ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

အာဆီယံ၏ One ASEAN One Response နှင့်အညီအာဆီယံအရေးပေါ်တုံ့ပြန်ရေးနှင့် ဆန်းစစ် လေ့လာရေးအဖွဲ့ (ASEAN-ERAT)သည် ဆိုင်ကလုန်းမုန်တိုင်း မိုခါဘေးသင့်ဒေသများဖြစ်သောရခိုင်ပြည်နယ်ရှိစစ်တွေမြို့နယ်၊ ရသေ့တောင်မြို့နယ်၊ ကျောက်တော်မြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် များသို့ (၂၂-၅-၂၀၂၃) နေ့မှ (၂၅-၅-၂၀၂၃)နေ့အထိကွင်းဆင်းစစ်တမ်းကောက်ယူခဲ့ပါသည်။

အဆိုပါ အာဆီယံအရေးပေါ်တုံ့ပြန်ရေးနှင့် ဆန်းစစ်လေ့လာရေးအဖွဲ့(ASEAN-ERAT) ၏ ရခိုင်ပြည်နယ်ရှိစစ်တွေမြို့နယ်၊ ရသေ့တောင်မြို့နယ်၊ ကျောက်တော်မြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်များသို့ ကွင်းဆင်းစစ်တမ်းကောက်ယူမှုအတွက် တွေ့ရှိချက်နှင့် လုပ်ငန်းစဉ်များကိုလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးထံရှင်းလင်းတင်ပြခြင်းအစီအစဉ်ကို(၂၈.၅.၂၀၂၃)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာပြည်ထောင်စုဝန်ကြီးဒေါက်တာသက်သက်ခိုင်၊အမြဲတမ်းအတွင်းဝန်၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်းများ၊ AHA Centre ၏ အလုပ်အမှုဆောင်ညွှန်ကြားရေးမှူး၊ ညွှန်ကြားရေးမှူး(လုပ်ငန်း)၊ AHA Centre မှဝန်ထမ်းများနှင့် ASEAN-ERAT အဖွဲ့ဝင်များတက်ရောက်ခဲ့ကြပါသည်။

ပထမဦးစွာကွင်းဆင်းစစ်တမ်းကောက်ယူခဲ့သောအဖွဲ့(၂)ဖွဲ့၏ ခေါင်းဆောင်များကစစ်တမ်းကောက်ယူမှုမှ ဦးစားပေးလုပ်ငန်းများဖြစ်သည့် အစားအစာ၊ အမိုးအကာ၊ ရေနှင့် သန့်ရှင်းရေးနှင့် သောက်သုံးရေ၊ အသက်မွေးဝမ်းကျောင်းနှင့် အလုပ်အကိုင်စသည်တို့နှင့်စပ်လျဉ်း၍စစ်တမ်းကောက်ယူခဲ့မှုအစီအစဉ်၊ တွေ့ရှိချက်၊ ဦးစားပေးဆောင်ရွက်သင့်သည့် လုပ်ငန်းများကိုရှင်းလင်းတင်ပြပါသည်။

ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးမှ ASEAN-ERAT အဖွဲ့၏ ကြိုးပမ်းအားထုတ်မှုကိုအသိအမှတ်ပြုကျေးဇူးတင်ပါကြောင်း၊ ကွင်းဆင်းကောက်ယူမှုများသည်လည်းကျစ်လျစ်၍ ပြီးပြည့်စုံမှုရှိပါကြောင်း၊ အစိုးရအနေဖြင့် ကျန်းမာရေး၊ ပညာရေး၊ မီးရရှိမှုနှင့် ဆက်သွယ်ရေးကဏ္ဍများကိုဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း၊သောက်သုံးရေသန့်ရရှိရေးအတွက် ပျက်စီးသွားသောရေကန်များပြင်ဆင်ခြင်း၊ အသက်မွေးဝမ်းကြောင်းကဏ္ဍတွင် သက်ဆိုင်ရာဌာနများမှမျိုးစေ့များ၊ မွေးမြူရေးအတွက် မျိုးသားပေါက်များဖြန့်ဝေရန်စီစဉ်လျက်ရှိပါကြောင်း၊ Cash for work အစီအစဉ်ဆောင်ရွက်ရန်လည်းစီစဉ်ထားပါကြောင်း၊တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင် များ၊ စေတနာ့ဝန်ထမ်းများကလည်းအများပြည်သူပိုင်နေရာများအားရှင်းလင်းလျက်ရှိပါကြောင်း၊ ဈေးများပြန်လည်ဖွင့်နိုင်ရေးနှင့် ကုန်ဈေးနှုန်းများတည်ငြိမ်ရေးဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ရေသန့်စက်တင်ဆောင်ထားသည့် ယာဉ်များဖြင့် ရေသန့်ဖြန့်ဝေမှုများလည်းဆောင်ရွက်လျက်ရှိပါကြောင်းနှင့် မိုခါဆိုင်ကလုန်းမုန်တိုင်းဘေးအရေးပေါ်တုံ့ပြန်ရေး၊ ပြန်လည်ထူထောင်ရေးဆောင်ရွက်နေမှုအခြေအနေများကိုရှင်းလင်းဆွေးနွေးခဲ့ပါကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း အာဆီယံမိသားစု ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်ဆိုင်ရာညီလာခံနှင့် အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် Keynote Address ပြောကြားခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနငှက်အော်စမ်းလူငယ်သင်တန်းကျောင်းသို့သွားရောက်ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့် သင်တန်း ကျောင်းများနှင့် ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ သင်တန်းကျောင်းများသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသက်ကြီးစောင့်ရှောက်ရေးဂေဟာ (ထောက်ကြန့်) သို့ ကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်း ရှမ်းပြည်နယ်၊ ‌ညောင်ရွှေမြို့နယ်ရှိ အသင့်တပ်ဆင်စာသင်ကျောင်းများ ဆောက်လုပ်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခြင်းနှင့် ဖယ်ခုံမြို့နယ်နှင့် မိုးဗြဲမြို့နယ်တို့မှ နေရပ်ပြန်ပြည်သူများအားထောက်ပံ့ပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန်းစိုးနေပြည်တော်ကောင်စီနယ်မြေပျဉ်းမနားမြို့နယ်၊ တောင်သာအုပ်စု၊သူဌေးကုန်းကျေးရွာမီးဘေးကြောင့်ထိခိုက်ပျက်စီးနေအိမ်များအားကွင်းဆင်းထောက်ပံ့
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဆရာဖြစ်သင်တန်း(တတိယအကြိမ်)အား ကြည့်ရှုအားပေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်းနှင့်ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းတို့ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက် မြို့နယ်၊ ဇီးကုန်းမြို့နယ်များအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးနေအိမ်များအား ကွင်းဆင်းကြည့်ရှုထောက်ပံ့ပေးအပ်
အိန္ဒိယသမ္မတနိုင်ငံအစိုးရနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပခြင်း

MOS

DSW

DDM

DOR