ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ


လူမှုဝန်ထမ်းဦးစီးဌာနတွင် COVID-19 ကြောင့် ခေတ္တရပ်ဆိုင်းခဲ့ရသည့် လုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရေးနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်းအစည်းအဝေးအား နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်က ဦးဆောင်၍ကျင်းပပြုလုပ်ခဲ့ရာ ဒုတိယဝန်ကြီး၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များ၊ လက်ထောက်အတွင်းဝန်များနှင့် ညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ကြပါသည်။


ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် COVID-19 ကြောင့် ခေတ္တ ရပ်ဆိုင်းခဲ့ရသည့် လုပ်ငန်းများနှင့်ပတ်သက်၍ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများအတွက် စီမံချက်များသည် အလွန်အရေးကြီးပါကြောင်း၊ ဥပမာ-မူလတန်းကြိုကျောင်းများ ပြန်လည်ဖွင့်လှစ် ရတဲ့အချိန်တွင် အဆင်သင့်ဖြစ်ရေးစီစဉ်နေတာရှိသလို ကျန်တဲ့လုပ်ငန်းများလည်း ဆက်လက် ဆောင်ရွက်ဖို့စီစဉ်နေတာတွေရှိပါကြောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထား သည့် ညွှန်ကြားချက်များနဲ့အညီ Social Distancing နှင့် ဖွင့်နိုင်ရေးစီစဉ်နေပြီဖြစ်ကြောင်း၊ COVID-19 နှင့်အတူ ယှဉ်တွဲနေထိုင်နိုင်ဖို့ ဆောင်ရွက်ရမှာဖြစ်တဲ့အတွက် ဒီနေ့အစည်းအဝေးမှာလည်း COVID-19 နဲ့ပတ်သက်တဲ့ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ လုပ်ငန်းများဆောင်ရွက်ရန်ကိုလည်း ဆွေးနွေးစေလိုပါကြောင်း၊ Reporting System သည် အရေးကြီးပါကြောင်း၊ မုတ်သုန်ရာသီရောက်ပြီး ဖြစ်တဲ့အတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် ကြိုတင်ခန့်မှန်းလို့ရသည့် သတင်းအချက်အလက်များကိုရရှိအောင် ဆောင်ရွက်ပေးခြင်းဖြင့် သဘာဝဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရန်ရှိသည်များကို ဆောင်ရွက်ပေးနိုင်ပါကြောင်း၊ ဥပမာ-ငလျင်ဘေး အန္တရာယ်နှင့် ကြုံတွေ့ရလျှင် မည်သို့ဆောင်ရွက်သင့်သည်ကို အသိပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် စီစဉ်ဆောင်ရွက်ပေးဖို့ လိုအပ်ပါကြောင်းပြောကြားခဲ့ပါသည်။

ဒုတိယဝန်ကြီးမှ ပြောကြားရာတွင် မူလဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့်ပတ်သက်၍ ဆက်လက်ဆောင်ရွက်ရန်ရှိသည့်ကိစ္စများ၊ ထပ်မံဆောင်ရွက်မည့်လုပ်ငန်းများနှင့် ပုဂ္ဂလိကအထူး ပညာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ဦးစားပေးဆောင်ရွက်ရန်များကို အထူး အလေးပေးဆောင်ရွက်စေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

လူမှုဝန်ထမ်းဦးစီးဌာနမှ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်များနှင့်ပတ်သက်၍ ဘာသာရပ်ဆိုင်ရာ တာဝန်ရှိသူများက မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ ပြင်ဆင်ဖွဲ့စည်း ခြင်း၊ အမျိုးသမီးများအပေါ် ကြမ်းဖက်မှုတားဆီးကာကွယ်ရေး၊  အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း အကောင်အထည်ဖော်မှု၊ မသန်စွမ်းသင်တန်းကျောင်း ()ကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ရေး အစီအစဉ်များ၊ ပုဂ္ဂလိက မသန်စွမ်းသက်မွေးပညာသင်အထူး ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအစီအစဉ်များ၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး မူဝါဒ(မူကြမ်း) ရေးဆွဲခြင်း၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ နည်းဥပဒေ(မူကြမ်း)ရေးဆွဲခြင်း၊ လူငယ်ရေးရာလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရန် အစီအစဉ်များ၊ မူလတန်းကြိုကျောင်းများ အနေဖြင့် ဆောင်ရွက်ရမည့် ကျောင်းအတွင်း/အပြင် ကြိုတင်ပြင်ဆင်ခြင်းဆိုင်ရာကိစ္စရပ်များ၊  ဆောင်ရွက်မည့်လုပ်ငန်း အစီအစဉ်များအား Power point များဖြင့် အသီးသီးရှင်းလင်းတင်ပြခဲ့ရာ တက်ရောက်လာသူများမှ အပြန်အလှန်ဆွေးနွေးညှိနှိုင်းကြပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး တို့မှ ဆက်လက် လုပ်ဆောင်ရမည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

 

 

                                                               

 

 

 

 

 

 

 

 

 

 

 

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း အာဆီယံမိသားစု ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်ဆိုင်ရာညီလာခံနှင့် အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် Keynote Address ပြောကြားခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနငှက်အော်စမ်းလူငယ်သင်တန်းကျောင်းသို့သွားရောက်ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့် သင်တန်း ကျောင်းများနှင့် ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ သင်တန်းကျောင်းများသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသက်ကြီးစောင့်ရှောက်ရေးဂေဟာ (ထောက်ကြန့်) သို့ ကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်း ရှမ်းပြည်နယ်၊ ‌ညောင်ရွှေမြို့နယ်ရှိ အသင့်တပ်ဆင်စာသင်ကျောင်းများ ဆောက်လုပ်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခြင်းနှင့် ဖယ်ခုံမြို့နယ်နှင့် မိုးဗြဲမြို့နယ်တို့မှ နေရပ်ပြန်ပြည်သူများအားထောက်ပံ့ပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန်းစိုးနေပြည်တော်ကောင်စီနယ်မြေပျဉ်းမနားမြို့နယ်၊ တောင်သာအုပ်စု၊သူဌေးကုန်းကျေးရွာမီးဘေးကြောင့်ထိခိုက်ပျက်စီးနေအိမ်များအားကွင်းဆင်းထောက်ပံ့
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဆရာဖြစ်သင်တန်း(တတိယအကြိမ်)အား ကြည့်ရှုအားပေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်းနှင့်ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းတို့ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက် မြို့နယ်၊ ဇီးကုန်းမြို့နယ်များအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးနေအိမ်များအား ကွင်းဆင်းကြည့်ရှုထောက်ပံ့ပေးအပ်
အိန္ဒိယသမ္မတနိုင်ငံအစိုးရနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပခြင်း

MOS

DSW

DDM

DOR