ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ရှမ်းပြည်နယ် ဝန်ကြီးချုပ်ဦးအောင်အောင်၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့် ရှမ်းပြည် နယ်အစိုးရအဖွဲ့ဝန်ကြီးများ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဌ ဦးခွန်ရဲထွေးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် (--၂၀၂၄)နေ့၊ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့သို့ သွားရောက်၍ ဆီဆိုင်မြို့ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေ၊ ယာယီစျေးဖွင့်လှစ်ရောင်းချနေမှု၊ ဆီဆိုင်မြို့အထက်တန်းကျောင်း တွင် ကျောင်းသားကျောင်းသူများ ပညာသင်ကြားနေမှု၊ ဆီဆိုင်မြို့ပြည်သူ့ဆေးရုံပြုပြင်ရန် ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုခဲ့ပြီးဆီဆိုင်မြို့ ဇဝနရာမကျောင်းတိုက် သို့သွားရောက်ကာ ဆီဆိုင်မြို့ပေါ်ရပ်ကွက်များနှင့် ပတ်ဝန်းကျင်ကျေးရွာများသို့ ပြန်လည်ရောက်ရှိနေထိုင်လျှက်ရှိကြ သော ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ကြပါသည်။

ပြည်ထောင်စုဝန်ကြီးက အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီက ထောက်ပံ့သော ()လစာဆန်ရိက္ခာ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ထောက်ပံ့သော ကယ်ဆယ်ရေးပစ္စည်းများ၊ ငါးသေတ္တာဗူးနှင့် ခေါက်ဆွဲခြောက်များ၊ သေဆုံးသူနှင့်ဒဏ်ရာရသူများအတွက်ထောက်ပံ့ကြေးငွေများ၊ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက် () နှစ်အထိကလေးငယ်များ၊ အသက်(၇၅)နှစ်နှင့်အထက်ဘိုးဘွားများ၊ မသန်စွမ်းသူများ စသည့်ထိခိုက် လွယ်အုပ်စုများအတွက်ထောက်ပံ့ငွေများ စုစုပေါင်း ကျပ်သိန်း (၂၉၂၃.) တန်ဖိုးရှိ ငွေနှင့် ပစ္စည်းများကို ပေးအပ်ပါသည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ်က ဆီဆိုင်မြို့နယ်အတွင်း တာဝန်ထမ်းဆောင်နေသော ဌာနဆိုင် ရာဝန်ထမ်းများ၊ မီးသတ်၊ ရဲတပ်ဖွဲ့ဝင်များနှင့် တပ်မတော်သားမိသားစုများအတွက် ဆီ၊ဆား၊ ကြက်သွန်၊ အာလူး၊ ငါးသေတ္တာ အစရှိသည့် စားသောက်ကုန်များ၊ ထိခိုက်ပျက်စီးခဲ့သော မဲနယ်တောင်တန်းဒေသ ကျေးရွာများအား လျှပ်စစ်မီးရရှိရေး၊  ဆီဆိုင်မြို့ရေပေးဝေရေး လုပ်ငန်း များ၊ယာယီစျေးပြန်လည်တည်ဆောက်ရန်နှင့်ထိခိုက်ပျက်စီးခဲ့သော လူနေအိမ်များပြုပြင်ရန် လုပ်ငန်းများအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့က ထောက်ပံ့ငွေကျပ်သိန်း (၇၀၅၅.၅၈)တို့ကို တာဝန်ရှိသူများနှင့် ဘေးသင့်ပြည်သူများသို့ ပေးအပ်ထောက်ပံ့ပါသည်။

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက ဆီဆိုင်မြို့ပေါ်ရပ်ကွက်များနှင့် ပတ်ဝန်းကျင် ကျေးရွာများရှိ ပျက်စီးသွားသောလူနေအိမ် (၆၃၇)လုံးပြုပြင်ရန်အတွက် ပျက်စီးမှုအပေါ်မူတည်ကာ အုပ်စုခွဲခြား၍ နယ်စပ်ရေးရာဝန်ကြီးဌာနက ပထမအကြိမ်ကနဦးထောက်ပံ့ငွေကျပ်သိန်း (၄၆၀) ဒုတိယအကြိမ်ထောက်ပံ့ငွေ ကျပ်သိန်း(၃၉၆၁) စုစုပေါင်းကျပ်သိန်း (၄၄၂၁)ကို ဒေသဦးစီးအဖွဲ့နှင့် တာဝန်ရှိသူများသို့ လွှဲပြောင်း ထောက်ပံ့ပါသည်။

ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီးတို့သည် ပြန်လည်ဝင်ရောက် နေထိုင်သည့် ဒေသခံပြည်သူများကို တွေ့ဆုံကာ အားပေးစကားများပြောကြားခဲ့ကြပြီး လိုအပ်သည် များ မေးမြန်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း အာဆီယံမိသားစု ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်ဆိုင်ရာညီလာခံနှင့် အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် Keynote Address ပြောကြားခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနငှက်အော်စမ်းလူငယ်သင်တန်းကျောင်းသို့သွားရောက်ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့် သင်တန်း ကျောင်းများနှင့် ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ သင်တန်းကျောင်းများသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသက်ကြီးစောင့်ရှောက်ရေးဂေဟာ (ထောက်ကြန့်) သို့ ကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်း ရှမ်းပြည်နယ်၊ ‌ညောင်ရွှေမြို့နယ်ရှိ အသင့်တပ်ဆင်စာသင်ကျောင်းများ ဆောက်လုပ်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခြင်းနှင့် ဖယ်ခုံမြို့နယ်နှင့် မိုးဗြဲမြို့နယ်တို့မှ နေရပ်ပြန်ပြည်သူများအားထောက်ပံ့ပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန်းစိုးနေပြည်တော်ကောင်စီနယ်မြေပျဉ်းမနားမြို့နယ်၊ တောင်သာအုပ်စု၊သူဌေးကုန်းကျေးရွာမီးဘေးကြောင့်ထိခိုက်ပျက်စီးနေအိမ်များအားကွင်းဆင်းထောက်ပံ့
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဆရာဖြစ်သင်တန်း(တတိယအကြိမ်)အား ကြည့်ရှုအားပေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်းနှင့်ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းတို့ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက် မြို့နယ်၊ ဇီးကုန်းမြို့နယ်များအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးနေအိမ်များအား ကွင်းဆင်းကြည့်ရှုထောက်ပံ့ပေးအပ်
အိန္ဒိယသမ္မတနိုင်ငံအစိုးရနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပခြင်း

MOS

DSW

DDM

DOR