ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဋ္ဌ(၂)၊လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းသည်နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ဦးသန်းထွန်းဦး၊နေပြည်တော်ကောင်စီဝင်များ၊ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ၂၀၂၄ခုနှစ်၊စက်တင်ဘာလ၂၄ရက်နေ့နံနက်ပိုင်းတွင်ဇေယျာသီရိမြို့နယ်၊စိမ်းစားပင်ကျေးရွာ၊အောင်မြေရတနာဘုန်းတော်ကြီးကျောင်းနှင့်ပုပ္ဗသီရိမြို့နယ်၊ရွှေမင်္ဂလာပေါက်တောဘုန်းတော်ကြီးကျောင်းရေဘေးရှောင်ပြည်သူများအားသွားရောက်တွေ့ဆုံအားပေးထောက်ပံ့ခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်မုန်တိုင်းရာဂီကြောင့် ရေဘေးသင့်ပြည်သူများအားတွေ့ဆုံရာ၌ နှစ်ပေါင်းများစွာတွင် နေပြည်တော်၌ မဖြစ်ပွားဖူးသည့် ရေကြီးရေလျှံမှုကြောင့် နေပြည်တော်ရှိမြို့နယ်(၅)မြို့နယ်တွင် ထိခိုက်ပျက်စီးမှုအခြေအနေ၊ နိုင်ငံတော်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီတို့ကထောက်ပံ့ထားရှိမှုအခြေအနေ၊ နေထိုင်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးတို့အတွက် နိုင်ငံတော်ကတတ်နိုင်သမျှ ဆက်လက်ပံ့ပိုးကူညီမည့်အခြေအနေတို့အားရှင်းလင်းအားပေးပြောကြားခဲ့ပါသည်။ ထို့နောက် ဖြစ်ရိုးဖြစ်စဉ်မဟုတ်သည့် ရာသီဥတုဖြစ်စဉ်များလျော့နည်းစေရေးအတွက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအားအလေးထားဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ပြည်သူအားလုံးသဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာအသိပညာဗဟုသုတတိုးပွားစေရေးနှင့် လိုက်ပါဆောင်ရွက်တတ်သည့် အလေ့အထရရှိစေရေးပါဝင်ဆောင်ရွက်စေလိုကြောင်းပြောကြားကာရင်းရင်းနှီးနှီးတွေ့ဆုံအားပေးနှစ်သိမ့်ခဲ့ပါသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦးကသဘာဝပတ်ဝန်းကျင် မထိခိုက်စေမည့်စနစ်ကျသည့် အမှိုက်စွန့်ပစ်မှုများဖြစ်စေရန် နိုင်ငံတော်ကစီမံဆောင်ရွက်ပေးလျက်ရှိရာပါဝင်ဆောင်ရွက်စေလိုကြောင်း၊ လမ်းပန်းဆက်သွယ်မှုပြန်လည်ကောင်းမွန်ရေး၊ ဆေးရုံဆေးခန်းများပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် အခြေခံပညာကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေးဆောင်ရွက်လျက်ရှိရာကျောင်းတက်မှန်ကန်စေရေးအလေးထားဆောင်ရွက်စေလိုကြောင်း၊  မိမိတို့နေအိမ်များသို့ ပြန်ချိန်တွင်မှာပံ့ပိုးကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်းအားပေးမှာကြားခဲ့ပါသည်။

ဆက်လက်၍ပြည်ထောင်စုဝန်ကြီးနှင့်နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့ကရေကြီးရေလျှံမှုကြောင့်အသက်ဆုံးရှုံးရသူတို့၏မိသားစုဝင်များအားနိုင်ငံတော်မှထောက်ပံ့ငွေ (၅၀၀,၀၀ဝိ/-)၊လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှထောက်ပံ့ငွေ (၃၀၀,၀၀ဝိ/-)၊နေပြည်တော်ကောင်စီမှထောက်ပံ့ငွေ (၂၀၀,၀၀ဝိ/-)၊စုစုပေါင်း (၁,၀၀၀,၀၀ဝိ/-) စီအားပေးအပ်ထောက်ပံ့ခြင်း၊နေအိမ်ရေမျောပါပျက်စီးဆုံးရှုံးရသူများအားမိသားစုအလိုက်ကယ်ဆယ်ရေးပစ္စည်းများပေးအပ်ခြင်း၊မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်(နေပြည်တော်)မှတာဝန်ရှိသူများနှင့် Save The Children အဖွဲ့အစည်းမှတာဝန်ရှိသူများကလူသုံးကုန်ပစ္စည်းများထောက်ပံ့ခြင်းတို့အားဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း အာဆီယံမိသားစု ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်ဆိုင်ရာညီလာခံနှင့် အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် Keynote Address ပြောကြားခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနငှက်အော်စမ်းလူငယ်သင်တန်းကျောင်းသို့သွားရောက်ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့် သင်တန်း ကျောင်းများနှင့် ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ သင်တန်းကျောင်းများသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသက်ကြီးစောင့်ရှောက်ရေးဂေဟာ (ထောက်ကြန့်) သို့ ကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်း ရှမ်းပြည်နယ်၊ ‌ညောင်ရွှေမြို့နယ်ရှိ အသင့်တပ်ဆင်စာသင်ကျောင်းများ ဆောက်လုပ်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခြင်းနှင့် ဖယ်ခုံမြို့နယ်နှင့် မိုးဗြဲမြို့နယ်တို့မှ နေရပ်ပြန်ပြည်သူများအားထောက်ပံ့ပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန်းစိုးနေပြည်တော်ကောင်စီနယ်မြေပျဉ်းမနားမြို့နယ်၊ တောင်သာအုပ်စု၊သူဌေးကုန်းကျေးရွာမီးဘေးကြောင့်ထိခိုက်ပျက်စီးနေအိမ်များအားကွင်းဆင်းထောက်ပံ့
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဆရာဖြစ်သင်တန်း(တတိယအကြိမ်)အား ကြည့်ရှုအားပေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်းနှင့်ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းတို့ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက် မြို့နယ်၊ ဇီးကုန်းမြို့နယ်များအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးနေအိမ်များအား ကွင်းဆင်းကြည့်ရှုထောက်ပံ့ပေးအပ်
အိန္ဒိယသမ္မတနိုင်ငံအစိုးရနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပခြင်း

MOS

DSW

DDM

DOR