ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

        လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဗိုလ်ချုပ်ဖြိုးသန့်တို့လိုက်ပါ၍ ဟိုပုံးမြို့ သာသနာ့ဗိမ္မာန်တွင် တိုက်ပွဲရှောင်ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားများ ပြောကြားခဲ့ကြပါသည်။ တွေ့ဆုံပွဲတွင် နိုင်ငံတော်အကြီးအကဲ၏လမ်းညွှန်ချက်အရ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ထောက်ပံ့သော Smart အထည်ချုပ် စက်ရုံမှ ထုတ်လုပ်သည့် ကျား/ မအင်္ကျီများ၊ ကိုယ်တိုက်ဆပ်ပြာများ၊ တိုက်ပွဲရှောင်ပြည်သူများ အနက်မှ အသက် ၇၀နှစ် နှင့်အထက် သက်ကြီးသူများ၊ မသန်စွမ်းသူများ၊ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက် ၅ နှစ် အောက်ကလေးများအား လူမှုရေးအထောက်အပံ့အဖြစ်ထောက်ပံ့ငွေများ၊ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့က ထောက်ပံ့သော ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ခေါက်ဆွဲခြောက်၊ ကြက်ဥတို့ကို လူဦးရေအလိုက်၊ အိမ်ထောင်စုအလိုက် ထောက်ပံ့ပေးအပ်ခဲ့ကြပြီး တိုက်ပွဲရှောင်ပြည်သူများထဲမှ အငြိမ်းစားဝန်ထမ်းများ အငြိမ်းစားလစာထုတ်ယူနိုင်ရေး၊ ဆေးတက္ကသိုလ်အပါအဝင် တက္ကသိုလ်များ၊ စာသင်ကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ ဆက်လက်ပညာသင်ကြားရေး၊ ပညာသင်ထောက်ပံ့ကြေးများ ပေးအပ်နိုင်ရေးတို့အတွက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီးတို့သည် ဟိုပုံးမြို့ လုမ္မနီ ဘုန်းတော်ကြီးကျောင်းသို့သွားရောက်ပြီး ဆရာတော်သံဃာတော်များအား ဖူးမြော်ကန်တော့ကာ တိုက်ပွဲရှောင်ပြည်သူများအား နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ အဝတ်အထည်၊ ကိုယ်တိုက်ဆပ်ပြာ၊ တိုက်ပွဲရှောင် ပြည်သူများအနက်မှ ကာကွယ်စောင့်ရှောက်ပေးရန် လိုအပ်သူများအတွက် လူမှုရေးအထောက်အပံ့ငွေ၊ နယ်စပ်ရေးရာ ဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့က ထောက်ပံ့သော ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ခေါက်ဆွဲခြောက်၊ ကြက်ဉတို့ကို လူဦးရေအလိုက်၊ အိမ်ထောင်စုအလိုက် ပေးအပ်ထောက်ပံ့ပြီး တိုက်ပွဲရှောင် ပြည်သူများကို နွေးထွေးရင်းနှီးစွာ တွေ့ဆုံအားပေးစကား ပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီးတို့သည် တောင်ကြီးမြို့၊ တောင်ကျောင်းကြီး ဘုန်းတော်ကြီးကျောင်းသို့ ဆက်လက်သွားရောက်ပြီး Smart အဝတ်အထည် များ၊ ကိုယ်တိုက်ဆပ်ပြာများ၊ လူမှုရေးထောက်ပံ့ငွေများ၊ ဆန်၊ဆီ၊ ဆား၊ ပဲ၊ ခေါက်ဆွဲခြောက်၊ ကြက်ဥ တို့ကို အသီးသီးထောက်ပံ့ပြီး တိုက်ပွဲရှောင်ပြည်သူများ၏ လိုအပ်ချက်၊ တင်ပြချက်များကို မေးမြန်း၊ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီးတို့သည် တောင်ကြီးမြို့၊ ကရင်နှစ်ခြင်းခရစ်ယာန် ဘုရားရှိခိုးကျောင်းသို့ ဆက်လက်သွားရောက်ပြီး အဝတ်အထည်၊ ဆပ်ပြာ၊ ထောက်ပံ့ငွေ၊ စားနပ်ရိက္ခာများကို ထောက်ပံ့ခဲ့ပြီး တိုက်ပွဲရှောင်ပြည်သူများနှင့် ရင်းရင်းနှီးနှီး ချစ်ခင် စွာ အားပေးစကားများ ပြောကြားခဲ့ကြပါသည်။

ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီးတို့၏ ထောက်ပံ့မှုများအနေဖြင့် ဟိုပုံးမြို့နယ်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ပင်လောင်း မြို့နယ်များရှိ တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု ၂၉၆၆ စုရှိ လူဦးရေ ၁၁၄၅၀ ဦးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ အဝတ်အထည်နှင့်ဆပ်ပြာတန်ဖိုး သိန်း ၁၅၀၀ ခန့်၊ လူမှုရေးထောက်ပံ့ငွေမှာ လူဦးရေ ၁၂၆၁ ဦးအတွက် ငွေကျပ် ၃၇၈ သိန်း ကျော်၊ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့မှ ဆန်၊ ဆီ၊ ဆား၊ ပဲ ခေါက်ဆွဲ ခြောက်၊ ကြက်ဥ စသည့် စားနပ်ရိက္ခာထောက်ပံ့မှု ကျပ်သိန်း ၈၈၁ သိန်း ကျော်တို့ကို ထောက်ပံ့ခဲ့ရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွက် ထောက်ပံ့မှုစုစုပေါင်း ၂၇၅၉ သိန်း ဖြစ်ပါသည်။

တောင်ကြီးခရိုင်အတွင်းရှိ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့နယ်၊ ရွှေညောင်မြို့နယ်၊ ကျောက်တစ်လုံးကြီးမြို့နယ်၊ ရပ်စောက်မြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု ၁၃၂၅ စုမှ လူဦးရေ ၅၀၇၃ ဦးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ အဝတ်အထည်နှင့်ဆပ်ပြာတန်ဖိုး သိန်း ၆၆၄.၅သိန်း ခန့်၊ လူမှုရေးထောက်ပံ့ငွေမှာ လူဦးရေ ၅၅၄ ဦးအတွက် ငွေကျပ် ၁၆၆.၂ သိန်း ၊ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့မှ ဆန်၊ ဆီ၊ ဆား၊ ပဲ ခေါက်ဆွဲ ခြောက်၊ ကြက်ဥ စသည့် စားနပ်ရိက္ခာထောက်ပံ့မှု ကျပ် ၃၉၃ သိန်းကျော်တို့ကို ထောက်ပံ့ခဲ့ရာ တောင်ကြီးခရိုင်အတွက် ထောက်ပံ့မှုစုစုပေါင်း ၁၂၂၃.၇သိန်း ဖြစ် သည့်အတွက် ယနေ့ ထောက်ပံ့မှုစုစုပေါင်းမှာ ကျပ် ၃၉၈၃သိန်းခန့် ဖြစ်ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း အာဆီယံမိသားစု ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်ဆိုင်ရာညီလာခံနှင့် အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် Keynote Address ပြောကြားခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနငှက်အော်စမ်းလူငယ်သင်တန်းကျောင်းသို့သွားရောက်ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့် သင်တန်း ကျောင်းများနှင့် ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ သင်တန်းကျောင်းများသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသက်ကြီးစောင့်ရှောက်ရေးဂေဟာ (ထောက်ကြန့်) သို့ ကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်း ရှမ်းပြည်နယ်၊ ‌ညောင်ရွှေမြို့နယ်ရှိ အသင့်တပ်ဆင်စာသင်ကျောင်းများ ဆောက်လုပ်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခြင်းနှင့် ဖယ်ခုံမြို့နယ်နှင့် မိုးဗြဲမြို့နယ်တို့မှ နေရပ်ပြန်ပြည်သူများအားထောက်ပံ့ပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန်းစိုးနေပြည်တော်ကောင်စီနယ်မြေပျဉ်းမနားမြို့နယ်၊ တောင်သာအုပ်စု၊သူဌေးကုန်းကျေးရွာမီးဘေးကြောင့်ထိခိုက်ပျက်စီးနေအိမ်များအားကွင်းဆင်းထောက်ပံ့
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဆရာဖြစ်သင်တန်း(တတိယအကြိမ်)အား ကြည့်ရှုအားပေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်းနှင့်ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းတို့ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက် မြို့နယ်၊ ဇီးကုန်းမြို့နယ်များအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးနေအိမ်များအား ကွင်းဆင်းကြည့်ရှုထောက်ပံ့ပေးအပ်
အိန္ဒိယသမ္မတနိုင်ငံအစိုးရနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပခြင်း

MOS

DSW

DDM

DOR