ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူကုန်ကူးခံရသူများအားပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၅)ကိုပြန်လည်ထူထောင်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့နံနက် (၁၀:၀၀)နာရီတွင် လူကုန်ကူးခံရသူများအားပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာလုပ်ငန်းကော်မတီ၊ ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးစိုးကြည်ဦးဆောင်၍ ကျင်းပဆောင်ရွက်ခဲ့ပါသည်။

ဒုတိယဝန်ကြီးကအဖွင့်အမှာစကားပြောကြားရာတွင်လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးများကို ကျင်းပဆောင်ရွက်ခြင်းဖြင့် လုပ်ငန်းကော်မတီဝင်ဌာနများ၊ အဖွဲ့အစည်းများ၏ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းလာပြီး လူကုန်ကူးခံရသူများကိုအရည်အသွေးပြည့်ဝသည့်ဝန်ဆောင်မှုများပေးနိုင်ကြောင်း၊ "လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့်ပြန်လည်ထူထောင်ရေးဆိုင်ရာ အမျိုးသားအဆင့်စံလုပ်ငန်းအစီအစဉ်"ကို ၂၀၂၀ ပြည့်နှစ်မှစ၍ ထုတ်ဝေဖြန့်ချိထားပြီးဖြစ်ကြောင်း၊ ယင်းစံလုပ်ငန်းအစီအစဉ်ပါလုပ်ငန်းစဉ်များအတိုင်း ထိထိရောက်ရောက် ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ မြန်မာနိုင်ငံ၏ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာစတုတ္ထ(၅)နှစ် စီမံကိန်း(၂၀၂၂-၂၀၂၆)၏(၂၀၂၅)ခုနှစ်၊လုပ်ငန်းစီမံချက်ကိုအကောင်အထည်ဖော်ဆောင်ရွက်ရာတွင်ပထမ(၆)လအတွင်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့သည့်လုပ်ငန်းများကိုမှတ်တမ်းမှတ်ရာ၊ အချက်အလက်အတိအကျနှင့် ဓါတ်ပုံမှတ်တမ်းများမှအစစနစ်တကျပြုစုထားရှိပြီး ၂၀၂၅ခုနှစ် လူကုန်ကူးမှုတိုက်ဖျက်ရေးနှစ်ပတ်လည်အစီရင်ခံစာတွင်ထည့်သွင်းဖော်ပြနိုင်ရေးကြိုတင်ပြင်ဆင်ထားရန်လိုကြောင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဂေဟာနှင့်စခန်းများတွင် လူကုန်ကူးခံရသူများကိုသက်ဆိုင်ရာတရားရုံးများတွင် သက်သေထွက်ဆိုပြီးသည်အထိယာယီလက်ခံစောင့်ရှောက်ရခြင်းဖြစ်သည့်အတွက် တရားစွဲဆိုရေး၊ တရားစီရင်ရေးလုပ်ငန်းစဉ်များတွင် လူကုန်ကူးခံရသူများအနေဖြင့် အချိန်နှင့်တပြေးညီသက်သေထွက်ဆိုနိုင်ရေးသက်ဆိုင်ရာတရားစွဲအဖွဲ့အစည်းများမှ ပူးပေါင်းဆောင်ရွက်ပေးကြရန်လည်းတိုက်တွန်းပါကြောင်း၊ ထိရောက်သည့်ပြန်လည်ထူထောင်ရေးဖြစ်စေရန် အဖွဲ့အစည်းအားလုံးပူးပေါင်းပံ့ပိုးကူညီပေးရန်လိုကြောင်း၊ ထို့အပြင် ၂၀၂၅ခုနှစ် လုပ်ငန်းစီမံချက် အကောင်အထည်ဖော်ရာတွင်ကြုံတွေ့ရသည့် အားသာချက်၊ အားနည်းချက်၊ အခက်အခဲများကိုသင်ခန်းစာယူ၍ ၂၀၂၆ခုနှစ်အတွက် လုပ်ငန်းစီမံချက်ရေးဆွဲရာတွင် ပိုမိုကောင်းမွန်ပြည့်စုံသည့် စီမံချက်ဖြစ်လာစေရေးဆောင်ရွက်ရမည်ဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်။

အစည်းအဝေးသို့ လူကုန်ကူးခံရသူများအားပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာလုပ်ငန်းကော်မတီအဖွဲ့ဝင်များဖြစ်သည့် သက်ဆိုင်ရာဌာနများ၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ ကိုယ်စားလှယ်(၂၃)ဦးတက်ရောက်ခဲ့ပြီး၊ သက်ဆိုင်ရာဌာနအလိုက် ဆောင်ရွက်ချက်၊ အကြံပြုချက်၊ အားသာချက်၊ အားနည်းချက်များကိုဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိပါသည်။

 

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း အာဆီယံမိသားစု ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်ဆိုင်ရာညီလာခံနှင့် အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် Keynote Address ပြောကြားခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနငှက်အော်စမ်းလူငယ်သင်တန်းကျောင်းသို့သွားရောက်ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့် သင်တန်း ကျောင်းများနှင့် ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ သင်တန်းကျောင်းများသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသက်ကြီးစောင့်ရှောက်ရေးဂေဟာ (ထောက်ကြန့်) သို့ ကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်း ရှမ်းပြည်နယ်၊ ‌ညောင်ရွှေမြို့နယ်ရှိ အသင့်တပ်ဆင်စာသင်ကျောင်းများ ဆောက်လုပ်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခြင်းနှင့် ဖယ်ခုံမြို့နယ်နှင့် မိုးဗြဲမြို့နယ်တို့မှ နေရပ်ပြန်ပြည်သူများအားထောက်ပံ့ပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန်းစိုးနေပြည်တော်ကောင်စီနယ်မြေပျဉ်းမနားမြို့နယ်၊ တောင်သာအုပ်စု၊သူဌေးကုန်းကျေးရွာမီးဘေးကြောင့်ထိခိုက်ပျက်စီးနေအိမ်များအားကွင်းဆင်းထောက်ပံ့
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဆရာဖြစ်သင်တန်း(တတိယအကြိမ်)အား ကြည့်ရှုအားပေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်းနှင့်ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းတို့ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက် မြို့နယ်၊ ဇီးကုန်းမြို့နယ်များအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးနေအိမ်များအား ကွင်းဆင်းကြည့်ရှုထောက်ပံ့ပေးအပ်
အိန္ဒိယသမ္မတနိုင်ငံအစိုးရနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပခြင်း

MOS

DSW

DDM

DOR