ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးရုံးနှင့်ဦးစီးဌာန(၃)ခုတို့မှ ဝန်ထမ်းများ၊ ဝန်ထမ်းများ၏ သား/သမီးများအနက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်  တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများအားပညာသင်ထူးချွန်ဆုချီးမြှင့်ခြင်းနှင့် ၂၀၂၄-၂၀၂၅ပညာသင်နှစ်တွင်ပညာသင်ကြားမည့်ကျောင်းသား/ကျောင်းသူများအားပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းကဝန်ကြီးရုံးစုပေါင်းခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနတစ်ခုလုံးရှိ ဝန်ထမ်းသား/သမီး၊ ကျောင်းသား/ ကျောင်းသူများဖြစ်ကြသည့် မူလတန်းအဆင့်(၇၀၀)ဦး၊ အလယ်တန်းအဆင့်(၂၅၁)ဦး၊ အထက်တန်းအဆင့်(၁၇၀)ဦး၊ တက္ကသိုလ်တက်ရောက်သူ(၃၆၂)ဦး၊ တက္ကသိုလ်ဝင်တန်းဂုဏ်ထူးဖြင့်အောင်မြင်သူ (၄)ဦးနှင့် ရိုးရိုးအောင်မြင်သူ(၂၁)ဦး စုစုပေါင်း ကျောင်းသား၊ကျောင်းသူ(၁၅၀၈)ဦးအတွက် ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ပါကြောင်း၊ ဌာနအနေဖြင့် ဝန်ထမ်းမိသားစုများ၏ သား၊သမီးများ ပညာရေးခြေခံကောင်းမွန်စေရန်အတွက် တစ်ထောင့်တစ်နေရာက ပါဝင်ကူညီဖြည့်ဆည်းပေးခြင်းဖြစ်ပါကြောင်း၊ ယနေ့ခေတ်သည် ပညာခေတ်ဖြစ်သည့်အတွက် သား/သမီး၊ ကျောင်းသား/ ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် လိုအပ်သည့် အသိပညာတိုးတက်ရရှိရေးအတွက်  စာဖတ်သည့်အလေ့အကျင့်မွေးမြူကြရန်နှင့် စာဖတ်အားကောင်းရန်လိုအပ်ပါကြောင်း၊ အမှန်တကယ်ကြိုးစားလျှင် ကြိုးစားမှုနှင့် ထိုက်တန်သည့် အခွင့်အလမ်းများ ရရှိခံစားရမည်ဖြစ်ပါကြောင်း၊ သားတို့၊ သမီးတို့အနေဖြင့်  ပညာသင်ကြားချိန်တွင် မိမိတို့ပညာသင်ကြားရေးကိုထိခိုက်စေမည့်ကိစ္စရပ်များကိုရှောင်ရှားပြီး အနာဂတ်တွင်တိုင်းပြည်အတွက် အဖိုးတန်သည့် အသိပညာရှင်၊ အတတ်ပညာရှင်များအဖြစ်ဖြင့် မိမိတို့နိုင်ငံ၊ မိမိတို့ဒေသ၏ဖွံ့ဖြိုးတိုးတက်ရေးကို စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ကြသူများဖြစ်အောင် ကြိုးစားကြစေလိုပါကြောင်း၊ လူကြီးမိဘများအနေဖြင့်လည်း သားသမီးလူငယ်လူရွယ်များကို သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာဟူသည့် သူတော်ကောင်းတရားများနှင့် ပြည့်စုံစေရန်နှင့် နိုင်ငံတော်က အားကိုးအားထားပြုနိုင်သည့် သားကောင်းရတနာ၊ သမီးကောင်းရတနာများဖြစ်အောင် ဝိုင်းဝန်းကြိုးပမ်းသွားကြစေလိုကြောင်း အမှာစကားပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းဂုဏ်ထူးများဖြင့်အောင်မြင်သူ(၄)ဦးနှင့် ရိုးရိုးအောင်မြင်သူ(၂၁)ဦး အပါအဝင်၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင်တက်ရောက်မည့် စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ(၁၅၀၈)ဦးအတွက် ငွေကျပ် (၂၁,၇၅၂,၀၀၀)၊ ကျောင်းသုံးဗလာစာအုပ်တန်ဖိုးငွေကျပ် (၉,၇၄၇,၈၂၄.၂၂) စုစုပေါင်းကျပ် (၃၁,၄၉၉,၈၂၄.၂၂)ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး အခမ်းအနား ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်တို့မူလတန်းကြိုကျောင်းမြေနေရာနှင့် ကယ်ဆယ်ရေးပစ္စည်းသိုလှောင်ရုံများကိုကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန်းစိုး မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူး/ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးနှင့် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP) ၏မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ် Mr. Michael Dunford အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်တို့မေတ္တာစိမ့်စမ်း မူလတန်းကြိုကျောင်း ဖွင့်ပွဲနှင့် ရှမ်းပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနား များသို့တက်ရောက်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကလောမြို့နယ်နှင့် ညောင်ရွှေမြို့နယ်ရှိ ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများအား ပြန်လည်ထူထောင်ရေး ဆောင်ရွက်နေမှုများကြည့်ရှု့စစ်ဆေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန်းစိုး အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့(IOM) ၏အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာညွှန်ကြားရေးမှူးဖြစ်သူ Mr. Iori Katoအားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့(UNICEF) ၏မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Yasumasa Kimura အားလက်ခံတွေ့ဆုံ

MOS

DSW

DDM

DOR