ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ယနေ့နံနက်ပိုင်းတွင် ကလောမြို့သို့ရောက်ရှိကာ  ကလောချောင်းမြေထိန်းနံရံလုပ်ငန်း ဆောင်ရွက်ထားရှိမှု၊ လူကူကြိုးတံတားဆောက်လုပ်မည့်နေရာနှင့် ကလောဘူတာရုံ ပြုပြင်ဆောင်ရွက်နေမှု၊ ကလောချောင်းတလျှောက် သဲနှုန်းတူးဖော်နေမှုအခြေအနေများကို ကြည့်ရှု ကာ ကလောမြို့သန့်ရှင်းသာယာလှပရေး၊ ရေကြီးရေလျှံမှုများမဖြစ်ပေါ်စေရေးအတွက် ရေစီးရေလာ ကောင်းမွန်ရေးလုပ်ငန်းများကို မပြတ်ဆောင်ရွက်ရန်နှင့် မြို့နေပြည်သူလူထုများက အစဉ်တစိုက် ပူးပေါင်းပါဝင်လုပ်ဆောင်ရေး စည်းရုံးဆောင်ရွက်ကြရန် မှာကြားပြီးအောင်ပန်းမြို့ အ.မ.က(၈)တွင် AHA Center ၏ ပေါင်းစပ်ညှိနှိုင်းမှုဖြင့် အာဆီယံက လှူဒါန်းထားသော Prefabricated ကျောင်းဆောင် ဆောက်လုပ်ပြီးစီးမှုနှင့် ကျောင်းသားကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင် ကြားနေမှုအခြေအနေများကို ကြည့်ရှုအားပေးပါသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင် နှင့်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ညောင်ရွှေမြို့နယ် အ.ထ.က ခွဲ(ကေလာ)တွင်ယာယီကျောင်းဆောင်ဆောက်လုပ်နေမှုနှင့် ကျောင်းသား၊ကျောင်းသူများ ပညာသင်ကြားနေမှု များကို ကြည့်ရှု့အားပေးခဲ့ပါသည်။

ထို့နောက်နိုင်ငံတော်အကြီးအကဲ၏လမ်းညွှန်ချက်အရ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရံပုံငွေဖြင့် ဆောင်ရွက်လျှက်ရှိသောမန္တလေးငလျင်ကြီးကြောင့်ထိခိုက်ခဲ့သည့် အင်းလေးဖောင်တော်ဦးဘုရား ပြန်လည်ပြုပြင် တည်ဆောက်နေမှုအခြေအနေများကို ကြည့်ရှု့ စစ်ဆေးကာ ဘုရားကြီးအတွက် အလှူငွေများပေးအပ်လှူဒါန်းခဲ့ပြီး  လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ 



နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိဦးစီးဌာနများ၏လုပ်ငန်းဆောင်ရွက်ချက်များကြည့်ရှုစစ်ဆေးခြင်းနှင့်ဦးစီးဌာနအရာထမ်း၊အမှုထမ်းများနှင့်တွေ့ဆုံခြင်း
“လူကုန်ကူးမှုများနှင့်ပတ်သက်သည့် တရားစီရင်ရေးလုပ်ငန်းစဉ်များနှင့် တရားစီရင်ရေးလုပ်ငန်းစဉ် အတွင်း လူကုန်ကူးခံရသူများအား အကာအကွယ်ပေးခြင်းဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း” ဖွင့်ပွဲ အခမ်းအနားကျင်းပ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ လယ်ဝေးမြို့နယ်အတွင်းရှိ အသင့်တပ်ဆင်ကျေးလက်ကျန်းမာရေးဆေးခန်း အဆောက်အဦနှင့် စာသင်ဆောင် ဆောက်လုပ်ထားရှိမှုအား ကြည့်ရှုစစ်ဆေး
“ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေးဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ရေး(TOT)သင်တန်း”ဖွင့်ပွဲအခမ်းအနားကျင်းပ

MOS

DSW

DDM

DOR