ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

မြန်မာနိုင်ငံအစိုးရ၏ ဆောင်ရွက်ချက်

 

ယူနန်ပြည်နယ် အပြည်ပြည်ဆိုင်ရာ ချစ်ကြည်ရေးအသင်းက မြန်မာနိုင်ငံမုန်တိုင်းဒဏ်သင့်သူများအတွက် မြန်မာငွေကျပ်(၄၁.၃)သန်း တန်ဖိုးရှိ ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့် စားသောက်ကုန်များလှူဒါန်းခဲ့

 

ပြည်တွင်း၊ ပြည်ပစေတနာရှင်ပြည်သူများ အလှူငွေများ လှူဒါန်းနိုင်ရေး နိုင်ငံပိုင် သတင်းစာ၊ ဝန်ကြီးဌာန Webportal နှင့် ဦးစီးဌာန Website တို့တွင် ထည့်သွင်းကြေညာခဲ့

 

တိုင်းဒေသကြီး/ပြည်နယ်အလိုက်ဆောင်ရွက်ခြင်း

 

ရှာဖွေကယ်ဆယ်ရေးစုဖွဲ့ထားရှိမှုအနေဖြင့် ရခိုင်ပြည်နယ်တွင် (၃၂၁၄) ဖွဲ့နှင့် ချင်းပြည်နယ်တွင် (၉၄၅) ဖွဲ့ ဖွဲ့စည်းထားရှိခြင်း၊

 

ကျန်းမာရေးဆိုင်ရာစုဖွဲ့ထားရှိမှုအနေဖြင့် ရခိုင်ပြည်နယ်တွင် (၁၁၃) ဖွဲ့၊ ချင်းပြည်နယ်တွင် (၇) ဖွဲ့၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် (၆)ဖွဲ့နှင့် ဧရာဝတီတိုင်းဒေသကြီးတွင် (၁၅၇)ဖွဲ့ ဖွဲ့စည်း ထားရှိခြင်း၊

 

ဆေးကုသမှုအဖွဲ့အနေဖြင့် ရခိုင်ပြည်နယ်တွင် (၄၁) ဖွဲ့၊ ချင်းပြည်နယ်တွင် (၇) ဖွဲ့ စစ်ကိုင်းတိုင်းဒေသကြီးတွင် (၃)ဖွဲ့နှင့် ဧရာဝတီတိုင်းဒေသကြီးတွင် (၂၁)ဖွဲ့ ဖွဲ့စည်း ထားရှိခြင်း၊

 

 

ဘေးလွတ်ရာကြိုတင်ရွှေ့ပြောင်းမှုအနေဖြင့်

 

ရခိုင်ပြည်နယ်တွင် (၅၇၆၅၉၇) ဦး၊

 

ချင်းပြည်နယ်တွင် (၁၅၀၉) ဦး၊

 

ဧရာဝတီတိုင်းဒေသကြီးတွင် (၂၇၀၈၆၉) ဦးနှင့်

 

ရခိုင်ပြည်နယ်မှ IDP စခန်းများရှိ လူဦးရေ (၆၃၃၀၂)ဦးတို့အား ကြိုတင်ရွှေ့ပြောင်းဆောင်ရွက်ခြင်း၊

 

အရေးပေါ်ရှာဖွေကယ်ဆယ်ရေးအတွက် မြေပြင်သုံးအမျိုးအစားယာဉ် (မီးငြိမ်းသတ်ယာဉ်၊ မီးသတ်ရေ သယ်ယာဉ်၊ မီးသတ်စက်ယာဉ်နှင့် အထောက်အကူပြုယာဉ်) အစီးရေ (၂၀၃) စီးနှင့် ရေပြင်သုံးအမျိုးအစား ယာဉ် (၁၃၉) စီးကို ရခိုင်ပြည်နယ်တွင်လည်းကောင်း၊ မြေပြင်သုံးအမျိုးအစားယာဉ် (၈၄) စီးနှင့် ရေပြင်သုံး အမျိုးအစားယာဉ် (၁၅) စီးကို ချင်းပြည်နယ်တွင်လည်းကောင်း၊ မြေပြင်သုံးအမျိုးအစားယာဉ် (၃၉၅) စီးနှင့် ရေပြင်သုံးအမျိုးအစားယာဉ် (၇၇) စီးကို စစ်ကိုင်းတိုင်းဒေသကြီးတွင် လည်းကောင်း၊ မြေပြင်သုံး အမျိုးအစား ယာဉ် (၃၂၇) စီးနှင့် ရေပြင်သုံးအမျိုးအစားယာဉ် (၁၁) စီးကို မကွေးတိုင်းဒေသကြီးတွင် လည်းကောင်း အသင့်ထားရှိခြင်း၊

 

အရေးပေါ်ဆက်သွယ်ရေးကဏ္ဍအနေဖြင့် Satellite Terminal နှင့် Mobile BTS အပါအဝင် ရခိုင်ပြည်နယ်တွင် ဆက်သွယ်ရေးပစ္စည်း (၇) လုံး၊ ချင်းပြည်နယ်တွင် (၂) လုံး ပြင်ဆင်ထားရှိခြင်း၊

 

ကယ်ဆယ်ရေးပစ္စည်းသိုလှောင်မှုအနေဖြင့် ရခိုင်ပြည်နယ်တွင် (၉၉၄၆) အိမ်ထောင်စာ၊ ချင်းပြည်နယ်တွင် (၁၃၀၈) အိမ်ထောင်စာ၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် (၅၇၇၆) အိမ်ထောင်စာ၊ ဧရာဝတီတိုင်းဒေသကြီးတွင် (၅၅၇၈) အိမ်ထောင်စာ၊ မကွေးတိုင်းဒေသကြီးတွင် (၄၁၆၅) အိမ်ထောင်စာနှင့် မြို့နယ် DMC ရုံး(၆)ရုံးတွင် (၃၅၅၀)အိမ်ထောင်စုစာ သိုလှောင်ထားရှိခြင်း၊

ဘေးဒဏ်ခံအဆောက်အဦများအနေဖြင့် Cyclone Shelter၊ Multi-Purpose Shelterနှင့် School-Cum Shelter အပါအဝင် ရခိုင်ပြည်နယ်တွင် Shelter (၅၄) လုံး စုစုပေါင်းလူဦးရေ (၂၄၈၀၀) ဆံ့ ၊ ချင်းပြည်နယ်တွင် Shelter (၆) လုံး စုစုပေါင်းလူဦးရေ (၃၂၀၀) ဆံ့ ၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် Shelter (၁၁) လုံး စုစုပေါင်းလူဦးရေ (၅၆၀၀) ဆံ့၊မကွေးတိုင်းဒေသကြီးတွင် Shelter (၃) လုံး စုစုပေါင်းလူဦးရေ (၁၅၀၀) ဆံ့ နှင့် ဧရာဝတီတိုင်းဒေသကြီးတွင် Shelter (၁၁၈)လုံး စုစုပေါင်လူဦးရေ (၈၄၆၈၅)ဆံ့ ထားရှိခြင်း၊

 

ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများအနေဖြင့် ရခိုင်ပြည်နယ်တွင် တာပေါ်လင်(၂၇၃၂)လိပ် ၊ မိုးကာတဲ (၁၁၀၉)လုံး၊ Fiber Boat (၅၂)စီး၊ သွပ် (၁၇၇၄၁၆)ချပ်၊ သွပ်သံ (၂၁.၈၄)ပိဿ၊ အိမ်ရိုက်သံ (၆၄၂၄.၂)ပိဿ၊ Life Jacket (၇၂၅၀) ခု၊ ချင်းပြည်နယ်တွင် တာပေါ်လင်(၃) လိပ်၊ ဧရာဝတီတိုင်းဒေသကြီးတွင် တာပေါ်လင်(၁)လိပ်၊ မိုးကာတဲ (၂၀၉)လုံး၊ သွပ် (၇၂၆၉)ချပ်၊ မကွေးတိုင်းဒေသကြီးတွင် မိုးကာတဲ (၁၀၃)လုံး၊ သွပ် (၉၉၀)ချပ်နှင့်စစ်ကိုင်းတိုင်းဒေသကြီတွင် တာပေါ်လင်(၄)လိပ် ၊ မိုးကာတဲ (၅၂၆)လုံး၊ သွပ် (၄၈)ချပ်နှင့် သစ်ခွဲသား (၄၁၃.၆)တန်၊ ခေါက်ဆွဲခြောက် (၂၃၈၈၃၀)ထုပ် တို့ကို ပြင်ဆင်ထားရှိခြင်း၊

 

ကျန်းမာရေးသုံးပစ္စည်းများအနေဖြင့် ရခိုင်ပြည်နယ်အတွက် ဓါတ်ဆားမှုန့် (၄၄၀၀၀)ထုပ်၊ Disaster Kit (၁၁၂)ပုံး၊ Emergency Light (၁၂၅)ခု၊ IEHK (၁၀၅)ပုံး၊ ကလိုရင်းဆေးမှုန့် (၁၃၂)ပုံး၊ အိမ်သာခွက် (၃၀၀၀)ခုနှင့် ရေသန့်ဆေးပြား (၁၂၀၄၀၀၀)ခု၊ ချင်းပြည်နယ်အတွက် ဓါတ်ဆားမှုန့် (၁၇၀၀၀)ထုပ်၊ Disaster Kit (၈၀)ပုံး၊ Emergency Light (၁၇)ခု၊ ကလိုရင်းဆေးမှုန့် (၃၇)ပုံး၊ ဧရာဝတီတိုင်းဒေသကြီးအတွက် ဓါတ်ဆားမှုန့် (၅၀၀၀၀)ထုပ်၊ Disaster Kit (၅၄၉)ပုံး၊ IEHK (၄၁)ပုံး၊ ကလိုရင်းဆေးမှုန့် (၁၅၄)ပုံး၊ ရေသန့်ဆေးပြား (၁၀၁၃၉၄၀)ခု၊ စစ်ကိုင်းတိုင်းဒေသကြီးအတွက် Disaster Kit (၈၇)ပုံး၊ Emergency Light (၄၀၀)ခု၊ IEHK (၄၂)ပုံး၊ ကလိုရင်းဆေးမှုန့် (၃၁၅)ပုံး၊ ရေသန့်ဆေးပြား (၂၆၄၆၈၅)ခု၊ မကွေးတိုင်းဒေသကြီးအတွက် ရေသန့်ဆေးပြား (၂၉၀၀၀၀)ခု၊  ကလိုရင်းဆေးမှုန့် (၁၄၂)ပုံး၊ Disaster Kit (၁၅၀)ပုံး၊ IEHK (၄)ပုံး တို့ကို ပို့ဆောင်ခြင်း၊

ကနဦးကွင်းဆင်းစာရင်းကောက်ယူမှုအနေဖြင့်  ရခိုင်ပြည်နယ်တွင် (၁၇)ဖွဲ့၊ ဧရာဝတီတိုင်းဒေသကြီးတွင် (၁)ဖွဲ့နှင့် မကွေးတိုင်းဒေသကြီးတွင် (၁)ဖွဲ့ဆောင်ရွက်လျက်ရှိပါသည်။

 

ဘေးဒဏ်ခံစားရမှုအခြေအနေဖြင့်

 

သေဆုံး  -  ၁၄၅ ဦး

 

ဒဏ်ရာရ  -  ၇၀ ဦး

 

နေအိမ်ပျက်စီး  -  ၂၂၀၆၇၇ လုံး

 

စာသင်ကျောင်း  -  ၁၈၀၅ လုံး

 

ဘာသာရေး အဆောက်အဦ  -  ၂၅၅ လုံး

 

ဆေးရုံ/ဆေးခန်း  -  ၂၉၄ ခု

 

တိရစ္ဆာန်သေဆုံး  − ၃၁၄၄၄ ကောင်

 

လမ်း၊တံတား၊အဆောက်အဦပျက်စီးဆုံးရှုံးမှုအနေဖြင့် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ဆုံးရှုံးမှုတန်ဖိုးကျပ် (၅၅၉၈.၃၈၇)သန်း ဖြစ်ပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း အာဆီယံမိသားစု ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်ဆိုင်ရာညီလာခံနှင့် အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် Keynote Address ပြောကြားခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနငှက်အော်စမ်းလူငယ်သင်တန်းကျောင်းသို့သွားရောက်ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့် သင်တန်း ကျောင်းများနှင့် ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ သင်တန်းကျောင်းများသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသက်ကြီးစောင့်ရှောက်ရေးဂေဟာ (ထောက်ကြန့်) သို့ ကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်း ရှမ်းပြည်နယ်၊ ‌ညောင်ရွှေမြို့နယ်ရှိ အသင့်တပ်ဆင်စာသင်ကျောင်းများ ဆောက်လုပ်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခြင်းနှင့် ဖယ်ခုံမြို့နယ်နှင့် မိုးဗြဲမြို့နယ်တို့မှ နေရပ်ပြန်ပြည်သူများအားထောက်ပံ့ပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန်းစိုးနေပြည်တော်ကောင်စီနယ်မြေပျဉ်းမနားမြို့နယ်၊ တောင်သာအုပ်စု၊သူဌေးကုန်းကျေးရွာမီးဘေးကြောင့်ထိခိုက်ပျက်စီးနေအိမ်များအားကွင်းဆင်းထောက်ပံ့
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဆရာဖြစ်သင်တန်း(တတိယအကြိမ်)အား ကြည့်ရှုအားပေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်းနှင့်ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းတို့ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက် မြို့နယ်၊ ဇီးကုန်းမြို့နယ်များအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးနေအိမ်များအား ကွင်းဆင်းကြည့်ရှုထောက်ပံ့ပေးအပ်
အိန္ဒိယသမ္မတနိုင်ငံအစိုးရနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပခြင်း

MOS

DSW

DDM

DOR