ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာစိုးဝင်းသည် နိုဝင်ဘာလ (၁၈)ရက်နေ့၊ နံနက်ပိုင်းတွင် တာဝန်ရှိသူများလိုက်ပါ၍ မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးနှင့် ကယ်ဆယ်ရေး ပစ္စည်းသိုလှောင်ရုံသို့သွားရောက်ရာခရိုင်တာဝန်ခံအရာထမ်း  က ကယ်ဆယ်ထောက်ပံ့ရေးလုပ်ငန်းများဆောင်ရွက်မှုအခြေအနေ၊ ကယ်ဆယ်ရေးပစ္စည်းများ သိုလှောင်ထားရှိမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြပါသည်။ ပြည်ထောင်စုဝန်ကြီးကလိုအပ်သည်များမှာကြားပြီးရုံးနှင့် သိုလှောင်ရုံကိုကြည့်ရှုစစ်ဆေးပါသည်။

ယင်းနောက်ပြည်ထောင်စုဝန်ကြီးသည် ရမည်းသင်းမြို့မူလတန်းကြိုကျောင်းနှင့်လူမှုဝန်ထမ်းဦးစီးဌာန ခရိုင်ဦးစီးမှူးရုံးတို့ကို ကြည့်ရှုစစ်ဆေးရာခရိုင်ဦးစီးမှူးကလုပ်ငန်းဆောင်ရွက်မှုအခြေအနေများကိုရှင်းလင်းတင်ပြပါသည်။ ပြည်ထောင်စုဝန်ကြီးကရမည်းသင်းခရိုင်မှ ဝန်ထမ်းများအား တွေ့ဆုံ၍ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်းပြောကြားပါသည်။ မိမိတို့ဝန်ကြီးဌာနသည် ပြည်သူကိုလူမှုရေးနည်းလမ်းများဖြင့် ဝန်ဆောင်မှုပေးရသည်ဖြစ်ရာ တာဝန်ထမ်းဆောင်ရင်းဖြင့် နေ့စဉ်ကုသိုလ်ရနေပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိတို့၏လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခြင်းဖြင့် နိုင်ငံတော်ကို အလုပ်အကျွေးပြုကြရမည်ဖြစ်ပါကြောင်း၊ မူကြိုအရွယ်ကလေးငယ်များကို ငယ်စဉ်ကတည်းကပင် စာရိတ္တကောင်းမွန်ရေး၊ စည်းကမ်းလိုက်နာတတ်သော နိုင်ငံသားကောင်းများ ဖြစ်လာစေရေး၊ကျန်းမာရေးနှင့်ညီညွတ်သောနေထိုင်မှုအလေ့ကျင့်ကောင်းများရရှိရေးတို့ကိုမွေးမြူလေ့ကျင့်ပေးကြရန်၊ နိုင်ငံ့ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာနေထိုင်ကြရန်တို့ကို အကျယ်တစ်ဝင့်မှာကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ပျော်ဘွယ်မြို့သို့သွားရောက်၍ ပျော်ဘွယ်မြို့ဘိုးဘွားရိပ်သာရှိ ဘိုးဘွားများအား တွေ့ဆုံဂါရဝပြုကာ ငွေကြေးနှင့်စားသောက်ဖွယ်ရာများထောက်ပံ့ပြီးလိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပါသည်။

၎င်းနောက်ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မိတ္ထီလာမြို့သို့ဆက်လက်သွား‌‌ရောက်ပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးနှင့် ကယ်ဆယ်ရေးပစ္စည်းသိုလှောင်ရံသို့လည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးနှင့် မူလတန်းကြိုကျောင်းသို့လည်းကောင်း၊ သွားရောက်စစ်ဆေးပြီး ဝန်ထမ်းများနှင့် တွေ့ဆုံပါသည်။ တွေ့ဆုံမှုတွင် လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနခရိုင်တာဝန်ခံများကလုပ်ငန်းအလိုက် ရှင်းလင်းတင်ပြရာပြည်ထောင်စုဝန်ကြီးကမီးဘေးလုံခြုံရေးအပါအဝင်  လုံခြုံရေးကိစ္စရပ်များကိုအထူးသတိပြုဆောင်ရွက်ကြရန်၊ ရုံးအလိုက်၊ ဌာနအလိုက် မီးဘေးအပါအဝင်ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ခြင်းအတွက် ဇာတ်တိုက်လေ့ကျင့်ထားကြရန်၊ လုပ်ငန်းဆိုင်ရာလိုအပ်ချက်များ၊ သတိပြုဆောင်ရွက်သင့်သည်များ၊ လုပ်ငန်းခွင်တွင် စည်းလုံးညီညွတ်စွာနှင့် အေးချမ်းစွာတာဝန်ထမ်းဆောင်ရေးဆိုင်ရာကိစ္စရပ်များမှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များကို ဖြည့်ဆည်းပေးပါသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မိတ္ထီလာမြို့ဝန်ဇင်းဘိုးဘွားရိပ်သာသို့ ဘိုးဘွားများ၏ နေထိုင်ရေး၊ စားသောက်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှု စသည်တို့ကို မေးမြန်း ကြည့်ရှုပြီးငွေကြေးနှင့် စားသောက်ဖွယ်ရာများထောက်ပံ့ပြီးလိုအပ်သည်များ ဖြည့်ဆည်းပေးခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း အာဆီယံမိသားစု ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်ဆိုင်ရာညီလာခံနှင့် အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် Keynote Address ပြောကြားခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနငှက်အော်စမ်းလူငယ်သင်တန်းကျောင်းသို့သွားရောက်ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့် သင်တန်း ကျောင်းများနှင့် ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ သင်တန်းကျောင်းများသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသက်ကြီးစောင့်ရှောက်ရေးဂေဟာ (ထောက်ကြန့်) သို့ ကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်း ရှမ်းပြည်နယ်၊ ‌ညောင်ရွှေမြို့နယ်ရှိ အသင့်တပ်ဆင်စာသင်ကျောင်းများ ဆောက်လုပ်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခြင်းနှင့် ဖယ်ခုံမြို့နယ်နှင့် မိုးဗြဲမြို့နယ်တို့မှ နေရပ်ပြန်ပြည်သူများအားထောက်ပံ့ပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန်းစိုးနေပြည်တော်ကောင်စီနယ်မြေပျဉ်းမနားမြို့နယ်၊ တောင်သာအုပ်စု၊သူဌေးကုန်းကျေးရွာမီးဘေးကြောင့်ထိခိုက်ပျက်စီးနေအိမ်များအားကွင်းဆင်းထောက်ပံ့
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဆရာဖြစ်သင်တန်း(တတိယအကြိမ်)အား ကြည့်ရှုအားပေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်းနှင့်ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းတို့ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက် မြို့နယ်၊ ဇီးကုန်းမြို့နယ်များအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးနေအိမ်များအား ကွင်းဆင်းကြည့်ရှုထောက်ပံ့ပေးအပ်
အိန္ဒိယသမ္မတနိုင်ငံအစိုးရနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပခြင်း

MOS

DSW

DDM

DOR