ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုရေးဆိုင်ရာ စီမံခန့်ခွဲမှု သတင်းအချက်အလက်စနစ် (Social Management Information System – SMIS) တည်ဆောက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

               လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနက တာဝန်ယူတည်ဆောက်လျက်ရှိသော လူမှုရေးဆိုင်ရာ စီမံခန့်ခွဲမှု သတင်းအချက် အလက်စနစ် (Social Management Information System – SMIS) တည်ဆောက်ရေးနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် အမှာစကားပြောကြားရာတွင် လူမှုကာကွယ်စောင့်ရှောက် ရေးဆိုင်ရာလုပ်ငန်းများအား အကောင်အထည်ဖော်ရာတွင် သတင်းအချက်အလက်နည်းပညာကို အသုံးပြုပြီး လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက် နိုင်ခြင်းသည် ဝန်ကြီးဌာန၏ ဦးစားပေးလုပ်ငန်းတစ်ခုဖြစ်ပါကြောင်း၊ နည်းပညာအသုံးပြု၍ စီမံခန့်ခွဲခြင်းဖြင့် လုပ်ငန်းများဆောင်ရွက်ရာ၌ ပိုမိုမြန်ဆန်တိကျခြင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်းနှင့် ကုန်ကျစရိတ်သက်သာခြင်း အကျိုးကျေးဇူး များ ရရှိနိုင်ပါကြောင်း၊ နည်းပညာကို ထိရောက်စွာ အသုံးပြုနိုင်ရေးအတွက် လူသားအရင်းအမြစ်အား လေ့ကျင့်သင်ကြားပေးခြင်းလုပ်ငန်းမှာ အရေးကြီးပါကြောင်းနှင့် မူလရေးဆွဲထားသောအစီအစဉ်များအတိုင်း အကောင်အထည်ဖော်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

               ယင်းနောက် ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က စီမံခန့်ခွဲမှုဆိုင်ရာ သတင်းအချက် အလက်စနစ်များ တည်ဆောက်အသုံးပြုမှုနှင့်ပတ်သက်၍ နိုင်ငံတကာဥပမာများနှင့် နမူနာယူ ဆောင်ရွက်သင့်သည်များအား ဖြည့်စွက်ပြောကြားခဲ့ပါသည်။ ဆက်လက်၍ လူမှုဝန်ထမ်းဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဘာသာရပ်ဆိုင်ရာ ညွှန်ကြားရေးမှူးတို့က စနစ်တည်ဆောက်ခြင်းနှင့် ပတ်သက်၍ အကောင်အထည်ဖော်ဆောင်ရွက်ထားမှု အခြေအနေများ၊ SMS စနစ်အား ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် စတင်အသုံးပြုနိုင်ရေး ရည်မှန်းကြိုးပမ်းလျက်ရှိသည့် အခြေအနေများနှင့် စနစ်တည်ဆောက်ပြီးစီးပါက လူမှုဝန်ထမ်းဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ငွေကြေးအထောက်အပံ့ပေးရေး အစီအစဉ်များအား အကောင်အထည်ဖော်ရာနှင့် ကလေးသူငယ်နှင့်အမျိုးသမီးများ ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာဖြစ်ရပ်များအား စီမံခန့်ခွဲရာ၌ ပိုမိုမြန်ဆန်တိကျစွာ ဆောင်ရွက်လာနိုင်မည့် အခြေအနေများအား တင်ပြဆွေးနွေးခဲ့ရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် အခြားတက်ရောက်လာသည့်ဌာနတွင်း တာဝန်ရှိသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်တို့မူလတန်းကြိုကျောင်းမြေနေရာနှင့် ကယ်ဆယ်ရေးပစ္စည်းသိုလှောင်ရုံများကိုကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန်းစိုး မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူး/ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးနှင့် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP) ၏မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ် Mr. Michael Dunford အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်တို့မေတ္တာစိမ့်စမ်း မူလတန်းကြိုကျောင်း ဖွင့်ပွဲနှင့် ရှမ်းပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနား များသို့တက်ရောက်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကလောမြို့နယ်နှင့် ညောင်ရွှေမြို့နယ်ရှိ ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများအား ပြန်လည်ထူထောင်ရေး ဆောင်ရွက်နေမှုများကြည့်ရှု့စစ်ဆေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန်းစိုး အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့(IOM) ၏အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာညွှန်ကြားရေးမှူးဖြစ်သူ Mr. Iori Katoအားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့(UNICEF) ၏မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Yasumasa Kimura အားလက်ခံတွေ့ဆုံ

MOS

DSW

DDM

DOR