ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၏ပြန်လည်ထူထောင်ရေးအဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြန်လည်ထူထောင်ရေးဦးစီးဌာန၊အစည်းအဝေးခန်းမ၌ယနေ့မွန်းလွဲပိုင်းတွင်ကျင်းပခဲ့ရာလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဦးစိုးကြည်ကအဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ဒုတိယဝန်ကြီးကမူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့တွင်လုပ်ငန်းအဖွဲ့(၁၁)ဖွဲ့ ဖွဲ့စည်းထားသည့်အနက် ပြန်လည်ထူထောင်ရေးအဖွဲ့အနေဖြင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများထိရောက်အောင်မြင်စွာဆောင်ရွက်နိုင်ရန်မူဝါဒနှင့်လုပ်ငန်းအစီအစဉ်များရေးဆွဲခြင်းများ၊နှီးနွှယ်ဌာနများနှင့်ပေါင်းစပ်ဆောင်ရွက်လျက်ရှိပါကြောင်း၊မူးယစ်ဆေးစွဲလူနာများအားစိတ်ပိုင်း၊ရုပ်ပိုင်းဆိုင်ရာပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ပေးခြင်း၊အသက်မွေးဝမ်းကျောင်းပညာရပ်များသင်ကြားပေးခြင်း၊နောက်ဆက်တွဲစောင့်ရှောက်မှုများဆောင်ရွက်ပေးခြင်းတို့ဖြင့် မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဝန်ကြီးဌာန၏မူဝါဒနှင့်အညီဆောင်ရွက်လျက်ရှိပါကြောင်း၊မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့်ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုများစွာထိခိုက်စေနိုင်ပြီး ကမ္ဘာနှင့်အဝှမ်း လူသားအရင်းအမြစ်ဆုံးရှုံးမှုများ ဖြစ်ပေါ်လျက်ရှိပါကြောင်း၊၂၀၁၈ခုနှစ်မှ၂၀၂၄ခုနှစ်၊နိုဝင်ဘာလအထိစခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်း(၄၄)ကြိမ်၊သင်တန်းသား (၉၁၄)ဦး၊ရပ်ရွာအခြေပြုပြန်လည်ထူထောင်ရေးသင်တန်း(၁၉)ကြိမ်၊သင်တန်းသား(၆၂၀)ဦးကိုပြန်လည်ထူထောင်မှုဆောင်ရွက်ပေးနိုင်ခဲ့ပြီးစေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူးသင်တန်း(၂၉)ကြိမ်၊သင်တန်းသား(၇၀၅)ဦးနှင့်မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးဆိုင်ရာစွမ်းရည်မြှင့်သင်တန်းကိုဦးစီးဌာနရှိဝန်ထမ်းများအတွက်သင်တန်း(၄)ကြိမ်၊သင်တန်းသား(၁၁၀)ဦးကိုလေ့ကျင့်သင်ကြားပေးနိုင်ခဲ့ပါကြောင်း၊ ပြန်လည်ထူထောင်ရေးအဖွဲ့အနေဖြင့်လုပ်ငန်းဆောင်ရွက်ချက်များအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့သို့တင်ပြလျက်ရှိပါကြောင်း၊  အစည်းအဝေးသို့တက်ရောက်လာကြသည့် တာဝန်ရှိအဖွဲ့ဝင်များအနေဖြင့်မိမိဌာန၏ဆောင်ရွက်ချက်များအားဆွေးနွေးတင်ပြစေလိုပါကြောင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ပြန်လည်ထူထောင်ရေးအဖွဲ့ အတွင်းရေးမှူး၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ကလုပ်ငန်းဆောင်ရွက်ချက်များကို Power Point ဖြင့် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာကြသည့် သက်ဆိုင်ရာဌာနများအလိုက် တာဝန်ရှိသူများ က ကအလိုက် ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း အာဆီယံမိသားစု ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်ဆိုင်ရာညီလာခံနှင့် အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် Keynote Address ပြောကြားခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနငှက်အော်စမ်းလူငယ်သင်တန်းကျောင်းသို့သွားရောက်ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့် သင်တန်း ကျောင်းများနှင့် ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ သင်တန်းကျောင်းများသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသက်ကြီးစောင့်ရှောက်ရေးဂေဟာ (ထောက်ကြန့်) သို့ ကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်း ရှမ်းပြည်နယ်၊ ‌ညောင်ရွှေမြို့နယ်ရှိ အသင့်တပ်ဆင်စာသင်ကျောင်းများ ဆောက်လုပ်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခြင်းနှင့် ဖယ်ခုံမြို့နယ်နှင့် မိုးဗြဲမြို့နယ်တို့မှ နေရပ်ပြန်ပြည်သူများအားထောက်ပံ့ပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန်းစိုးနေပြည်တော်ကောင်စီနယ်မြေပျဉ်းမနားမြို့နယ်၊ တောင်သာအုပ်စု၊သူဌေးကုန်းကျေးရွာမီးဘေးကြောင့်ထိခိုက်ပျက်စီးနေအိမ်များအားကွင်းဆင်းထောက်ပံ့
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဆရာဖြစ်သင်တန်း(တတိယအကြိမ်)အား ကြည့်ရှုအားပေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်းနှင့်ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းတို့ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက် မြို့နယ်၊ ဇီးကုန်းမြို့နယ်များအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးနေအိမ်များအား ကွင်းဆင်းကြည့်ရှုထောက်ပံ့ပေးအပ်
အိန္ဒိယသမ္မတနိုင်ငံအစိုးရနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပခြင်း

MOS

DSW

DDM

DOR