ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်းသည် နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦး နှင့်အတူ ကမ္ဘာ့စားနပ် ရိက္ခာအစီအစဉ် (WFP)၏ တာဝန်ခံညွှန်ကြားရေးမှူး Mr. Paolo Mattei  ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ ဝန်ကြီးဌာန၏ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန (Disaster Management Center- DMC)၌ တွေ့ဆုံခဲ့ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

တွေ့ဆုံစဉ်တွင် ပြည်ထောင်စုဝန်ကြီးက ရစ်ခ်တာစကေး (၇.၇) အဆင့်ရှိ ငလျင်ဘေးသင့်ဒေသ များ၏ ပျက်စီးဆုံးရှုံးမှုအခြေအနေများ၊ အာဆီယံနှင့် နိုင်ငံတကာမှ ကျန်းမာရေး စောင့်ရှောက်မှု အဖွဲ့များ လာရောက်ကူညီပေးနေမှုအခြေအနေများ၊ ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ကူညီ ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ ပြန်လည်နေရာချထားရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများတွင် နိုင်ငံတကာ၊ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်းများအနေဖြင့် ကူညီပံ့ပိုးပေးစေလိုသောကိစ္စရပ်များ၊ ဆက်လက်ပူးပေါင်း ဆောင်ရွက် ရမည့် အခြေအနေများကို ပြောကြားခဲ့ပါသည်။

ထို့နောက် ကမ္ဘာ့စားနပ် ရိက္ခာအစီအစဉ် (WFP)၏ တာဝန်ခံညွှန်ကြားရေးမှူး Mr. Paolo Mattei က ငလျင်ဘေးသင့်ဒေသများသို့ သွားရောက်လေ့လာခဲ့မှုအခြအနေများ၊ WFP အနေဖြင့် အစားအစာများ ဖြန့်ဝေဆောင်ရွက်ပေးနေမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီ အစဉ်များကို ရင်းနှီးပွင့်လင်းစွာအမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြပါကြောင်း သတင်းရရှိပါသည်။

 

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိဦးစီးဌာနများ၏လုပ်ငန်းဆောင်ရွက်ချက်များကြည့်ရှုစစ်ဆေးခြင်းနှင့်ဦးစီးဌာနအရာထမ်း၊အမှုထမ်းများနှင့်တွေ့ဆုံခြင်း
“လူကုန်ကူးမှုများနှင့်ပတ်သက်သည့် တရားစီရင်ရေးလုပ်ငန်းစဉ်များနှင့် တရားစီရင်ရေးလုပ်ငန်းစဉ် အတွင်း လူကုန်ကူးခံရသူများအား အကာအကွယ်ပေးခြင်းဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း” ဖွင့်ပွဲ အခမ်းအနားကျင်းပ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ လယ်ဝေးမြို့နယ်အတွင်းရှိ အသင့်တပ်ဆင်ကျေးလက်ကျန်းမာရေးဆေးခန်း အဆောက်အဦနှင့် စာသင်ဆောင် ဆောက်လုပ်ထားရှိမှုအား ကြည့်ရှုစစ်ဆေး
“ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေးဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ရေး(TOT)သင်တန်း”ဖွင့်ပွဲအခမ်းအနားကျင်းပ

MOS

DSW

DDM

DOR