ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုရေးဆိုင်ရာအသိပညာမြင့်မားရေးသင်တန်းဖွင့်ပွဲအခမ်းအနားကိုယနေ့နံနက်တွင်လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊စုပေါင်းခန်းမ၌ကျင်းပပြုလုပ်ရာလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာသက်သက်ခိုင်အမြဲတမ်းအတွင်းဝန်၊ ညွန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွန်ကြားရေးမှူးချုပ်များ၊သင်တန်းနည်းပြများနှင့်သင်တန်းသားအရာထမ်း၊အမှုထမ်းများတက်ရောက်ခဲ့ကြပါသည်။

ပြည်ထောင်စုဝန်ကြီးကအဖွင့်အမှာစကားပြောကြားရာတွင်လူမှုရေးဆိုင်ရာ အသိပညာနှင့် စပ်လျဉ်းသည့်အဓိကသဘောတရားနှင့်အယူအဆများကို သိရှိနားလည်ပြီးလက်ရှိကြုံတွေ့နေရသောလူမှုရေး အခက်အခဲ၊ ပြဿနာတို့ကို ဖြေရှင်းဆောင်ရွက်နိုင်ရန်လိုအပ်ကြောင်း၊ဝန်ထမ်းတစ်ဦးချင်း၏ ခံယူချက်ပိုမိုကောင်းမွန်လာပြီး ဝန်ထမ်းများအကြား ထိရောက်မှုရှိရှိ ပူးပေါင်းဆောင်ရွက်ပါကအဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်အရည်အသွေးတိုးတက်လာပြီး လုပ်ငန်း ပိုမိုအောင်မြင်နိုင်စေရေးအတွက် အထောက်အကူဖြစ်စေပါကြောင်း၊လူမှုရေးကဏ္ဍသည်အလွန်အရေးကြီးသလိုနက်နဲခက်ခဲသည်ကိုလည်းတွေ့ရှိရမှာဖြစ်ကြောင်း၊လူမှုရေးကိစ္စများကိုဆောင်ရွက်နေသူများသည်လူမှုရေးဆိုင်ရာနည်းပညာရပ်များကိုကျွမ်းကျင်ရမည်ဖြစ်ကြောင်း၊ကောင်းမွန်သောပေါင်းသင်းဆက်ဆံရေးရှိရန်လိုအပ်သည့်အပြင်လုပ်ဖော်ကိုင်ဖက်အချင်းချင်းအပေါ်တွင်လည်းမေတ္တာတရားအရင်းခံပြီးဖေးမကူညီဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ပြည်သူလူထုနှင့်တိုက်ရိုက်ထိတွေ့ရသည့်အတွက်လူမှုရေးနယ်ပယ်အတွင်းတစ်ဦးနှင့်တစ်ဦးဆက်သွယ်ပြောဆိုသည့်အခါတွင် လိုက်နာစောင့်ထိန်းရမည့်ကျင့်ဝတ်နှင့်စည်းကမ်းတို့ကိုသိရှိနားလည်ရန်လိုအပ်ကြောင်း၊လူမှုရေးပညာရပ်၏အဓိကအနှစ်သာရဖြစ်သည့်လူမှုဝန်ထမ်းသမားတစ်ဦးအနေဖြင့်မိမိကိုယ်တိုင်ခံယူချက်တို့ကိုပြောင်းလဲနိုင်မှသာမိမိတို့ဝန်ဆောင်မှုပေးရသူ(Client)အတွက်ပြန်လည်ထူထောင်ရေးဆိုင်ရာဝန်ဆောင်မှုကောင်းတို့ကိုပံ့ပိုးပေးနိုင်မည်ဖြစ်ကြောင်း၊သင်တန်းတက်ရောက်မည့်ဝန်ထမ်းများအနေဖြင့်ယခုသင်တန်းမှလေ့လာသိရှိရသည့်အသိပညာ၊အတတ်ပညာများကိုပြည်သူလူထုအတွက်ဝန်ဆောင်မှုပေးနိုင်ရန်အပြင်ဝန်ထမ်းအချင်းချင်းပိုမိုချစ်ခင်ရင်းနှီးစွာလက်တွဲ၍အားလုံးအတွက်သာယာပျော်ရွှင်ဖွယ်ကောင်းသည့်လုပ်ငန်းခွင်ကိုဖန်တီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်တိုက်တွန်းပါကြောင်းပြောကြားခဲ့ပါသည်။

လူမှုရေးဆိုင်ရာအသိပညာမြင့်မားရေးသင်တန်းတွင် လူမှုရေးဆိုင်ရာတန်ဖိုးနှင့်စံနှုန်းများ၊လူမှုရေးဆိုင်ရာကျင့်ဝတ်တရား၊ကျား/မတန်းတူညီမျှရေးဆိုင်ရာလူမှုရေးစံနှုန်းများ၊လူ့တန်ဖိုး၊ဝန်ထမ်းကျင့်ဝတ်နှင့်စည်းမျဉ်းများ၊ထိရောက်မှုရှိသောပူးပေါင်းဆောင်ရွက်မှုနှင့်စပ်လျဉ်းသည့်သင်ခန်းစာတို့ကိုဘာသာရပ်ဆိုင်ရာပုဂ္ဂိုလ်များမှ၅.၇.၂၀၂၂၃ရက်မှ၆.၇.၂၀၂၃ရက်အထိ (၂) ရက်တာပို့ချသွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း အာဆီယံမိသားစု ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်ဆိုင်ရာညီလာခံနှင့် အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် Keynote Address ပြောကြားခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနငှက်အော်စမ်းလူငယ်သင်တန်းကျောင်းသို့သွားရောက်ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့် သင်တန်း ကျောင်းများနှင့် ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ သင်တန်းကျောင်းများသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသက်ကြီးစောင့်ရှောက်ရေးဂေဟာ (ထောက်ကြန့်) သို့ ကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်း ရှမ်းပြည်နယ်၊ ‌ညောင်ရွှေမြို့နယ်ရှိ အသင့်တပ်ဆင်စာသင်ကျောင်းများ ဆောက်လုပ်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခြင်းနှင့် ဖယ်ခုံမြို့နယ်နှင့် မိုးဗြဲမြို့နယ်တို့မှ နေရပ်ပြန်ပြည်သူများအားထောက်ပံ့ပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန်းစိုးနေပြည်တော်ကောင်စီနယ်မြေပျဉ်းမနားမြို့နယ်၊ တောင်သာအုပ်စု၊သူဌေးကုန်းကျေးရွာမီးဘေးကြောင့်ထိခိုက်ပျက်စီးနေအိမ်များအားကွင်းဆင်းထောက်ပံ့
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဆရာဖြစ်သင်တန်း(တတိယအကြိမ်)အား ကြည့်ရှုအားပေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်းနှင့်ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းတို့ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက် မြို့နယ်၊ ဇီးကုန်းမြို့နယ်များအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးနေအိမ်များအား ကွင်းဆင်းကြည့်ရှုထောက်ပံ့ပေးအပ်
အိန္ဒိယသမ္မတနိုင်ငံအစိုးရနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပခြင်း

MOS

DSW

DDM

DOR