ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာအမျိုးသားအဆင့်ကော်မတီအစည်းအဝေး(၃/၂၀၂၃)ကို ယနေ့၊နေ့လယ်(၁၄:၀၀)နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဝန်ကြီးရုံး၊စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပခဲ့ရာ အစည်းအဝေးသို့ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာအမျိုးသားအဆင့်ကော်မတီဥက္ကဋ္ဌ၊လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့်ကာကွယ်ရေးဝန်ကြီးဌာန၊  ပြည်ထဲရေးဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ၊ အဖွဲ့ဝင်များဖြစ်ကြသည့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ဥပဒေရေးရာဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထာရေးဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။

အဆိုပါအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းကအဖွင့်အမှာစကားပြောကြားရာတွင်ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာအမျိုးသားအဆင့်လုပ်ငန်းစီမံချက်ဒုတိယသက်တမ်းကို (၁၀.၁၁.၂၀၂၂)ရက်နေ့မှစတင်အကောင်အထည်ဖော်ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီကိုအဖွဲ့ဝင်(၂၁)ဦးဖြင့် (၂၁.၈.၂၀၂၃)ရက်နေ့တွင် ပြင်ဆင်ဖွဲ့စည်းပြီးဖြစ်ပါကြောင်း၊ ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာအမျိုးသားအဆင့်လုပ်ငန်းစီမံချက် (၂၀၂၁ -၂၀၂၂)ကိုအကောင်အထည်ဖော်ပြီးဖြစ်သဖြင့်ဆက်လက်၍ (၂၀၂၂-၂၀၂၃)တွင်လည်းဒုတိယသက်တမ်းတိုးခွင့်ပြုနိုင်ပါရန်နှင့်အကောင်အထည်ဖော်ဆောင်ရွက်မှုများကို(၆) လတစ်ကြိမ်အစီရင်ခံတင်ပြနိုင်ရေးနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ ၂၉.၄.၂၀၂၃ရက်နေ့မှာတင်ပြလမ်းညွှန်မှုခံယူခဲ့ပါကြောင်း၊နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ခွင့်ပြုမှုအရအမျိုးသားအဆင့်လုပ်ငန်းစီမံချက်ဒုတိယသက်တမ်းကို(၁၀.၁၁.၂၀၂၂ မှ ၁၀.၁၁.၂၀၂၃ထိ) အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ဒုတိယသက်တမ်းကာလအတွင်းလုပ်ငန်းစီမံချက်လုပ်ငန်းစဉ်များကိုဒေသအဆင့်အမျိုးသမီးကော်မတီ၏လုပ်ငန်းတာဝန်များမှာထည့်သွင်းဆောင်ရွက်နိုင်ရေးသက်ဆိုင်ရာအမျိုးသမီးကော်မတီဥက္ကဋ္ဌများထံသို့ ၉.၅.၂၀၂၃ ရက်နေ့မှာအကြောင်းကြားပြီးဖြစ်ပါကြောင်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်များတွင်အမျိုးသားအဆင့် လုပ်ငန်းစီမံချက်နှင့်စပ်လျဉ်းသည့်အသိပညာပေးမှုများကိုဆောင်ရွက်နေပါကြောင်း၊ ပဋိပက္ခနှင့်စပ်လျဉ်းသောလိင်အကြမ်းဖက်မှုဆိုင်ရာကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ၂၀၂၂ ခုနှစ်၊အစီရင်ခံစာတွင်မြန်မာနိုင်ငံနှင့်စပ်လျဉ်း၍ဖော်ပြချက်များအပေါ် အမျိုးသားအဆင့်ကော်မတီက ၂၅.၇.၂၀၂၃ ရက်နေ့တွင်တုံ့ပြန်ချက်ထုတ်ပြန်ခြင်း၊ အမျိုးသားအဆင့်လုပ်ငန်းစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်မှုများကိုပြည်သူများလွယ်လင့်တကူလက်လှမ်းမီသိရှိရေးအမျိုးသားအဆင့်လုပ်ငန်းစီမံချက်အသိပညာပေးလက်ကမ်းစာစောင်ပြုစုထားရှိပြီးဖြန့်ဝေရေးစီစဉ်လျက်ရှိပါကြောင်းနှင့် ပထမ(၆)လပတ်အစီရင်ခံစာကို ရေးသားပြုစုလျက်ရှိပါကြောင်း၊ယခုအစည်းအဝေးတွင် အမျိုးသားအဆင့်လုပ်ငန်းစီမံချက် ဒုတိယသက်တမ်း၏ ပထမ(၆)လပတ် အစီရင်ခံစာအတည်ပြုရေးနှင့် အမျိုးသားအဆင့်လုပ်ငန်းစီမံချက် တတိယအကြိမ်သက်တမ်းတိုးရေးကိစ္စများကိုဆွေးနွေးပေးစေလိုကြောင်းလမ်းညွှန်ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာအမျိုးသားအဆင့်ကော်မတီ အတွင်းရေးမှူး၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြီးခဲ့သည့်အစည်းအဝေး အမှတ်စဉ် ၂/၂၀၂၃ ၏ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ခဲ့မှုများ၊ ၂၇.၇.၂၀၂၃ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် လုပ်ငန်းကော်မတီအစည်းအဝေး(၂/၂၀၂၃)၏ဆုံးဖြတ်များအပေါ်အကောင်အထည်ဖော်ဆောင်ရွက်မှုများ၊အမျိုးသားအဆင့်လုပ်ငန်းစီမံချက် (၂၀၂၂-၂၀၂၃)အကောင်အထည်ဖော်မှုအပေါ် သုံးသပ်ချက်များကိုတင်ပြဆွေးနွေးခဲ့ပါသည်။

ထို့နောက်တက်ရောက်လာသူများမှ ပထမ(၆)ပတ်အစီရင်ခံစာ(မူကြမ်း)အပေါ်အကြံပြုဆွေးနွေးအတည်ပြုခြင်းနှင့်  စီမံချက်ကာလတတိယသက်တမ်းတိုးရေးတို့ကိုဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကာ အစည်းအဝေးအား ညနေပိုင်းတွင် ရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း အာဆီယံမိသားစု ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်ဆိုင်ရာညီလာခံနှင့် အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် Keynote Address ပြောကြားခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနငှက်အော်စမ်းလူငယ်သင်တန်းကျောင်းသို့သွားရောက်ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့် သင်တန်း ကျောင်းများနှင့် ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ သင်တန်းကျောင်းများသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသက်ကြီးစောင့်ရှောက်ရေးဂေဟာ (ထောက်ကြန့်) သို့ ကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်း ရှမ်းပြည်နယ်၊ ‌ညောင်ရွှေမြို့နယ်ရှိ အသင့်တပ်ဆင်စာသင်ကျောင်းများ ဆောက်လုပ်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခြင်းနှင့် ဖယ်ခုံမြို့နယ်နှင့် မိုးဗြဲမြို့နယ်တို့မှ နေရပ်ပြန်ပြည်သူများအားထောက်ပံ့ပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန်းစိုးနေပြည်တော်ကောင်စီနယ်မြေပျဉ်းမနားမြို့နယ်၊ တောင်သာအုပ်စု၊သူဌေးကုန်းကျေးရွာမီးဘေးကြောင့်ထိခိုက်ပျက်စီးနေအိမ်များအားကွင်းဆင်းထောက်ပံ့
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဆရာဖြစ်သင်တန်း(တတိယအကြိမ်)အား ကြည့်ရှုအားပေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်းနှင့်ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းတို့ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက် မြို့နယ်၊ ဇီးကုန်းမြို့နယ်များအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးနေအိမ်များအား ကွင်းဆင်းကြည့်ရှုထောက်ပံ့ပေးအပ်
အိန္ဒိယသမ္မတနိုင်ငံအစိုးရနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပခြင်း

MOS

DSW

DDM

DOR