ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

အာဆီယံဒေသတွင်းအမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေးလုပ်ငန်းစီမံချက်ဆိုင်ရာနိုင်ငံအဆင့်အကြံပြုဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် Grand Amera Hotel၊ နေပြည်တော်၌ ကျင်းပရာ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ အမျိုးသမီးအဖွဲ့အစည်းများမှ ဥက္ကဋ္ဌများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဆိုင်ရာ လုပ်ငန်းကော်မတီမှ ကိုယ်စားလှယ်များနှင့်အစိုးရမဟုတ်သောအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက လူကိုယ်တိုင် တက်ရောက်ပြီး အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှကိုယ်စားလှယ်များက Online ဖြင့် ပါဝင်တက်ရောက်ခဲ့ကြပါသည်။

ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင်အာဆီယံဒေသတွင်းအမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေးဆိုင်ရာလုပ်ငန်းစီမံချက်(၂၀၁၆-၂၀၂၅) အကောင်အထည်ဖော်မှုသက်တမ်းကုန်ဆုံးတော့မည်ဖြစ်သောကြောင့်အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့်လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မှုဆိုင်ရာ အပြီးသတ်သုံးသပ်မှု (End-Term Review)ဆောင်ရွက်နိုင်ရန်အတွက်နိုင်ငံအဆင့်အစီရင်ခံစာတင်သွင်းနိုင်ရန်၊ရှေ့ (၁၀) နှစ်တာကာလ(၂၀၂၆-၂၀၃၅)အတွက်ထိရောက်သည့်လုပ်ငန်းအစီအစဉ်များထည့်သွင်းရေးဆွဲနိုင်ရန်၊အမျိုးသမီးများအ‌ပေါ်အကြမ်းဖက်မှုလျော့နည်းပပျောက်ရေးအတွက်နိုင်ငံတော်ကချမှတ်ထား သည့်မူဝါဒများနှင့်အညီလက်ရှိဆောင်ရွက်ထားရှိမှုများ၊အသစ်ထပ်မံပေါ်ပေါက်လာသည့်အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပုံစံများ၊တွေ့ကြုံရသည့်အခက်အခဲများနှင့်ဦးစားပေးလုပ်ငန်းများကိုဆွေးနွေးနိုင်ရန်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဘေဂျင်းလုပ်ငန်းစီမံချက်ပါ လုပ်ငန်းစဉ် (၂) ရပ်ဖြစ်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီကို ဖွဲ့စည်းဆောင်ရွက်ခြင်းနှင့် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့် မဟာဗျူဟာစီမံကိန်း(NSPAW)ကို ရေးဆွဲအကောင်အထည်ဖော်ခြင်းတို့ကိုဆောင်ရွက်လျက်ရှိပါကြောင်း၊အမျိုးသမီးများအပေါ်အကြမ်းဖက်မှုဆိုင်ရာလုပ်ငန်းကော်မတီဝင်များကNSPAW ပါစီမံကိန်းလုပ်ငန်းများကိုနိုင်ငံတကာနှင့်အာဆီယံဒေတွင်းကတိကဝတ်များနှင့်အညီအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်အပြီးသတ်သုံးသပ်မှု (End-Term Review)၏ပထမလုပ်ငန်းစဉ်ဖြစ်သည့်NationalSelf-Assessment Survey ကိုသက်ဆိုင်ရာဌာန/အဖွဲ့အစည်းများမှအချက်အလက်များကောက်ယူစုစည်းပြီးအာဆီယံအတွင်းရေးမှူးချုပ်ရုံးသို့၂၀၂၅ခုနှစ်ဇူလိုင်လ(၂၄) ရက်နေ့တွင်ပေးပို့ခဲ့ပြီးဖြစ်ပါကြောင်း၊ဒုတိယလုပ်ငန်းစဉ် ဖြစ်သည့်ယနေ့ကျင်းပပြုလုပ်သည့်နိုင်ငံအဆင့်အကြံပြုဆွေးနွေးပွဲတွင်အာဆီယံဒေသတွင်းအမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေးလုပ်ငန်းစီမံချက်ပါလုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မှုများကိုအကဲဖြတ်သုံးသပ်ပြီးရှေ့ (၁၀)နှစ်တာကာလအတွက်ထိရောက်သည့်လုပ်ငန်းအစီအစဉ်များပါဝင်သည့်အစီရင်ခံစာကိုတင်သွင်းသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ အာဆီယံလူမှု-ယဉ်ကျေးမှုအသိုက်အဝန်းဆိုင်ရာဒုတိယအတွင်းရေးမှူးချုပ်၊ဦးစံလွင်၏ Pre-recorded video ကို ဖွင့်လှစ်ပြသခဲ့ပြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာစန်းစန်းအေးက နိုင်ငံအဆင့်အကြံပြုဆွေးနွေးပွဲ၏ ရည်ရွယ်ချက်နှင့် မျှော်မှန်းရလဒ်များကို တင်ပြဆွေးနွေးခြင်း၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များကအာဆီယံဒေသတွင်းအမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေးလုပ်ငန်းစီမံချက်(၂၀၁၆-၂၀၂၅) နှင့်စပ်လျဉ်း၍ တင်ပြဆွေးနွေးခြင်း၊ ဘာသာရပ်ဆိုင်ရာ ညွှန်ကြားရေးမှူးများက တင်ပြဆွေးနွေးခြင်း၊ တက်ရောက်လာသူများနှင့် Group Work များ ဆွေးနွေးခြင်းတို့ ဆက်လက်ပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း အာဆီယံမိသားစု ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်ဆိုင်ရာညီလာခံနှင့် အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် Keynote Address ပြောကြားခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနငှက်အော်စမ်းလူငယ်သင်တန်းကျောင်းသို့သွားရောက်ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့် သင်တန်း ကျောင်းများနှင့် ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ သင်တန်းကျောင်းများသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသက်ကြီးစောင့်ရှောက်ရေးဂေဟာ (ထောက်ကြန့်) သို့ ကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်း ရှမ်းပြည်နယ်၊ ‌ညောင်ရွှေမြို့နယ်ရှိ အသင့်တပ်ဆင်စာသင်ကျောင်းများ ဆောက်လုပ်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခြင်းနှင့် ဖယ်ခုံမြို့နယ်နှင့် မိုးဗြဲမြို့နယ်တို့မှ နေရပ်ပြန်ပြည်သူများအားထောက်ပံ့ပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန်းစိုးနေပြည်တော်ကောင်စီနယ်မြေပျဉ်းမနားမြို့နယ်၊ တောင်သာအုပ်စု၊သူဌေးကုန်းကျေးရွာမီးဘေးကြောင့်ထိခိုက်ပျက်စီးနေအိမ်များအားကွင်းဆင်းထောက်ပံ့
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဆရာဖြစ်သင်တန်း(တတိယအကြိမ်)အား ကြည့်ရှုအားပေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်းနှင့်ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းတို့ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက် မြို့နယ်၊ ဇီးကုန်းမြို့နယ်များအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးနေအိမ်များအား ကွင်းဆင်းကြည့်ရှုထောက်ပံ့ပေးအပ်
အိန္ဒိယသမ္မတနိုင်ငံအစိုးရနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပခြင်း

MOS

DSW

DDM

DOR