ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

Basic Social Work Skills Development သင်တန်းဖွင့်ပွဲအခမ်းအနားကိုယနေ့နံနက်တွင်လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြန်လည်ထူထောင်ရေးဦးစီးဌာန၊အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ရာလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်း တက်ရောက်၍အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးကယနေ့ဖွင့်လှစ်သည့်Basic Social Work Skills Development သင်တန်းကို ပိုမိုကောင်းမွန်သောပြန်လည်ထူထောင်ရေးလုပ်ငန်းအစီအစဉ်များ ချမှတ်ဆောင်ရွက်နိုင်ရန်၊ လူမှုရေးပညာရပ်ဆိုင်ရာ အခြေခံသဘောတရားတို့ကို သိရှိနားလည်ပြီး ဝန်ထမ်းများ၏လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်လာစေရန်၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၏လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန်တို့ဖြစ်ပါကြောင်း၊လူတစ်ဦးမွေးဖွားသည့်အချိန်မှစပြီး အသက်အရွယ်ကြီးရင့်သည့်အချိန်အထိ လူသားများကြုံတွေ့ရသည့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အခက်အခဲများ၊ လူမှုရေးဆိုင်ရာ ပြဿနာရပ်များ၊ သဘာဝဘေးနှင့် လူကြောင့်ဖြစ်သော ပဋိပက္ခများ၏ နောက်ဆက်တွဲဆိုးကျိုးများလျော့ချနိုင်ရေး၊ ထိခိုက်လွယ် အခြေအနေကို ရင်ဆိုင်နေရသူများအနေဖြင့့်် ခွဲခြားဆက်ဆံမှု၊ လျစ်လျူရှုမှု၊ အလွဲသုံးစားမှု၊ ဘေးဖယ်ခံထားရမှု၊ ရသင့်ရထိုက်သည့်လူ့အခွင့်အရေးများ မရရှိနိုင်ခြင်းတို့အတွက်ကူညီဖြည့်ဆည်းဆောင်ရွက်ပေးရသော ဝန်ကြီးဌာန၏လုပ်ငန်းစဉ်များသည် အဓိကအားဖြင့် လူမှုရေးပညာရပ်နှင့် ဆက်စပ်နေသည်ကိုတွေ့မြင်နိုင်ပါကြောင်း၊လူမှုရေးပညာရပ်သည် ကူညီစောင့်ရှောက်ပေးရသောအတတ်ပညာတစ်ရပ် (Helping People Helping Themselves)ဟုသတ်မှတ်နိုင်ပါကြောင်း၊ လူမှုရေးလုပ်ငန်း၏ အခြေခံကျသောလုပ်ငန်းစဉ်သည်ယေဘုယျအားဖြင့်ထိခိုက်လွယ်အခြေအနေတို့ကို ရင်ဆိုင်နေရသူများ၊ ဆင်းရဲနွမ်းပါးမှုကို ခံစားနေရသူများနှင့် ခွဲခြားဆက်ဆံမှုကို ကြုံတွေ့နေရသူတို့အတွက် ကောင်းကျိုးစီးပွား တိုးတက်လာစေရန်နှင့် အခြေခံလိုအပ်ချက်တို့ကို ရရှိနိုင်ရန် ကူညီဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ယနေ့သင်တန်းတွင် လူမှုရေးပညာရပ်ဆိုင်ရာ အခြေခံသဘောတရားများ၊ လူမှုရေးလုပ်ငန်းဆောင်ရွက်သူများ၏ အခန်းကဏ္ဍ၊ လူမှုရေးလုပ်ငန်းဆောင်ရွက်သူများကျင့်သုံးဆောင်ရွက်ရမည့်အကြောင်းအရာများ၊ လိုက်နာရန်လိုအပ်သော ကျင့်ဝတ်စည်းမျဉ်းများ၊ လူတစ်ဦးချင်း၊ အဖွဲ့လိုက်နှင့် ရပ်ရွာအတွင်းကူညီဆောင်ရွက်ပေးရမည့် နည်းလမ်းများအပြင် လူမှုကာကွယ်စောင့်ရှောက်ရေး၊ ကျား/မ တန်းတူညီမျှရေး၊ မသန်စွမ်းမှုဆိုင်ရာ လူမှုရေးနည်းလမ်းအရ ကူညီဆောင်ရွက်ပေးနေသော လုပ်ငန်းအစီအစဉ်များနှင့်သက်ဆိုင်သည့်သင်ခန်းစာတို့ကိုပို့ချမည်ဖြစ်ပါကြောင်း၊သင်တန်းတက်ရောက်သည့်အရာထမ်း၊အမှုထမ်းများနေဖြင့်ယနေ့သင်တန်းတွင်ပို့ချမည့်လူမှုရေးပညာရပ်ဆိုင်ရာအခြေခံအကြောင်းအရာတို့ကိုစိတ်ပါဝင်စားစွာဖြင့်လေ့လာသင်ယူရန်အပြင်လက်တွေ့လေ့ကျင့်ရန်နှင့်လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်းပြောကြားခဲ့ပါသည်။

ယနေ့သင်တန်းတွင်လူမှုရေး နည်းလမ်းအရ ကူညီဆောင်ရွက်ပေးသောလုပ်ငန်းအစီအစဉ်များနှင့်သက်ဆိုင်သည့်သင်ခန်းစာတို့ကိုဘာသာရပ်ဆိုင်ရာပုဂ္ဂိုလ်များမှ၂၂.၁.၂၀၂၂၃ရက်မှ၂၄.၁.၂၀၂၃ရက်အထိ (၃) ရက်တာပို့ချသွားမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း အာဆီယံမိသားစု ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်ဆိုင်ရာညီလာခံနှင့် အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် Keynote Address ပြောကြားခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနငှက်အော်စမ်းလူငယ်သင်တန်းကျောင်းသို့သွားရောက်ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့် သင်တန်း ကျောင်းများနှင့် ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ သင်တန်းကျောင်းများသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသက်ကြီးစောင့်ရှောက်ရေးဂေဟာ (ထောက်ကြန့်) သို့ ကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်း ရှမ်းပြည်နယ်၊ ‌ညောင်ရွှေမြို့နယ်ရှိ အသင့်တပ်ဆင်စာသင်ကျောင်းများ ဆောက်လုပ်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခြင်းနှင့် ဖယ်ခုံမြို့နယ်နှင့် မိုးဗြဲမြို့နယ်တို့မှ နေရပ်ပြန်ပြည်သူများအားထောက်ပံ့ပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန်းစိုးနေပြည်တော်ကောင်စီနယ်မြေပျဉ်းမနားမြို့နယ်၊ တောင်သာအုပ်စု၊သူဌေးကုန်းကျေးရွာမီးဘေးကြောင့်ထိခိုက်ပျက်စီးနေအိမ်များအားကွင်းဆင်းထောက်ပံ့
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဆရာဖြစ်သင်တန်း(တတိယအကြိမ်)အား ကြည့်ရှုအားပေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်းနှင့်ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းတို့ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက် မြို့နယ်၊ ဇီးကုန်းမြို့နယ်များအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးနေအိမ်များအား ကွင်းဆင်းကြည့်ရှုထောက်ပံ့ပေးအပ်
အိန္ဒိယသမ္မတနိုင်ငံအစိုးရနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပခြင်း

MOS

DSW

DDM

DOR