ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

၂၀၂၄ခုနှစ်၊အောက်တိုဘာလ(၁၃)ရက်နေ့တွင်ကျရောက်မည့်အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့(International Day for Disaster Risk Reduction – IDDRR) အထိမ်းအမှတ်အဖြစ်အခြေခံပညာအထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲကို၅-၉-၂၀၂၄ရက်နေ့နံနက်ပိုင်းကနေပြည်တော်ကောင်စီနယ်မြေ၊ဇမ္ဗူသီရိမြို့နယ်၊အမှတ်(၁၁)အခြေခံပညာအထက်တန်းကျောင်း၌ကျင်းပပြုလုပ်ရာနေပြည်တော်ကောင်စီနယ်မြေအတွင်းရှိအခြေခံပညာအထက်တန်းကျောင်း(၃၉)ကျောင်းမှကျောင်းသား၊ကျောင်းသူ(၈၀)ဦးတို့ကအနာဂတ်မှာကြံ့ကြံ့ခံနိုင်ဖို့၊မျိုးဆက်သစ်တို့စွမ်းအားမြှင့်တင်စို့ခေါင်းစဉ်ဖြင့်ပါဝင်ယှဉ်ပြိုင်ကြပါသည်။

အဆိုပါစာစီစာကုံးပြိုင်ပွဲကျင်းပနေမှုအားလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း၊ပညာရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာမိုးဇော်ထွန်း၊လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးစိုးကြည်နှင့်တာဝန်ရှိသူများကသွားရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။

၄င်းယှဉ်ပြိုင်သူများအနက်မှပထမဆု၊ဒုတိယဆု၊တတိယဆုရရှိသူများနှင့်ပြိုင်ပွဲဝင်ကျောင်းသား၊ကျောင်းသူများကို၂၀၂၄ခုနှစ်၊အောက်တိုဘာလ(၁၃)ရက်နေ့တွင်ကျင်းပပြုလုပ်မည့်အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ်အခမ်းအနားနေ့၌ဂုဏ်ပြုဆုနှင့်ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်တို့မူလတန်းကြိုကျောင်းမြေနေရာနှင့် ကယ်ဆယ်ရေးပစ္စည်းသိုလှောင်ရုံများကိုကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန်းစိုး မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူး/ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးနှင့် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP) ၏မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ် Mr. Michael Dunford အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်တို့မေတ္တာစိမ့်စမ်း မူလတန်းကြိုကျောင်း ဖွင့်ပွဲနှင့် ရှမ်းပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနား များသို့တက်ရောက်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကလောမြို့နယ်နှင့် ညောင်ရွှေမြို့နယ်ရှိ ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများအား ပြန်လည်ထူထောင်ရေး ဆောင်ရွက်နေမှုများကြည့်ရှု့စစ်ဆေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန်းစိုး အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့(IOM) ၏အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာညွှန်ကြားရေးမှူးဖြစ်သူ Mr. Iori Katoအားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့(UNICEF) ၏မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Yasumasa Kimura အားလက်ခံတွေ့ဆုံ

MOS

DSW

DDM

DOR