ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

ရှမ်းပြည်နယ်သို့ ရောက်ရှိနေသောအမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဋ္ဌ(၂) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းသည်ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးဝင်းဖေ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ(၂၀)ရက်နေ့နံနက်ပိုင်းတွင်ညောင်ရွှေမြို့အတွင်းရေကြီးရေလျှံမှုများဖြစ်ပေါ်နေသည့်နေရာများသို့ စက်လှေဖြင့် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ထို့နောက် ယာယီရေဘေးရှောင်စခန်းမှ ရေဘေးသင့်ပြည်သူများအားပြည်သူ့ဆေးရုံများမှအရေးပေါ်ဆေးအဖွဲ့များနှင့် မြန်မာနိုင်ငံပုဂ္ဂလိကဆေးရုံများအသင်းမှ အထူးကုဆေးအဖွဲ့တို့ကကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးနေမှုအခြေအနေကိုကြည့်ရှုစစ်ဆေးကာလိုအပ်သည်များပေါင်းစပ်ညှိနှိုင်းပေးခဲ့ပါသည်။

ယင်းနောက်ပြည်ထောင်စုဝန်ကြီးသည် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများလိုက်ပါ၍ညောင်ရွှေမြို့နယ်၊ မြို့မရန်ကုန် ဘုန်းတော်ကြီးကျောင်းတွင် ဖွင့်လှစ်ထားသည့် ယာယီရေဘေးရှောင်စခန်းမှ ရေဘေးသင့် ပြည်သူများအားတွေ့ဆုံခဲ့ပါသည်။ပြည်ထောင်စုဝန်ကြီးကနိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်အရရေဘေးသင့်ပြည်သူများကိုယခုကဲ့သို့ ကိုယ်တိုင်ကိုယ်ကျ လာရောက်တွေ့ဆုံအားပေးခြင်းဖြစ်ကြောင်း၊သဘာဝပတ်ဝန်းကျင်ပျက်စီးမှုနှင့် ရာသီဥတုဖောက်ပြန်မှုကြောင့် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများတွင် ဖြစ်ရိုးဖြစ်စဉ်ထက် ကျော်လွန်သောသဘာဝဘေးများဖြစ်ပွားလျက်ရှိကြောင်း၊ အင်းလေးဒေသတွင် လွန်ခဲ့သောနှစ် (၃၀)အတွင်းမကြုံဖူးသောရေကြီးရေလျှံမှုကိုကြုံတွေ့တုံ့ပြန်ဆောင်ရွက်နေရခြင်းဖြစ်ကြောင်း၊နိုင်ငံတော်အနေဖြင့် ရေဘေးသင့်ပြည်သူများအားအတတ်နိုင်ဆုံးကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ရေဘေးရှောင်စခန်းများတွင်နေထိုင်စဉ် ကျန်းမာရေးနှင့်အညီပူပူနွေးနွေးချက်ပြုတ်စားသောက်နိုင်ရန် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငပိစသည့် အခြေခံစားသောက်ကုန်များအားထောက်ပံ့ပေးမည်ဖြစ်ကြောင်း၊ ရေဘေးကြောင့် အသက်ဆုံးရှုံးခဲ့ရသူများ၊ ရေဘေးကြောင့် ထိခိုက်ဒဏ်ရာရသူများနှင့်နေအိမ်ပျက်စီးဆုံးရှုံးသူများအားဖြစ်ပေါ်ခံစားရမှုပေါ်မူတည်၍ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း၊ရေဘေးရှောင်စခန်းမှ နေရပ်ပြန်ချိန်တွင် အသုံးပြုနိုင်ရန်အတွက် ဆန်ရိက္ခာဖိုးနှင့် လူသုံးကုန်ပစ္စည်းများအားလည်းမိမိတို့ဝန်ကြီးဌာနအနေဖြင့်ယခုတစ်ပါတည်းထောက်ပံ့ပေးမည်ဖြစ်ကြောင်း၊ ရေများပြန်လည်ကျချိန်တွင် အင်းလေးဒေသပြန်လည်ထူထောင်ရေးလုပ်ငန်းများအားလည်းတာဝန်ရှိသူများနှင့်အတူဆက်လက်ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်းအားပေးစကားပြောကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့ကယာယီရေဘေးရှောင်စခန်းရှိရေဘေးသင့်ပြည်သူများအားဆန်ရိက္ခာဖိုးငွေ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်ထုပ်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထောက်ပံ့သည့် အရေးပေါ်ကျန်းမာရေးဆေးပစ္စည်းများထောက်ပံ့ပေးအပ်ပြီးကလေးငယ်များအတွက် မုန့်များပေးဝေခဲ့ပါသည်။ပြည်ထောင်စုဝန်ကြီးသည် စက်တင်ဘာလ ၁၉ ရက်နေ့မှ ၂၀ ရက်နေ့အတွင်းကလောမြို့နယ်နှင့် ညောင်ရွှေမြို့နယ်ရှိယာယီရေဘေးရှောင်စခန်းများတွင် ရောက်ရှိနေထိုင်သည့် အိမ်ထောင်စု(၂၃၂)စုနှင့် လူဦးရေ(၉၆၄၉)ဦးအတွက် ဆန်ရိက္ခာဖိုး (၄၀၅၂၅၈၀၀/-)၊ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးအိမ်ထောင်စု(၂၃၂)စုစာ (၂၄၉၈၁၂၉၆/-)စုစုပေါင်း၊ (၆၅၅၀၇၀၉၆/-) ထောက်ပံ့ခဲ့ပါကြောင်းနှင့် ထောက်ပံ့ရန်လိုအပ်မှုများအားဆက်လက်ထောက်ပံ့သွားမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း အာဆီယံမိသားစု ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်ဆိုင်ရာညီလာခံနှင့် အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် Keynote Address ပြောကြားခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနငှက်အော်စမ်းလူငယ်သင်တန်းကျောင်းသို့သွားရောက်ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့် သင်တန်း ကျောင်းများနှင့် ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ သင်တန်းကျောင်းများသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသက်ကြီးစောင့်ရှောက်ရေးဂေဟာ (ထောက်ကြန့်) သို့ ကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်း ရှမ်းပြည်နယ်၊ ‌ညောင်ရွှေမြို့နယ်ရှိ အသင့်တပ်ဆင်စာသင်ကျောင်းများ ဆောက်လုပ်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခြင်းနှင့် ဖယ်ခုံမြို့နယ်နှင့် မိုးဗြဲမြို့နယ်တို့မှ နေရပ်ပြန်ပြည်သူများအားထောက်ပံ့ပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန်းစိုးနေပြည်တော်ကောင်စီနယ်မြေပျဉ်းမနားမြို့နယ်၊ တောင်သာအုပ်စု၊သူဌေးကုန်းကျေးရွာမီးဘေးကြောင့်ထိခိုက်ပျက်စီးနေအိမ်များအားကွင်းဆင်းထောက်ပံ့
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဆရာဖြစ်သင်တန်း(တတိယအကြိမ်)အား ကြည့်ရှုအားပေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်းနှင့်ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းတို့ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက် မြို့နယ်၊ ဇီးကုန်းမြို့နယ်များအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးနေအိမ်များအား ကွင်းဆင်းကြည့်ရှုထောက်ပံ့ပေးအပ်
အိန္ဒိယသမ္မတနိုင်ငံအစိုးရနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပခြင်း

MOS

DSW

DDM

DOR