ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းဗဟိုကြီးကြပ်ရေးအဖွဲ့အစည်းအဝေးကို (၂၈.၉.၂၀၂၃)ရက်နေ့၊ (၁၃:၀၀)နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ရာဗဟိုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း၊ ဒုတိယဝန်ကြီးဦးစိုးကြည်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့်ဗဟိုကြီးကြပ်ရေးအဖွဲ့ အဖွဲ့ဝင်များတက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးကရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းဥပဒေအရဗဟိုကြီးကြပ်ရေးအဖွဲ့နှင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်ကြီးကြပ်ရေးအဖွဲ့တို့ကိုဖွဲ့စည်းထားရှိပြီးပြည်တွင်း/ပြည်ပပုဂ္ဂလိကနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများမှ ဖွင့်လှစ်သည့်နေ့ကလေးထိန်းဌာန/ မူလတန်းကြိုကျောင်းများ၊ ရပ်ရွာအခြေပြု/ အိမ်အခြေပြုကလေးသူငယ်ပြုစုစောင့်ရှောက်ရေးလုပ်ငန်းများကိုဥပဒေနှင့်အညီတည်ထောင်ခွင့်ပြုမိန့်များပေးအပ်ခြင်းနှင့် ကြီးကြပ်ခြင်းတို့ကိုဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဥပဒေအရဗဟိုကြီးကြပ်ရေးအဖွဲ့ ရန်ပုံငွေတစ်ရပ်ထူထောင်ရမှာဖြစ်ပြီးအဆိုပါရန်ပုံငွေဖြင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများ၌ လိုအပ်သည့်နေရာများတွင် ပြန်လည်အသုံးပြုခြင်းကိုစနစ်တကျဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ ဗဟိုကြီးကြပ်ရေးအဖွဲ့၏ ရန်ပုံငွေဆိုင်ရာဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများကိုစီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဥပဒေရေးရာဝန်ကြီးဌာနနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးတို့၏ သဘောထားမှတ်ချက်များရယူ၍ ၂၀၂၃ ခုနှစ်၊ ဧပြီလအတွင်းအတည်ပြုထုတ်ပြန်ခဲ့ပြီးဖြစ်ပါကြောင်း၊ ရှေ့လုပ်ငန်းစဉ်များဆောင်ရွက်နိုင်ရေးအတွက် ဝိုင်းဝန်းဆွေးနွေးအကြံပြုပေးစေလိုကြောင်း၊မွေးစမှအသက်(၈)နှစ်အထိရှေးဦးအရွယ်ကလေးသူငယ်များအတွက် ဆောင်ရွက်ပေးမှုများသည် နိုင်ငံတော်အတွက်အရေးကြီးသည့်ရင်းနှီးမြှုပ်နှံမှုများပင်ဖြစ် ပါကြောင်း၊ ကလေးဘဝအရွယ်တွင် စနစ်တကျနည်းမှန်လမ်းမှန်ဖြင့် ပြုစုပျိုးထောင်နိုင်ခြင်းဖြင့် ဗလငါးတန်ဖွံ့ဖြိုးမှုကိုအထောက်အကူပြုမည်ဖြစ်ပါကြောင်း၊ ကိုယ်ဝန်ဆောင်ချိန်မှစ၍ မိခင်များအပါအဝင်အသိပညာပေးခြင်းများကိုပံ့ပိုးပေးဖို့လိုအပ်ပါကြောင်း၊ ကလေးပြုစုစောင့်ရှောက်သူဆရာ၊ ဆရာမများ၏ ကဏ္ဍမှာအထူးအရေးပါပြီးလိုအပ်သည့်ကျွမ်းကျင်မှုများနှင့် အသိပညာ၊အတတ်ပညာတို့ လိုအပ်ပါကြောင်း၊ ကလေးသူငယ်များသည် နိုင်ငံတော်၏အနာဂတ်ဖြစ်သည့်အတွက် စာရိတ္တနှင့်ပြည်သူ့နီတိကိုအလေ့အကျင့်ကောင်းများရရှိအောင်နေ့ကလေးထိန်းဌာန၊ မူလတန်းကြိုကျောင်းများတွင် သင်ကြားလေ့ကျင့်ပေးရန်လိုအပ်ပါကြောင်း၊ တစ်ဦးချင်းစီသာမကပတ်ဝန်းကျင်နှင့် နိုင်ငံတော်ကိုအကျိုးကျေးဇူးပြုနိုင်သည့် လူတော်၊လူကောင်းများဖြစ်အောင် ဝိုင်းဝန်းပံ့ပိုးဆောင်ရွက်ပေးရန်နှင့် ရှေ့လုပ်ငန်းစဉ်များအားစနစ်တကျ ဆောင်ရွက်သွားရန်တိုက်တွန်းမှာကြားခဲ့ပါသည်။ ယင်းနောက် ဗဟိုကြီးကြပ်ရေးအဖွဲ့အတွင်းရေးမှူး၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ကရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ရန်ပုံငွေဆိုင်ရာဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများအပေါ် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကိုရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသူများကနေ့ကလေးထိန်းဌာန၊ မူလတန်းကြိုကျောင်းများ၊ ရပ်ရွာအခြေပြု၊ အိမ်အခြေပြုလုပ်ငန်းများအားတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ထိရောက်လွှမ်းခြုံမှုရှိစေရေးအတွက် ဝိုင်းဝန်းဆွေးနွေးခဲ့ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း အာဆီယံမိသားစု ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်ဆိုင်ရာညီလာခံနှင့် အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် Keynote Address ပြောကြားခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနငှက်အော်စမ်းလူငယ်သင်တန်းကျောင်းသို့သွားရောက်ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့် သင်တန်း ကျောင်းများနှင့် ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ သင်တန်းကျောင်းများသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသက်ကြီးစောင့်ရှောက်ရေးဂေဟာ (ထောက်ကြန့်) သို့ ကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်း ရှမ်းပြည်နယ်၊ ‌ညောင်ရွှေမြို့နယ်ရှိ အသင့်တပ်ဆင်စာသင်ကျောင်းများ ဆောက်လုပ်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခြင်းနှင့် ဖယ်ခုံမြို့နယ်နှင့် မိုးဗြဲမြို့နယ်တို့မှ နေရပ်ပြန်ပြည်သူများအားထောက်ပံ့ပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန်းစိုးနေပြည်တော်ကောင်စီနယ်မြေပျဉ်းမနားမြို့နယ်၊ တောင်သာအုပ်စု၊သူဌေးကုန်းကျေးရွာမီးဘေးကြောင့်ထိခိုက်ပျက်စီးနေအိမ်များအားကွင်းဆင်းထောက်ပံ့
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဆရာဖြစ်သင်တန်း(တတိယအကြိမ်)အား ကြည့်ရှုအားပေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်းနှင့်ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းတို့ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက် မြို့နယ်၊ ဇီးကုန်းမြို့နယ်များအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးနေအိမ်များအား ကွင်းဆင်းကြည့်ရှုထောက်ပံ့ပေးအပ်
အိန္ဒိယသမ္မတနိုင်ငံအစိုးရနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပခြင်း

MOS

DSW

DDM

DOR