ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

နိုင်ငံတော်အကြီးအကဲ၏လမ်းညွှန်ချက်အရလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဗိုလ်ချုပ်ဖြိုးသန့်၊ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်တို့ လိုက်ပါ၍ ညောင်ရွှေမြို့ မင်္ဂလာရပ်ကွက်ရှိ ဘုရားကျိန်းကျောင်းတွင် ယာယီခိုလှုံနေကြသော  တိုက်ပွဲရှောင်ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားများပြောကြားခဲ့ကြပါသည်။ တွေ့ဆုံပွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ထောက်ပံ့သော Smart အထည်ချုပ်စက်ရုံမှ ထုတ်လုပ်သော ကျား/ မအင်္ကျီများ၊ ကိုယ်တိုက်ဆပ်ပြာများ၊ တိုက်ပွဲရှောင်ပြည်သူများအနက်မှ အသက် ၇၀ နှစ် နှင့်အထက် သက်ကြီးသူများ၊ မသန်စွမ်းသူများ၊ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက် ၅ နှစ်အောက် ကလေးများအား လူမှုရေးအထောက်အပံ့အဖြစ် ထောက်ပံ့ငွေများ၊ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့က ထောက်ပံ့သော ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ခေါက်ဆွဲခြောက်၊ ကြက်ဥ၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ ထောက်ပံ့ငွေ တို့ကို လူဦးရေအလိုက်၊အိမ်ထောင်စုအလိုက် ထောက်ပံ့ပေးအပ်ခဲ့ကြပြီး တိုက်ပွဲရှောင်ပြည်သူများ၏ လိုအပ်ချက်များ၊ တင်ပြချက်များကို ပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီးများတို့သည် ညောင်ရွှေမြို့ ရန်ကုန်ဘုန်းကြီးကျောင်းရှိ သံဃာတော်များအားလှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်း ပြီး ယာယီခိုလှုံရာစခန်းတွင်ရောက်ရှိခိုလှုံနေကြသည့် တိုက်ပွဲရှောင်ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ နယ်စပ်‌ရေးရာ ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့မှ ထောက်ပံ့သော အဝတ်အထည်များ၊ ကိုယ်တိုက်ဆပ်ပြာ၊ လူမှုရေးထောာက်ပံ့ငွေ၊ စားနပ်ရိက္ခာတို့ကိုထောက်ပံ့ပြီး လိုအပ်သည်များ မေးမြန်း ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီးများသည် ညောင်ရွှေမြို့ မဟာရန်အောင်ဘုရားတွင်  ဖွင့်လှစ်ထားသည့် ယာယီခိုလှုံရာစခန်းတွင် ရောက်ရှိခိုလှုံနေကြသည့် တိုက်ပွဲရှောင်ပြည်သူများအား ဝန်ကြီးဌာန၊ အဖွဲ့အစည်းအလိုက် ပေးအပ်ထောက်ပံ့ပြီး တိုက်ပွဲရှောင် ပြည်သူများကို နွေးထွေးရင်းနှီးစွာ တွေ့ဆုံအားပေးစကား ပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီးများတို့သည် ကလောမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု(၃၆၇)စု၊ လူဦးရေ(၂၂၁၈)ဦး၊ ညောင်ရွှေမြို့နယ် အတွင်းရှိ တိုက်ပွဲရှောင်အိမ်ထောင်စု(၄၄၄၀)စု၊ လူဦးရေ(၁၇၄၀၁)ဦး၊ ဖယ်ခုံမြို့နယ်ရှိ အိမ်ထောင်စု (၁၄၁၈)စု၊ လူဦးရေ(၂၂၂၇)ဦး စုစုပေါင်းအိမ်ထောင်စု(၅၂၄၂)စု၊ လူဦးရေ(၂၁၈၄၆)ဦးတို့အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ငွေကျပ်(၂၈၆,၁၈၂,၆၀ဝိ/-)တန်ဖိုးရှိ Smart ရှပ်အင်္ကျီ(၂၁၈၄၆)ထည်နှင့် ဆပ်ပြာခဲ(၂၁၈၄၆)ခဲ၊ ထိခိုက်လွယ်လူဦးရေ(၂၅၆၆)ဦးအတွက်လူမှုထောက်ပံ့ကြေး(၇၆,၉၈၀,၀၀ဝိ/-)၊  နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ မှ     အိမ်ထောင်စု(၅၂၄၂)စု၊  လူဦးရေ (၂၁၈၄၆)    ဦးတို့အားငွေကျပ်

(၁၅၅,၈၁၈,၄၅ဝိ/-)တန်ဖိုးရှိ ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ခေါက်ဆွဲခြောက်၊ ကြက်ဉ၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ ထောက်ပံ့ငွေ ကျပ်သိန်း ၃၀ စုစုပေါင်း ထောက်ပံ့မှုတန်ဖိုး ကျပ် ၅၂၂၀၀ သိန်းခန့် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း အာဆီယံမိသားစု ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်ဆိုင်ရာညီလာခံနှင့် အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် Keynote Address ပြောကြားခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနငှက်အော်စမ်းလူငယ်သင်တန်းကျောင်းသို့သွားရောက်ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့် သင်တန်း ကျောင်းများနှင့် ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ သင်တန်းကျောင်းများသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသက်ကြီးစောင့်ရှောက်ရေးဂေဟာ (ထောက်ကြန့်) သို့ ကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်း ရှမ်းပြည်နယ်၊ ‌ညောင်ရွှေမြို့နယ်ရှိ အသင့်တပ်ဆင်စာသင်ကျောင်းများ ဆောက်လုပ်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခြင်းနှင့် ဖယ်ခုံမြို့နယ်နှင့် မိုးဗြဲမြို့နယ်တို့မှ နေရပ်ပြန်ပြည်သူများအားထောက်ပံ့ပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန်းစိုးနေပြည်တော်ကောင်စီနယ်မြေပျဉ်းမနားမြို့နယ်၊ တောင်သာအုပ်စု၊သူဌေးကုန်းကျေးရွာမီးဘေးကြောင့်ထိခိုက်ပျက်စီးနေအိမ်များအားကွင်းဆင်းထောက်ပံ့
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဆရာဖြစ်သင်တန်း(တတိယအကြိမ်)အား ကြည့်ရှုအားပေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်းနှင့်ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းတို့ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက် မြို့နယ်၊ ဇီးကုန်းမြို့နယ်များအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးနေအိမ်များအား ကွင်းဆင်းကြည့်ရှုထောက်ပံ့ပေးအပ်
အိန္ဒိယသမ္မတနိုင်ငံအစိုးရနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပခြင်း

MOS

DSW

DDM

DOR