ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

(၃၆)နှစ်မြောက်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကုလသမဂ္ဂသဘောတူစာချုပ်အထိမ်းအမှတ် (ကမ္ဘာ့ကလေးများနေ့)အခမ်းအနားကို (၂၀-၁၁-၂၀၂၅)ရက်နေ့၊မွန်းလွဲပိုင်းတွင်လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။

အခမ်းအနားသို့ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ၊မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်၊အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီဝင်များ၊ အစိုးရမဟုတ်သောနိုင်ငံတကာအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ပြည်တွင်းလူမှု ရေးအဖွဲ့အစည်းများမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

          ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ၁၉၈၉ ခုနှစ်၊ နိုဝင်ဘာလ(၂၀)ရက်နေ့တွင် ကျင်းပခဲ့သည့် (၄၄)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံက ကမ္ဘာတစ်ဝှမ်းလုံးရှိကလေးသူငယ်များကို ကာကွယ်စောင့်ရှောက်မှုရရှိစေရန်နှင့်အခွင့်အရေးများကို ဖော်ထုတ်မြှင့်တင်ပေးရန်အတွက်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကုလသမဂ္ဂသဘောတူစာချုပ်ကို အတည်ပြုပြဋ္ဌာန်းခဲ့ပါကြောင်း၊နိုဝင်ဘာလ(၂၀)ရက်နေ့ကိုလည်း ကုလသမဂ္ဂအဖွဲ့ကြီးက ကမ္ဘာ့ကလေးများနေ့ဟု ဂုဏ်ပြုသတ်မှတ်ခဲ့ပြီးနှစ်စဉ်ကျင်းပခဲ့သည်မှာ (၃၆)နှစ် ရှိပြီဖြစ်ပါကြောင်း၊ကလေးသူငယ်အခွင့်အရေးများဆိုင်ရာလုပ်ငန်းရပ်များကို ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်ရန် အမျိုးသားကော်မတီ၊လုပ်ငန်းကော်မတီနှင့် ဒေသဆိုင်ရာကော်မတီအဆင့်ဆင့်ကိုလည်းဖွဲ့စည်းထားရှိပြီးဖြစ်ပါကြောင်း၊ရှေးဦးအရွယ်ကလေးသူငယ်ဖွံ့ဖြိုးရေးနည်းစနစ်များနှင့်အညီ ကလေးသူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက်ဆောင်ရွက်လျက်ရှိရာတွင်လူမှုဝန်ထမ်းဦးစီးဌာနမှ မူလတန်းကြိုကျောင်း(၁၄၁)ကျောင်းအား ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည့်အပြင် ကိုယ်အားကိုယ်ကိုးမူလတန်းကြိုကျောင်း(၁,၂၃၃)ကျောင်းအားအသိအမှတ်ပြုပြီး၊ ယခုဘဏ္ဍာရေးနှစ်အတွင်း ကျပ်(၁,၃၀၆.၉၈၀/-သန်း) ကို ထောက်ပံ့ခဲ့ပါကြောင်း၊ ပုဂ္ဂလိကမူလတန်းကြိုကျောင်း (၁,၁၄၀)ကျောင်းအား တည်ထောင်ခွင့်ပြုမိန့်များထုတ်ပေးပြီး နည်းပညာများပံ့ပိုး၍ ကြီးကြပ်ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ဒါ့အပြင် မူကြိုကျောင်းဖွင့်လှစ်နိုင်ခြင်းမရှိသောဒေသများတွင် မိခင်ဝိုင်းများအားဖွင့်လှစ်နိုင်ရေးအသိပညာပေးခြင်း၊ နည်းပညာပံ့ပိုးပေးခြင်းဆောင်ရွက်လျက်ရှိပြီးမိခင်ဝိုင်း (၃၄၆)ဝိုင်းကို ထောက်ပံ့ငွေ ကျပ်၂၀၁သန်း ထောက်ပံပေးခြင်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ဝန်ကြီးဌာနများတွင်လည်း အသက် ၆လမှ ၃နှစ်အရွယ်ကလေးများအတွက်နေ့ကလေးထိန်းဌာနများဖွင့်လှစ်နိုင်ရေးနည်းပညာပံ့ပိုးပေးလျက်ရှိပြီး နေ့ကလေးထိန်းကျောင်း(၁၄)ကျောင်းဖွင့်လှစ်နိုင်ခဲ့ခြင်း၊ ရပ်ရွာအတွင်းကာကွယ်စောင့်ရှောက်ရန်လိုအပ်သော ကလေးသူငယ်များအတွက် ပရဟိတဂေဟာများ တည်ထောင်ခွင့်ပြုမိန့်မှတ်ပုံတင်ထုတ်ပေးခြင်း၊နည်းပညာပံ့ပိုးပေးခြင်းနှင့် ယခု ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ထောက်ပံ့ကြေးကျပ်၁,၆၄၅.၁၀၄/-သန်းထောက်ပံ့ပေးခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းတစ်ရပ်ဖြစ် သည့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသည့် အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်းအစီအစဉ်(Maternal and Child Cash Transfer Program-MCCT)ကိုလည်း မြန်မာ့စီးပွားရေးဘဏ်ခွဲများမှတစ်ဆင့်ထောက်ပံ့ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးကချမှတ်ထားသော ယခုနှစ်ကမ္ဘာ့ကလေးများနေ့ဆောင်ပုဒ်မှာ“Listen to Children:my day, my rights” “နေ့စဉ်အခွင့်အရေးများမြှင့်တင်ရေး၊ ကလေးများအသံ နားထောင်ပေး"ဖြစ်ပါကြောင်း၊ကလေးများအတွက်ဆောင်ရွက်ပေးသည့် လုပ်ငန်းများတွင်ကလေးများ၏စိတ်ကူး၊ ဆန္ဒနှင့် လိုအပ်ချက်များကိုထည့်သွင်းစဉ်းစားဆောင်ရွက်ပေးရန်လိုအပ်သကဲ့သို့ကလေးသူငယ်တိုင်း၏အနာဂတ်နှင့် ကောင်းမွန်လှပသည့် နေ့စဉ်ဘဝတွင်ကလေးအခွင့်အရေးများကို အပြည့်အဝရရှိခံစားရင်း လူကြီးဘဝကိုအေးချမ်းပျော်ရွှင်စွာရောက်ရှိလာအောင်လည်း ဖော်ဆောင်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအသီးသီးမှ ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်မှု မှတ်တမ်းဗီဒီယိုပြသခဲ့ပါသည်။၎င်းနောက် ကလေးများက သရုပ်ဖော်အကများဖြင့်တင်ဆက်ကပြခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးမှ အမှတ်တရလက်ဆောင်များနှင့် ချီးမြှင့်ငွေများပေးအပ်၍ အခမ်းအနားကို  ရုပ်သိမ်းခဲ့ပါကြောင်း သတင်းရရှိပါသည်။

 

 

 

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း အာဆီယံမိသားစု ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်ဆိုင်ရာညီလာခံနှင့် အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် Keynote Address ပြောကြားခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနငှက်အော်စမ်းလူငယ်သင်တန်းကျောင်းသို့သွားရောက်ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့် သင်တန်း ကျောင်းများနှင့် ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ သင်တန်းကျောင်းများသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသက်ကြီးစောင့်ရှောက်ရေးဂေဟာ (ထောက်ကြန့်) သို့ ကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်း ရှမ်းပြည်နယ်၊ ‌ညောင်ရွှေမြို့နယ်ရှိ အသင့်တပ်ဆင်စာသင်ကျောင်းများ ဆောက်လုပ်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခြင်းနှင့် ဖယ်ခုံမြို့နယ်နှင့် မိုးဗြဲမြို့နယ်တို့မှ နေရပ်ပြန်ပြည်သူများအားထောက်ပံ့ပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန်းစိုးနေပြည်တော်ကောင်စီနယ်မြေပျဉ်းမနားမြို့နယ်၊ တောင်သာအုပ်စု၊သူဌေးကုန်းကျေးရွာမီးဘေးကြောင့်ထိခိုက်ပျက်စီးနေအိမ်များအားကွင်းဆင်းထောက်ပံ့
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဆရာဖြစ်သင်တန်း(တတိယအကြိမ်)အား ကြည့်ရှုအားပေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်းနှင့်ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းတို့ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက် မြို့နယ်၊ ဇီးကုန်းမြို့နယ်များအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးနေအိမ်များအား ကွင်းဆင်းကြည့်ရှုထောက်ပံ့ပေးအပ်
အိန္ဒိယသမ္မတနိုင်ငံအစိုးရနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပခြင်း

MOS

DSW

DDM

DOR