ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့်အဖွဲ့သည်ရန်ကုန်တိုင်းဒေသကြီးရှိမူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်း(ရန်ကုန်)သို့ (၂၉-၂-၂၀၂၄)ရက်နေ့၊ နံနက်ပိုင်းတွင်သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ရှေးဦးစွာစခန်းတာဝန်ခံအရာရှိကလုပ်ငန်းဆောင်ရွက်ချက်များကို Power Pointဖြင့် ရှင်းလင်းတင်ပြခဲ့ရာပြည်ထောင်စုဝန်ကြီးက မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးသင်တန်းများ ပုံမှန်ဖွင့်လှစ်နိုင်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး ဟောပြောမှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးတို့ကို မှာကြားခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စခန်းအတွင်းရှိ ရုံးခန်းအဆောင်၊သင်တန်းသားအိပ်ဆောင်နှင့်သင်တန်းဆောင်တို့ကိုလှည့်လည်ကြည့်ရှုစစ်ဆေးပြီးလိုအပ်သည်များမှာကြားခဲ့ပါသည်။

မွန်းလွဲပိုင်းတွင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးသို့ရောက်ရှိပြီးပြည်ထောင်စုဝန်ကြီးကကာလကြာဟောင်းနွမ်းဆွေးမြေ့ပြီးအန္တရာယ်ရှိသောအဆောက်အဦများကိုလုပ်ထုံးလုပ်နည်းများနှင့်အညီစနစ်တကျဖျက်သိမ်းနိုင်ရေး၊ ကျန်ရှိနေသောအဆောက်အဦနှင့်ဌာနပိုင်ပစ္စည်းများကိုစနစ်တကျထိန်းသိမ်းစောင့်ရှောက်ရေး၊လိုအပ်သည့်နေရာများသို့ကယ်ဆယ်ရေးပစ္စည်းများအချိန်မီပေးပို့နိုင်ရေးတို့ကိုကြိုးစာဆောင်ရွက်သွားကြရန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် ဗဟိုသိုလှောင်ရုံ(ရန်ကုန်မြို့)တွင် (၃)ဘက်(၃)တန်ကာရံနေသောအုတ်တံတိုင်းနှင့်မြေထိန်းနံရံဆောက်လုပ်မှုလုပ်ငန်းများကိုကြည့်ရှု့စစ်ဆေးပါသည်။ မိုးရာသီကာလတွင်နှစ်စဉ်ကြုံတွေ့နေရသောချောင်းရေလျှံမှုကြောင့် သိုလှောင်ရုံနှင့်ရုံးအဆောက်အဦများအတွင်းရေဝင်နစ်မြှုပ်၍ ကယ်ဆယ်ရေးပစ္စည်းများနှင့် ရုံးသုံးပရိဘောဂများပျက်စီးခြင်း၊ ရွေ့ပြောင်းရခြင်းများမဖြစ်ပေါ်စေရေးအတွက်ဆောင်ရွက်နေရသောလုပ်ငန်းများဖြစ်၍ သတ်မှတ်ကာလအတွင်းလုပ်ငန်းများပြီးစီးရေးကြပ်မတ်ဆောင်ရွက်ရန်နှင့်စံချိန်စံညွှန်းများအတိုင်းတည်ဆောက်ကြရန်တို့ကိုမှာကြားခဲ့ပါသည်။         

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် ဗဟိုသိုလှောင်ရုံ(ရန်ကုန်မြို့)သို့ သွားရောက်ကာကယ်ဆယ်ရေးပစ္စည်းများသိုလှောင်ထားရှိမှုအခြေအနေများကိုကြည့်ရှု့ပြီးဘေးသင့်ပြည်သူများ၏ လတ်တလောစားဝတ်နေရေးလိုအပ်ချက်များအတွက်ဖြည့်ဆည်းပေးရန်ထားရှိခြင်းဖြစ်သည့်အတွက် ပစ္စည်းများပျက်စီးပျောက်ဆုံးလေလွင့်ဆုံးရှုံးမှုမဖြစ်ပေါ်စေရေးနှင့် ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများသက်တမ်းပြည့် သိုလှောင်ထားရှိသုံးစွဲနိုင်ရေးကိုထုတ်ပြန်ထားရှိသည့်အမိန့်၊ညွှန်ကြားချက်များ၊လက်ဆွဲစာစောင်များနှင့်အညီလိုက်နာဆောင်ရွက်ကြရန်၊ လိုအပ်သည့်နေရာများသို့ချက်ချင်းဖြန့်ခွဲပေးပို့နိုင်ရေးကိုယခုကဲ့သို့ပင်ဆက်လက်ဆောင်ရွက်ကြရန်မှာကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းနှင့်အဖွဲ့သည် (၁-၃-၂၀၂၄)ရက်နေ့ နံနက်ပိုင်းတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးအဆောက်အဦသစ်အန္တရာယ်ကင်းပရိတ်တရားတော်နာမင်္ဂလာအခမ်းအနားသို့ တက်ရောက်ပြီးဆရာတော်၊သံဃာတော်များအားလှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်ကာဝန်ထမ်းများနှင့်အတူအန္တရာယ်ကင်းပရိတ်တရားတော်များနာယူကြည်ညိုခဲ့ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း အာဆီယံမိသားစု ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်ဆိုင်ရာညီလာခံနှင့် အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် Keynote Address ပြောကြားခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနငှက်အော်စမ်းလူငယ်သင်တန်းကျောင်းသို့သွားရောက်ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့် သင်တန်း ကျောင်းများနှင့် ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ သင်တန်းကျောင်းများသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသက်ကြီးစောင့်ရှောက်ရေးဂေဟာ (ထောက်ကြန့်) သို့ ကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်း ရှမ်းပြည်နယ်၊ ‌ညောင်ရွှေမြို့နယ်ရှိ အသင့်တပ်ဆင်စာသင်ကျောင်းများ ဆောက်လုပ်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခြင်းနှင့် ဖယ်ခုံမြို့နယ်နှင့် မိုးဗြဲမြို့နယ်တို့မှ နေရပ်ပြန်ပြည်သူများအားထောက်ပံ့ပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန်းစိုးနေပြည်တော်ကောင်စီနယ်မြေပျဉ်းမနားမြို့နယ်၊ တောင်သာအုပ်စု၊သူဌေးကုန်းကျေးရွာမီးဘေးကြောင့်ထိခိုက်ပျက်စီးနေအိမ်များအားကွင်းဆင်းထောက်ပံ့
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဆရာဖြစ်သင်တန်း(တတိယအကြိမ်)အား ကြည့်ရှုအားပေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်းနှင့်ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းတို့ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက် မြို့နယ်၊ ဇီးကုန်းမြို့နယ်များအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးနေအိမ်များအား ကွင်းဆင်းကြည့်ရှုထောက်ပံ့ပေးအပ်
အိန္ဒိယသမ္မတနိုင်ငံအစိုးရနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပခြင်း

MOS

DSW

DDM

DOR