ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

ရန်ကုန်တိုင်းဒေသကြီးသို့ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်‌ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် တာဝန်ရှိသူများလိုက်ပါလျက် ရန်ကုန်တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနလက်အောက်ရှိ စံပြရင်သွေးအိမ်မူလတန်းကြိုကျောင်းသို့ သွားရောက်ခဲ့ပြီး မူကြိုကျောင်းများသည် ယနေ့ခေတ်တွင် နိုင်ငံတော်က အလေးထားဆောင်ရွက်နေသည့် လူငယ်ကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သည့်အတွက် ကလေးများ၏ ကာယ၊ ဉာဏ၊ စာရိတ္တများ တိုးတက်ကောင်းမွန်ရန် အရေးကြီးပါကြောင်း၊ နောင်အခါတွင် အများနှင့် လိုက်လျောညီထွေနေထိုင်တတ်ပြီး အများအကျိုးထမ်းဆောင်လိုစိတ်၊ တိုင်းပြည်ချစ်စိတ်များရှိလာအောင် လေ့ကျင့်ပျိုးထောင်ပေးရမည်ဖြစ်ကြောင်း၊ ယခုအရွယ်မှစ၍ စည်းစည်းလုံးလုံးနှင့် အချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်သည့် အခြေခံအလေ့အကျင့်ကောင်းများ ကိန်းအောင်းလာစေရန် စနစ်တကျသင်ကြားလေ့ကျင့်ပေးရန်လိုအပ်ပါကြောင်းပြောကြား၍ ကလေးများအား သင်ကြားလေ့ကျင့်ပေးရာနေရာများ၊ ဆော့ကစားရာ ကစားကွင်းနေရာများ၊ ကလေးများအတွက် ချက်ပြုတ်ကျွေးမွေးရာ မီးဖိုများနှင့် ရေအိမ်သုံးစွဲရာနေရာများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

ထို့နောက်ပြည်ထောင်စုဝန်ကြီးကကလေးများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံ၍ကလေးများ၏ဖွံ့ဖြိုးမှုအခြေအနေနှင့်သင်ကြားလေ့ကျင့်နေမှုအခြေအနေတို့ကိုကြည့်ရှုပြီးငယ်စဉ်ကတည်းကအသိပညာနှင့်ယဉ်ကျေးမှုအဆင့်အတန်းမြင့်မားသည့်လူသားစွမ်းအားစုများဖြစ်ပေါ်စေရေးအတွက်မူကြိုအရွယ်နှင့်သင့်လျော်သည့်လိမ္မာရေးခြားရှိမှု၊ကိုယ်ချင်းစာတရားရှိမှုစသည်တို့ကိုကလေးများ၏နားလည်နိုင်မှုအခြေအနေပေါ်မူတည်၍ကဗျာ၊ပုံပြင်၊သီချင်းတို့ဖြင့်စနစ်တကျသင်ကြားလေ့ကျင့်ပေးနေမှုတို့ကိုကြည့်ရှုအားပေးခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းသို့ သွားရောက်ခဲ့ပြီးသင်တန်းကျောင်းကျောင်းအုပ်မှ သက်မွေးသင်တန်းများဖွင့်လှစ်ဆောင်ရွက်နေမှုအခြေအနေများအားတင်ပြပါသည်။ပြည်ထောင်စုဝန်ကြီးကအိမ်တွင်းမှုသင်တန်းများပေးပြီးသင်တန်းသား/သူများ ဘဝအတွက်အကျိုးရှိအောင် အသုံးပြုရေး၊ သင်တန်းသားအရေအတွက်များအားတိုးမြှင့်သင်ကြားပေးနိုင်ရေး၊ သင်ကြားပေးသောဘာသာရပ်များသည် သမားရိုးကျသင်တန်းများမဟုတ်ပဲ ခေတ်နှင့်အညီဆန်းသစ်တီထွင်သည့် အိမ်တွင်းမှုဘာသာရပ်များသင်ကြားပေးနိုင်ရေးနှင့် သင်ကြားရရှိသည့် ဘာသာရပ်များဖြင့်အလုပ်အကိုင်အခွင့်အလမ်းများတိုးမြှင့်ရရှိရေးဆက်လက်ဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးကသင်တန်းသား/သူများနှင့် ရင်းနှီးစွာတွေ့ဆုံပြီးယခုသင်တန်းမှ သင်ကြားပေးလိုက်သည့် သက်မွေးပညာကိုအခြေခံပြီးတစ်ပိုင်တစ်နိုင် ကိုယ်ပိုင်စီးပွားရေးဖြစ်ထွန်းတိုးတက်လာအောင် ကြိုးစားဆောင်ရွက်စေလိုကြောင်း၊ ထိုမှတစ်ဆင့် မိမိတို့၏ ထုတ်ကုန်များအားပြည်တွင်းတွင် သုံးစွဲနိုင်ရုံသာမကနိုင်ငံခြားထုတ်ကုန်များကဲ့သို့ အဆင့်မီအောင် ကြိုးစားစေလိုကြောင်း၊ သင်တန်းဆင်းကျောင်းသူများအသက်မွေးဝမ်းကျောင်းလုပ်ငန်းများဆောင်ရွက်နိုင်မှုရှိ-မရှိအားတာဝန်ရှိသူများမှ စဉ်ဆက်မပြတ် ဆန်းစစ်ဆောင်ရွက်ရန်လိုအပ်ပါကြောင်းလမ်းညွှန်မှာကြားခဲ့ပါသည်။ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းတွင် (၁၉.၂.၂၀၂၄)ရက်နေ့မှ (၂၉.၃.၂၀၂၄)ရက်နေ့အထိ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၏ အဌမအကြိမ်မြောက်  ဖွင့်လှစ်လျက်ရှိသော ကျောင်းအခြေပြုသင်တန်းများတွင် သင်တန်းသား/သူ (၅၀)ဦးတက်ရောက်သင်ကြားလျက်ရှိကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း အာဆီယံမိသားစု ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်ဆိုင်ရာညီလာခံနှင့် အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် Keynote Address ပြောကြားခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနငှက်အော်စမ်းလူငယ်သင်တန်းကျောင်းသို့သွားရောက်ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့် သင်တန်း ကျောင်းများနှင့် ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ သင်တန်းကျောင်းများသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသက်ကြီးစောင့်ရှောက်ရေးဂေဟာ (ထောက်ကြန့်) သို့ ကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်း ရှမ်းပြည်နယ်၊ ‌ညောင်ရွှေမြို့နယ်ရှိ အသင့်တပ်ဆင်စာသင်ကျောင်းများ ဆောက်လုပ်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခြင်းနှင့် ဖယ်ခုံမြို့နယ်နှင့် မိုးဗြဲမြို့နယ်တို့မှ နေရပ်ပြန်ပြည်သူများအားထောက်ပံ့ပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန်းစိုးနေပြည်တော်ကောင်စီနယ်မြေပျဉ်းမနားမြို့နယ်၊ တောင်သာအုပ်စု၊သူဌေးကုန်းကျေးရွာမီးဘေးကြောင့်ထိခိုက်ပျက်စီးနေအိမ်များအားကွင်းဆင်းထောက်ပံ့
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဆရာဖြစ်သင်တန်း(တတိယအကြိမ်)အား ကြည့်ရှုအားပေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်းနှင့်ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းတို့ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက် မြို့နယ်၊ ဇီးကုန်းမြို့နယ်များအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးနေအိမ်များအား ကွင်းဆင်းကြည့်ရှုထောက်ပံ့ပေးအပ်
အိန္ဒိယသမ္မတနိုင်ငံအစိုးရနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပခြင်း

MOS

DSW

DDM

DOR