ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

          ၂၀၂၅ ခုနှစ်၊အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက်တာ လှုပ်ရှားမှုအခမ်းအနားကိုနေပြည်တော်၊ရုံးအမှတ် ၂၃ ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပရာမြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီနှင့် ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီတို့မှ ကော်မတီဝင်ဒုတိယဝန်ကြီးများနှင့်ဇနီးများ၊ပြည်ထောင်စုနယ်မြေနေပြည်တော်အမျိုးသမီးကော်မတီဥက္ကဋ္ဌနှင့်ဇနီး၊အမြဲတမ်းအတွင်းဝန်များ၊ညွှန်ကြားရေးမှူးချုပ်များ၊အမျိုးသမီးအဖွဲ့အစည်းများမှဥက္ကဋ္ဌများနှင့်တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။

          အခမ်းအနားတွင်ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက်တာလှုပ်ရှားမှုအခမ်းအနားများကိုမြန်မာနိုင်ငံတွင်သာမက ကမ္ဘာတစ်ဝန်းမှာနှစ်စဉ်ကျင်းပဆောင်ရွက်လျက်ရှိပါကြောင်း၊ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုများသည်အကြမ်းဖက်ခံရသောအမျိုးသမီးတစ်ဦးချင်းအပေါ်သာမက မိသားစုများ၊ လူမှု့အသိုင်းအဝိုင်းနှင့် လူ့အဖွဲ့အစည်းအတွက် ထိခိုက်မှု၊ နစ်နာဆုံးရှုံးမှုများကို ဖြစ်ပေါ်စေပါကြောင်း၊ကုလသမဂ္ဂအဖွဲ့ကြီးက အမျိုးသမီး ၃ ဦးတွင် ၁ ဦးသည်၎င်းတို့၏ဘဝတစ်လျှောက်တွင် အနည်းဆုံးတစ်ကြိမ် အကြမ်းဖက်မှုကိုကြုံတွေ့ခဲ့ရသည်ဟု ဖော်ပြခဲ့ပါကြောင်း၊ လူ့အဖွဲ့အစည်း၏စံနှုန်းများ၊ လူမှုရေးအမြင်များဥပဒေလိုက်နာမှုအားနည်းခြင်းနှင့် အရင်းအမြစ်များလုံလောက်မှုမရှိခြင်းများကြောင့်အမျိုးသမီးများအပေါ်အကြမ်းဖက်မှုတားဆီးကာကွယ်ရေးလုပ်ငန်းများတွင် အကန့်အသတ်များရှိနေဆဲဖြစ်ပါကြောင်း၊ကမ္ဘာလုံးဆိုင်ရာအကျပ်အတည်းများ၊ ပဋိပက္ခများနှင့် ရာသီဥတုပြောင်းလဲမှုများသည်အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် ထိခိုက်နစ်နာမှုကိုဖြစ်စေသလို အမျိုးသမီးများအပေါ်အကြမ်းဖက်မှုကိုလည်း ပိုမိုမြင့်တက်စေပါကြောင်း ပြောကြားခဲ့ပါသည်။

          ဆက်လက်၍ လွန်ခဲ့သည့် နှစ် ၃၀ အတွင်း အကြမ်းဖက်ခံရသူများကို အကာအကွယ်ပေးသည့် မဟာဗျူဟာများနှင့် ကဏ္ဍအလိုက်ဝန်ဆောင်မှုများ၊ ဥပဒေများနှင့် မူဝါဒများအပါအဝင်သိသာသော တိုးတက်မှုများကို ကမ္ဘာတစ်ဝှမ်းဆောင်ရွက်နိုင်ခဲ့ကြပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်ကုလသမဂ္ဂမှချမှတ်ထားသည့်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုရည်မှန်းချက်ပန်းတိုင်များ၊ကမ္ဘာ့အမျိုးသမီးညီလာခံနှင့်အမျိုးသမီးများအားနည်းမျိုးစုံဖြင့်ခွဲခြားမှုပပျောက်ရေးဆိုင်ရာကွန်ဗင်းရှင်းပါပြဋ္ဌာန်းချက်များ၊လုပ်ငန်းအစီအစဉ်များကိုနိုင်ငံတော်၏မူဝါဒနှင့်အညီအကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ယခုနှစ် ဆောင်ပုဒ်မှာ “ UNiTE to End Digital Violence against All Women and Girls”“အမျိုးသမီးများအပေါ် ဒစ်ဂျစ်တယ်အကြမ်းဖက်မှုပပျောက်ရေး အားလုံးပူးပေါင်းဆောင်ရွက်ပေးဖြစ်ပါကြောင်း။ ဒစ်ဂျစ်တယ်အကြမ်းဖက်မှုများသည် ကမ္ဘာပေါ်ရှိမည်သည့်နေရာတွင်မဆိုလွယ်ကူလျင်မြန်စွာဆောင်ရွက်နိုင်သည့်အတွက် ဥပဒေများပြဋ္ဌာန်းပြီးထိရောက်စွာအရေးယူဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

          ယနေ့အခမ်းအနားတွင် ဒစ်ဂျစ်တယ်အခြေပြုအကြမ်းဖက်မှုခံရသည့်အမျိုးသမီးများအတွက်တရားမျှတမှုရရှိရေး၊ ထိရောက်စွာအကာအကွယ်ပေးနိုင်ရေး၊တုံ့ပြန်ဆောင်ရွက်မှုလုပ်ငန်းစဉ်များအားကောင်းစေရေးအတွက်အစိုးရအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ နည်းပညာကုမ္ပဏီများ၊မီဒီယာများအားလုံးပူးပေါင်းဆောင်ရွက်ကြရန်ဆောင်ပုဒ်ဖြင့်လှုံ့ဆော်ပေးခြင်းဖြစ်ပါကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့်အမျိုးသမီးများအပေါ်အကြမ်းဖက်မှုနှင့်စပ်လျဉ်းပြီး ကြိုတင်ကာကွယ်ခြင်း၊ တားဆီးခြင်း၊ တုံ့ပြန်မှုပေးခြင်း၊ ကာကွယ်စောင့်ရှောက်ခြင်းလုပ်ငန်းစဉ်များကိုသက်ဆိုင်ရာအစိုးရဌာန/အစိုးရအဖွဲ့အစည်းများနှင့်ပူးပေါင်းကာ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အကြမ်းဖက်ခံရသည့်သူများက Help Line ဖုန်းနံပါတ် 1566 ကိုတိုင်ကြားလာပါက ဥပဒေအရ စိစစ်အရေးယူဆောင်ရွက်နိုင်ရေးအတွက် လိုအပ်ချက်ပေါ်မူတည်၍လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှုစနစ်ကိုအသုံးပြုကာလူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲသူ(Case Manager)(၅၉၆)ဦးနှင့်ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အကြမ်းဖက်ခံရသူများအား တစ်နေရာ တည်းတွင် ဝန်ဆောင်မှုပေးသည့်စင်တာ(One Stop Women Support Center-OSWSC)နှင့် ကျားမအခြေပြု အကြမ်းဖက်ခံရသူများအား တစ်နေရာတည်းတွင် ပြီးပြည့်စုံသော ပြုစုစောင့်ရှောက် မှုပေးနိုင်သည့်စင်တာ (One Stop Crisis Center - OSCC)တို့ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနများတွင် ဖွင့်လှစ်ပြီး ဝန်ဆောင်မှုများပေးလျက်ရှိပါကြောင်းပြောကြားခဲ့ပါသည်။ဆက်လက်၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးဆိုင်ရာ ဆောင်ရွက်ချက်များ Video Clip ကိုပြသခဲ့ပါသည်။ ထို့နောက် မြန်မာနိုင်ငံအမျိုးသမီးအားကစား အဖွဲ့ချုပ်၏ အမျိုးသမီးငယ်များက Fitness Dance ဖြင့်တင်ဆက်ကပြခဲ့ပြီး အခမ်းအနားကို   ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း အာဆီယံမိသားစု ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်ဆိုင်ရာညီလာခံနှင့် အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် Keynote Address ပြောကြားခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနငှက်အော်စမ်းလူငယ်သင်တန်းကျောင်းသို့သွားရောက်ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့် သင်တန်း ကျောင်းများနှင့် ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ သင်တန်းကျောင်းများသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသက်ကြီးစောင့်ရှောက်ရေးဂေဟာ (ထောက်ကြန့်) သို့ ကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်း ရှမ်းပြည်နယ်၊ ‌ညောင်ရွှေမြို့နယ်ရှိ အသင့်တပ်ဆင်စာသင်ကျောင်းများ ဆောက်လုပ်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခြင်းနှင့် ဖယ်ခုံမြို့နယ်နှင့် မိုးဗြဲမြို့နယ်တို့မှ နေရပ်ပြန်ပြည်သူများအားထောက်ပံ့ပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန်းစိုးနေပြည်တော်ကောင်စီနယ်မြေပျဉ်းမနားမြို့နယ်၊ တောင်သာအုပ်စု၊သူဌေးကုန်းကျေးရွာမီးဘေးကြောင့်ထိခိုက်ပျက်စီးနေအိမ်များအားကွင်းဆင်းထောက်ပံ့
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဆရာဖြစ်သင်တန်း(တတိယအကြိမ်)အား ကြည့်ရှုအားပေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်းနှင့်ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းတို့ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက် မြို့နယ်၊ ဇီးကုန်းမြို့နယ်များအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးနေအိမ်များအား ကွင်းဆင်းကြည့်ရှုထောက်ပံ့ပေးအပ်
အိန္ဒိယသမ္မတနိုင်ငံအစိုးရနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပခြင်း

MOS

DSW

DDM

DOR