ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

မိုခါဆိုင်ကလုန်းမုန်တိုင်းဘေးသင့်ဒေသများအတွက် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနနှင့် မြန်မာသံရုံးများ၊ ပြည်ပရောက် မြန်မာနိုင်ငံသားများ၊ မိတ်ဖက်နိုင်ငံခြားကုမ္ပဏီများမှ လှူဒါန်းငွေများနှင့်ဆေးဝါးများပေးအပ်လှူဒါန်းခြင်းအခမ်းအနားကိုသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာန(DMC)တွင် ယနေ့မွန်းလွဲ(၃)နာရီကကျင်းပရာအခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာသက်သက်ခိုင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဦးကျော်မျိုးထွဋ်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများတက်ရောက်ကြပါသည်။

အခမ်းအနားတွင် နိုင်ငံခြားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးကလှူဒါန်းရခြင်းနှင့်စပ်လျဉ်း၍ ပြောကြားရာ၌ မိုခါဆိုင်ကလုန်းမုန်တိုင်းဘေးသင့်ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရာ၌ ပါဝင်လှူဒါန်းနိုင်ရေးအတွက် ဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ ပြည်ပရှိမြန်မာသံရုံး၊ မြန်မာအမြဲတမ်းကိုယ်စားလှယ်ရုံးတို့မှ ဝန်ထမ်းများ၊ သက်ဆိုင်ရာနိုင်ငံများရှိမြန်မာနိုင်ငံသားများ၊ ကုမ္ပဏီများ၊ အဖွဲ့အစည်းများအားအသိပေးဆောင်ရွက်ခဲ့ကြောင်း၊ ယနေ့လှူဒါန်းမှုမှာနိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနနှင့် ပြည်ပရှိမြန်မာသံရုံး၊ မြန်မာအမြဲတမ်းကိုယ်စားလှယ်ရုံးတို့မှဝန်ထမ်းများမှလှူဒါန်းသည့်နိုင်ငံခြားငွေ(၈)မျိုးနှင့်ညီမျှသည့် မြန်မာငွေကျပ်(၇၂,၄၅၄,၇၀၀)နှင့်ပြည်ပရောက် မြန်မာနိုင်ငံသားများ၊ ကုမ္ပဏီများနှင့်အဖွဲ့အစည်းများမှလှူဒါန်းသည့် နိုင်ငံခြားငွေ (၅)မျိုးနှင့်ညီမျှသည့် မြန်မာကျပ်ငွေ(၆၁,၄၇၃,၄၀၀)၊ စုစုပေါင်းကျပ်(၁၃၃,၉၂၈,၁၀၀)နှင့် အန္ဒိယရူပီး(၁,၁၉၃,၉၈၇.၂၀)နှင့်ညီမျှသည့် မြန်မာကျပ်ငွေ(၂၉,၈၄၉,၆၈၀) တန်ဖိုးရှိဆေးဝါးများဖြစ်ပါကြောင်းနှင့် ဆက်လက်လှူဒါန်းသွားမည့် အလှူငွေများလည်းရှိပါကြောင်းပြောကြားပါသည်။

ထို့နောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးကကျေးဇူးတင်စကားပြန်လည်ပြောကြားရာ၌ မိုခါဆိုင်ကလုန်းမုန်တိုင်းဘေးကြိုတင်ပြင်ဆင်ရေး၊ တုံ့ပြန်ဆောင်ရွက်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် နိုင်ငံတော်အစိုးရ၏ဦးဆောင်မှု၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ကြီးကြပ်လမ်းညွှန်စီမံခန့်ခွဲဆောင်ရွက်မှုနှင့်အတူအားလုံးပူးပေါင်းပါဝင်ဆောင်ရွက်မှုများကြောင့် ကြိုတင်ပြင်ဆင်ရေး၊ အရေးပေါ်တုံ့ပြန်ရေးအပိုင်းများတွင် အကောင်းဆုံးဆောင်ရွက်နိုင်ခဲ့ပြီးယခုပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုကဏ္ဍအလိုက်၊ ဦးစားပေးအဆင့်အလိုက် ဆောင်ရွက်လျက်ရှိပါကြောင်း၊မိုခါဆိုင်ကလုန်းမုန်တိုင်းဘေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းများမှ လှူဒါန်းထောက်ပံ့လျက်ရှိရာအာဆီယံလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးဗဟိုဌာန (AHA Centre) အပါအဝင် ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံအစိုးရများနဲ့ ပြည်သူများ၊ ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးများမှ လှူဒါန်းပစ္စည်းများကို တပ်မတော်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ရေယာဉ်၊ လေယာဉ်များဖြင့်စစ်တွေမြို့သို့အမြန်ဆုံးပို့ဆောင်ပေးခဲ့ပြီး စစ်တွေမြို့မှတစ်ဆင့် ဘေးသင့်ဒေသမြို့နယ်များအထိ ဆက်လက်ဖြန့်ဝေပေးလျက်ရှိပါကြောင်း၊ ယနေ့ငွေနှင့်ဆေးဝါးများကိုအလှူရှင်များကိုယ်စားလာရောက်လှူဒါန်းပေးခြင်းအတွက် ကျေးဇူးတင်ရှိပါကြောင်းနှင့်အဆိုပါငွေများကိုအမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေသို့ အမြန်ဆုံးထည့်သွင်းသွားမည်ဖြစ်ပါကြောင်း၊ ပြည်တွင်း/ပြည်ပအလှူရှင်များအားလုံး၏ထောက်ပံ့လှူဒါန်းသည့်ပစ္စည်းများကိုဘေးသင့်သူများလက်ဝယ် အမြန်ဆုံးရောက်ရှိရေးနှင့် လှူဒါန်းငွေများကိုဘေးသင့်သူများနှင့်ဘေးသင့်ဒေသများအတွက် အကျိုးရှိစွာအသုံးပြုဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊နိုင်ငံတော်အစိုးရ၏ဆောင်ရွက်မှုများအပြင် ယခုကဲ့သို့ပြည်တွင်း/ပြည်ပအလှူရှင်များ၏ ပါဝင်ဆောင်ရွက်မှုများကြောင့် အချိန်တိုအတွင်းမူလအခြေအနေကိုပြန်လည်ရောက်ရှိအောင်ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ပိုမိုကောင်းမွန်သည့်အခြေအနေကိုအမြန်ဆုံးရောက်ရှိရေးကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းနှင့် အလှူရှင်များအားလုံးကိုနိုင်ငံတော်နှင့် ဘေးသင့်သူများကိုယ်စားကျေးဇူးတင်ဂုဏ်ယူပါကြောင်းနှင့် လေးစားစွာမှတ်တမ်းတင်အပ်ပါကြောင်းပြောကြားပါသည်။

ထို့နောက် နိုင်ငံခြားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးကဝန်ကြီးဌာနဝန်ထမ်းများနှင့် ပြည်ပရောက် မြန်မာနိုင်ငံသားများမှလှူဒါန်းသည့် နိုင်ငံခြားငွေ(၈)မျိုးနှင့်ညီမျှသည့် မြန်မာငွေကျပ်စုစုပေါင်း(၁၃၃,၉၂၈,၁၀၀)နှင့် အိန္ဒိယရူပီး (၁,၁၉၃,၉၈၇.၂၀)နှင့် ညီမျှသည့် မြန်မာကျပ်ငွေ(၂၉,၈၄၉,၆၈၀)တန်ဖိုးရှိဆေးဝါးများကိုပေးအပ်လှူဒါန်းခဲ့ပြီးလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးကလက်ခံခဲ့ကာဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း အာဆီယံမိသားစု ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်ဆိုင်ရာညီလာခံနှင့် အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် Keynote Address ပြောကြားခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနငှက်အော်စမ်းလူငယ်သင်တန်းကျောင်းသို့သွားရောက်ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့် သင်တန်း ကျောင်းများနှင့် ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ သင်တန်းကျောင်းများသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသက်ကြီးစောင့်ရှောက်ရေးဂေဟာ (ထောက်ကြန့်) သို့ ကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်း ရှမ်းပြည်နယ်၊ ‌ညောင်ရွှေမြို့နယ်ရှိ အသင့်တပ်ဆင်စာသင်ကျောင်းများ ဆောက်လုပ်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခြင်းနှင့် ဖယ်ခုံမြို့နယ်နှင့် မိုးဗြဲမြို့နယ်တို့မှ နေရပ်ပြန်ပြည်သူများအားထောက်ပံ့ပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန်းစိုးနေပြည်တော်ကောင်စီနယ်မြေပျဉ်းမနားမြို့နယ်၊ တောင်သာအုပ်စု၊သူဌေးကုန်းကျေးရွာမီးဘေးကြောင့်ထိခိုက်ပျက်စီးနေအိမ်များအားကွင်းဆင်းထောက်ပံ့
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဆရာဖြစ်သင်တန်း(တတိယအကြိမ်)အား ကြည့်ရှုအားပေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်းနှင့်ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းတို့ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက် မြို့နယ်၊ ဇီးကုန်းမြို့နယ်များအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးနေအိမ်များအား ကွင်းဆင်းကြည့်ရှုထောက်ပံ့ပေးအပ်
အိန္ဒိယသမ္မတနိုင်ငံအစိုးရနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပခြင်း

MOS

DSW

DDM

DOR