင်ရွက်ချက်များကြည့်ရှုစစ်ဆေးခြင်းနှင့်ဦးစီးဌာနအရာထမ်း၊အမှုထမ်းများနှင့်တွေ့ဆုံခြင်း
“လူကုန်ကူးမှုများနှင့်ပတ်သက်သည့် တရားစီရင်ရေးလုပ်ငန်းစဉ်များနှင့် တရားစီရင်ရေးလုပ်ငန်းစဉ် အတွင်း လူကုန်ကူးခံရသူများအား အကာအကွယ်ပေးခြင်းဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း” ဖွင့်ပွဲ အခမ်းအနားကျင်းပ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ လယ်ဝေးမြို့နယ်အတွင်းရှိ အသင့်တပ်ဆင်ကျေးလက်ကျန်းမာရေးဆေးခန်း အဆောက်အဦနှင့် စာသင်ဆောင် ဆောက်လုပ်ထားရှိမှုအား ကြည့်ရှုစစ်ဆေး
“ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေးဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ရေး(TOT)သင်တန်း”ဖွင့်ပွဲအခမ်းအနားကျင်းပ

MOS

DSW

DDM

DOR