ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

ဆန်ဒိုင်းမူဘောင်အကောင်အထည်ဖော်မှုအား စောင့်ကြည့်လေ့လာရေးနှင့် အစီရင် ခံစာတင်သွင်းနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၀၉း၃၀) နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်အဖွင့် အမှာစကားပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံအနေဖြင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများကို ဒေသတွင်းအဖွဲ့အစည်းများ၊ ကမ္ဘာ့အဆင့်အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆန်ဒိုင်းမူဘောင်အကောင်အထည် ဖော်မှုအား အွန်လိုင်းမှတဆင့်အစီရင်ခံတင်သွင်းခြင်းကို ၂၀၁၈ ခုနှစ်ကတည်းကဆောင်ရွက် ခဲ့ပါကြောင်း၊ ဆန်ဒိုင်းမူဘောင်တွင် ဘေးအန္တရာယ်ကြောင့် သေဆုံး/ ပျောက်ဆုံးသူဦးရေ၊ ထိခိုက်ဒဏ်ရာရရှိသူအပါအဝင် ဘေးသင့်ဦးရေများကိုလျှော့ချရန်၊ စီးပွားရေးလုပ်ငန်းများနှင့်အခြေခံအဆောက်အဦများ ထိခိုက်ပျက်စီးမှုကိုလျှော့ချရန်၊ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးဆိုင်ရာ မဟာဗျူဟာများနှင့် မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ရန်၊ ဘေးအန္တရာယ်ဆိုင်ရာကြိုတင်သတိပေးစနစ်များ အဆင့်မြင့်တင်ရန်စသည့်လုပ်ငန်း များအတွက် ကမ္ဘာ့အဆင့်ပန်းတိုင် (၇)ရပ်နှင့် အညွှန်းကိန်း(၃၈) ခု ဖော်ထုတ်ထားပါကြောင်း၊ ဆန်ဒိုင်းမူဘောင်ပါ အညွှန်းကိန်းများသည် ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင် (Sustainable Development Goals-SDG)နှင့် မြန်မာနိုင်ငံ၏ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan: 2018–2030)ပါ အညွှန်းကိန်းများနှင့် ချိတ်ဆက်ထားပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်ဆန်ဒိုင်းမူဘောင်ပါ အညွှန်းကိန်းများကို နှစ်စဉ်မပြတ် ဖြည့်သွင်းခဲ့ပါကြောင်း၊ ဆန်ဒိုင်းမူဘောင်ကို အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းသည် MSDP/SDG အကောင်အထည်ဖော်မှုများအတွက် လိုအပ်သည့် အချက်အလက်များ ပံ့ပိုးပေးနေခြင်းဖြစ်ပါကြောင်း၊ မကြာသေးမီကာလအတွင်း အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် အလုပ်ရုံဆွေးနွေးပွဲတွင် ဆန်ဒိုင်းမူဘောင် အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှုကို ရှင်းလင်းတင်ပြခဲ့ပါကြောင်း၊ ဘင်းစတက်စ်အဖွဲ့ဝင်နိုင်ငံများထဲမှ မြန်မာနိုင်ငံတစ်နိုင်ငံတည်းသာ ၂၀၂၄ ခုနှစ်အထိ အစီရင်ခံစာတင်သွင်းထားသောကြောင့် နိုင်ငံများ၏ အသိအမှတ်ပြုမှု ရရှိခဲ့သည့်အတွက် စာရင်း/ကိန်းဂဏန်းများကို ပံ့ပိုးပေးသည့် သက်ဆိုင်ရာဌာနများအား ကျေးဇူးတင်ရှိပါကြောင်း၊ဆန်ဒိုင်းမူဘောင်အကောင်အထည်ဖော်မှုအွန်လိုင်းအစီရင်ခံစာကို ၂၀၃၀ပြည့်နှစ်အထိဖြည့်သွင်းသွားရမည်ဖြစ်ပါသဖြင့် ကိန်းဂဏန်းအချက်အလက်များ ပြည့်ပြည့်စုံစုံထည့်သွင်းနိုင်အောင် ဆက်လက်ပူးပေါင်းပေးစေလိုကြောင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ဆန်ဒိုင်းမူဘောင်တွင် ဖြည့်သွင်းလျက်ရှိသည့် အချက်အလက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာကြသော ဌာန၊ အဖွဲ့အစည်းများမှ တာဝန်ရှိသူများက ဆန်ဒိုင်းမူဘောင်အကောင်အထည်ဖော်မှုအစီရင်ခံစာ တင်သွင်းရာတွင် ကိန်းဂဏန်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာ ဖြည့်သွင်းနိုင်ရေးအတွက် သိရှိလိုသည် များနှင့် ပူးပေါင်းဆောင်ရွက်ပေးနိုင်မည့်အခြေအနေများကို တင်ပြဆွေးနွေးခဲ့ကြပါသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ကြီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဘာသာရပ်ဆိုင်ရာအရာထမ်းများ ပါဝင်တက်ရောက်ခဲ့ကြပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း အာဆီယံမိသားစု ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်ဆိုင်ရာညီလာခံနှင့် အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် Keynote Address ပြောကြားခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနငှက်အော်စမ်းလူငယ်သင်တန်းကျောင်းသို့သွားရောက်ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့် သင်တန်း ကျောင်းများနှင့် ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ သင်တန်းကျောင်းများသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသက်ကြီးစောင့်ရှောက်ရေးဂေဟာ (ထောက်ကြန့်) သို့ ကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်း ရှမ်းပြည်နယ်၊ ‌ညောင်ရွှေမြို့နယ်ရှိ အသင့်တပ်ဆင်စာသင်ကျောင်းများ ဆောက်လုပ်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခြင်းနှင့် ဖယ်ခုံမြို့နယ်နှင့် မိုးဗြဲမြို့နယ်တို့မှ နေရပ်ပြန်ပြည်သူများအားထောက်ပံ့ပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန်းစိုးနေပြည်တော်ကောင်စီနယ်မြေပျဉ်းမနားမြို့နယ်၊ တောင်သာအုပ်စု၊သူဌေးကုန်းကျေးရွာမီးဘေးကြောင့်ထိခိုက်ပျက်စီးနေအိမ်များအားကွင်းဆင်းထောက်ပံ့
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဆရာဖြစ်သင်တန်း(တတိယအကြိမ်)အား ကြည့်ရှုအားပေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်းနှင့်ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းတို့ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက် မြို့နယ်၊ ဇီးကုန်းမြို့နယ်များအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးနေအိမ်များအား ကွင်းဆင်းကြည့်ရှုထောက်ပံ့ပေးအပ်
အိန္ဒိယသမ္မတနိုင်ငံအစိုးရနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပခြင်း

MOS

DSW

DDM

DOR